သူသည်လာ၍ ထိုစပျစ်ခြံလုပ်သားတို့အား သုတ်သင်ဖယ်ရှားပြီးမှ ထိုစပျစ်ခြံကို အခြားသူတို့အား ပေးလိမ့်မည်” ဟူ၍ ဖြစ်၏။ ထိုအရာကို ပရိသတ်တို့သည် ကြားသောအခါ “ထိုကဲ့သို့ မဖြစ်ပါစေနှင့်” ဟု ပြောဆိုကြ၏။
ရောမ 11:11 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သို့ဖြစ်လျှင် ဘုရားသခင်၏ လူမျိုးတော်တို့သည် တိုက်မိ၍ လဲပြီလောဟု မေးသော် ထိုသို့မလဲကြ။ အစ္စရေးလူမျိုးတို့ မနာခံသောကြောင့် ဘုရားသခင်သည် ကယ်တင်ခြင်းကို လူမျိုးခြားတို့အား ပေးတော်မူ၏။ ထိုသို့ပြုတော်မူသည်မှာ မိမိလူမျိုးဖြစ်သော အစ္စရေးလူမျိုးတို့၌ သဝန်တိုစိတ်ရှိလာစေရန် ဖြစ်၏။ Common Language Bible သို့ဖြစ်၍ယုဒအမျိုးသားတို့သည်ခလုတ် တိုက်၍လဲပြီလောဟုမေးသော် အဘယ်နည်း နှင့်မျှလဲ၍မနေရပါ။ သူတို့အပြစ်ကူး ခြင်းကြောင့်လူမျိုးခြားတို့သည်ကယ်တင်ခြင်း ကိုရရှိလာကြသဖြင့် ယုဒအမျိုးသား တို့သည်လူမျိုးခြားတို့အားမနာလိုစိတ် ရှိလာကြသည်။- Garrad Bible သို့ ဖြစ် လျှင် ခ လုတ် တိုက်၍ ကျ ဆုံး ကြ သ လော ဟု ငါ မေး အံ့။ ထို သို့ မ ဖြစ် စေ ရာ။ သူ တို့ လဲ ပြို ခြင်း ကြောင့် လူ မျိုး ခြား တို့၌ ကယ် တင် ခြင်း သက် ရောက် သ ဖြင့် အား ကျ သော သ ဘော ကို ရ ကောင်း ရ ကြ လိမ့် မည်။ Judson Bible သို့ဖြစ်လျှင်၊ ဣသရေလလူတို့သည် လဲ၍ နေရသည်တိုင်အောင် ထိမိကြပြီလောဟု မေးသော်၊ လဲ၍မနေရကြ။ သူတို့၏စိတ်ကို နှိုးဆော်စရာအကြောင်း ရှိစေခြင်းငှာ၊ သူတို့၏လဲခြင်းအားဖြင့် ကယ်တင်တော်မူခြင်း ကျေးဇူးသည် တစ်ပါးအမျိုးသားတို့၌ သက်ရောက်လေ၏။- မြန်မာ့စံမီသမ္မာကျမ်း သို့ဖြစ်လျှင် သူတို့ခလုတ်တိုက်ကြသည်မှာ သူတို့လဲကျစေရန်လောဟု ငါမေး၏။ လုံးဝမဟုတ်ပေ။ အမှန်အားဖြင့် သူတို့ကျူးလွန်သောအပြစ်ကြောင့် လူမျိုးခြားတို့ထံ ကယ်တင်ခြင်းကျေးဇူးသက်ရောက်၍ ဤအမှုအားဖြင့် အစ္စရေးလူမျိုးတို့၌ မနာလိုစိတ်ဖြစ်ပေါ်စေရန်ဖြစ်၏။ |
သူသည်လာ၍ ထိုစပျစ်ခြံလုပ်သားတို့အား သုတ်သင်ဖယ်ရှားပြီးမှ ထိုစပျစ်ခြံကို အခြားသူတို့အား ပေးလိမ့်မည်” ဟူ၍ ဖြစ်၏။ ထိုအရာကို ပရိသတ်တို့သည် ကြားသောအခါ “ထိုကဲ့သို့ မဖြစ်ပါစေနှင့်” ဟု ပြောဆိုကြ၏။
ပေါလုနှင့် ဗာနဗတို့သည် ထိုဝတ်ပြုဆောင်မှ ထွက်ခွာကြစဉ် လူများက ဤအကြောင်းအရာများကို နောက်ဥပုသ်နေ့တွင် ထပ်မံဟောပြောရန် သူတို့အားတောင်းဆိုကြ၏။
ဂျူးတို့သည် သူ့ကို ဆန့်ကျင်၍ ရှုတ်ချပြောဆိုကြသောအခါ ပေါလုသည် မိမိအဝတ်ပေါ်မှ ဖုန်မှုန့်ကို ခါချ၍ “သင်တို့၏အပြုအမှုအတွက် သင်တို့ပင် တာဝန်ခံရမည်။ ငါသည် ထိုအရာနှင့်ကင်းရှင်းပါ၏။ ယခုမှစ၍ လူမျိုးခြားတို့ထံ သွားမည်” ဟု ပြောလေ၏။
အစ္စရေးလူမျိုးတို့သည် အမှန်ပင်မသိကြသလောဟု ကျွန်ုပ် ထပ်မံ၍ မေးလို၏။ အမှန်ပင် သိကြ၏။ အဘယ်ကြောင့်ဆိုသော် မောရှေခေတ်ကာလ၌ ဘုရားသခင်က “ငါသည် လူမျိုးစုပင်မဟုတ်သော လူတို့အားဖြင့် သင်တို့၌ မနာလိုစိတ်ဖြစ်ပေါ်စေမည်။ ပညာမဲ့သော လူမျိုးခြားများအားဖြင့်လည်း သင်တို့ကို ဒေါသထွက်စေမည်” ဟု မိန့်တော်မူသောကြောင့် ဖြစ်၏။
သို့ဖြစ်လျှင် ကျွန်ုပ်မေးလိုသည်မှာ ဘုရားသခင်သည် မိမိလူမျိုးတော်ကို စွန့်ပယ်တော်မူပြီလော။ စွန့်ပယ်တော်မမူ။ ကျွန်ုပ်ကိုယ်တိုင်ပင် အစ္စရေးလူမျိုး၊ အာဗြဟံမျိုးဆက်၊ ဗင်္ယာမိန်အနွယ်ဖြစ်၏။
အစ္စရေးလူမျိုးတို့၏ မနာခံခြင်းသည် လောကီသားတို့၏ ကြွယ်ဝခြင်းကိုလည်းကောင်း၊ အစ္စရေးလူမျိုးတို့၏ ဆုံးရှုံးခြင်းသည် လူမျိုးခြားတို့၏ ကြွယ်ဝခြင်းကိုလည်းကောင်း ဖြစ်စေလျှင် ဘုရားသခင်၏ ကယ်တင်ခြင်းကို သူတို့လက်ခံသောအခါ မည်မျှကြီးသော ကြွယ်ဝမှုကို ဖြစ်စေမည်နည်း။
သင်တို့ရရှိသည့် အကျိုးအားဖြင့် ကျွန်ုပ်၏ လူမျိုးတို့ကို သဝန်တိုစိတ်ဖြစ်စေ၍ သူတို့အထဲမှ တချို့ကို ကယ်တင်ရန် ဆန္ဒရှိ၏။
ယခုအခါ သူတို့သည် မနာခံသောသူများဖြစ်ကာ ဘုရားသခင်၏သနားကြင်နာခြင်းသည် သင်တို့ထံ ရောက်လာခြင်းအားဖြင့် သူတို့သည်လည်း ထိုသနားကြင်နာခြင်းကို မျှဝေခံယူကြရန် ဖြစ်၏။