တမန်တော်ဝတ္ထု 13:42 - ခေတ်သစ်မြန်မာ သမ္မာကျမ်း42 ပေါလုနှင့် ဗာနဗတို့သည် ထိုဝတ်ပြုဆောင်မှ ထွက်ခွာကြစဉ် လူများက ဤအကြောင်းအရာများကို နောက်ဥပုသ်နေ့တွင် ထပ်မံဟောပြောရန် သူတို့အားတောင်းဆိုကြ၏။ အခန်းကိုကြည့်ပါ။Common Language Bible42 တရားဇရပ်မှပေါလုနှင့်ဗာနဗတို့ထွက်ခွာ လာကြစဉ် လူတို့ကမိမိတို့အားနောက်လာ မည့်ဥပုသ်နေ့၌ ဤအကြောင်းအရာများကို တစ်ဖန်ဟောပြောရန်တောင်းပန်ကြ၏။- အခန်းကိုကြည့်ပါ။Garrad Bible42 ပေါ လု နှင့် ဗာ န ဗ ထွက် သွား ကြ စဉ် နောက် ဥ ပုသ် နေ့ တွင် ထို ဒေ သ နာ ကို ထပ် ဟော စေ ရန် တောင်း ပန် ကြ သည့် ပြင်၊ အခန်းကိုကြည့်ပါ။Judson Bible42 လူများတို့သည် တရားဇရပ်မှ ထွက်သွားကြစဉ်၊ ထိုအကြောင်းအရာတို့ကို မိမိတို့အား နောက်ဥပုသ်နေ့၌ ဟောပြောပါမည်အကြောင်း တောင်းပန်ကြ၏။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း42 ပေါလုနှင့်ဗာနဗတို့ ထွက်ခွာလာကြစဉ် လူတို့က လာမည့်ဥပုသ်နေ့၌လည်း ဤအကြောင်းအရာများကို မိမိတို့အား ဟောပြောပါရန်တောင်းပန်ကြ၏။ အခန်းကိုကြည့်ပါ။ |
ယေရှုက “အို ခေါရာဇိန်မြို့… သင်သည် အမင်္ဂလာရှိ၏။ အို ဗက်ဇဲဒမြို့… သင်သည် အမင်္ဂလာရှိ၏။ ငါသည် သင်တို့တွင် ပြခဲ့သော အံ့ဖွယ်တန်ခိုးတို့ကို တိုင်ရာမြို့နှင့် ဆီဒုန်မြို့တွင် ပြခဲ့လျှင် ထိုမြို့တို့၌ ရှိသောသူတို့သည် လျှော်ထည်ကြမ်းကို ဝတ်၍ ပြာထဲတွင် ထိုင်လျက် ယခင်ကတည်းကပင် မိမိတို့၏ အပြစ်များအတွက် နောင်တရခဲ့ပြီးဖြစ်လိမ့်မည်။