သို့ဖြစ်၍ သင်တို့သည် သင်တို့၏ဘိုးဘေးများပြုသောအမှုများကို သဘောတူထောက်ခံ၍ ထိုအမှုတို့၏သက်သေများလည်း ဖြစ်ကြ၏။ အဘယ်ကြောင့်ဆိုသော် ထိုဘိုးဘေးများသည် ပရောဖက်များကို သတ်၍ သင်တို့က အုတ်ဂူများတည်ကြသောကြောင့်ဖြစ်၏။
ရောမ 1:32 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုသို့ပြုကျင့်သောသူတို့သည် သေဒဏ်ခံထိုက်သည်ဟု ဘုရားသခင်သတ်မှတ်ပြဋ္ဌာန်းထားကြောင်းကို သိလျက်နှင့်ပင် မိမိတို့ကိုယ်တိုင်ပြုကျင့်သည်သာမက ထိုသို့ပြုကျင့်သောအခြားသူတို့ကိုလည်း အားပေးအားမြှောက်ပြုကြသေး၏။ Common Language Bible ဤသို့သောအကျင့်ရှိသူတို့သည်သေဒဏ်ခံ ထိုက်သည်ဟု ဘုရားသခင်ပြဋ္ဌာန်းချက်ကိုထို သူတို့သိလျက်ပင် မိမိတို့ကိုယ်တိုင်ဤအမှု များကိုဆက်လက်၍ပြုကျင့်ကြသည်သာ မက၊ ဤသို့ပြုကျင့်ကြသူများကိုလည်း အားပေးအားမြှောက်ပြုကြသည်တကား။ Garrad Bible ထို သို့ ပြု ကျင့် သူ တိုင်း သေ ဒဏ် ခံ ထိုက် သည် ဟု ဘု ရား သ ခင် ပြ ဌာန်း ချက် ကို သိ လျက် ပင် ကိုယ် တိုင် ပြု သည် သာ မ က ပြု ကျင့် တတ် သူ တို့ ကို လည်း သ ဘော ကျ သူ များ ဖြစ် ကြ သည် တ ကား။ Judson Bible ထိုသို့ ကျင့်သောသူတို့သည် သေပြစ်ကိုခံထိုက်သည်ဟု ဘုရားသခင်စီရင်တော်မူကြောင်းကို ထိုသူတို့သည် သိလျက်ပင် ကိုယ်တိုင်ကျင့်သည်သာမက၊ ထိုသို့ကျင့်သောသူတို့၌ အားရဝမ်းမြောက်ကြ၏။ မြန်မာ့စံမီသမ္မာကျမ်း ဤအရာများကိုပြုကျင့်သောသူတို့သည် သေဒဏ်ခံထိုက်၏ဟူသောဘုရားသခင်၏ပြဋ္ဌာန်းချက်ကို သူတို့သိလျက်နှင့်ပင် သူတို့ကိုယ်တိုင်ပြုကြသည်သာမက ထိုသို့ပြုကျင့်သောသူများကိုလည်း သဘောတူထောက်ခံကြ၏။ |
သို့ဖြစ်၍ သင်တို့သည် သင်တို့၏ဘိုးဘေးများပြုသောအမှုများကို သဘောတူထောက်ခံ၍ ထိုအမှုတို့၏သက်သေများလည်း ဖြစ်ကြ၏။ အဘယ်ကြောင့်ဆိုသော် ထိုဘိုးဘေးများသည် ပရောဖက်များကို သတ်၍ သင်တို့က အုတ်ဂူများတည်ကြသောကြောင့်ဖြစ်၏။
အရှင်၏သက်သေခံဖြစ်သော သတေဖန်အသတ်ခံရစဉ်က အကျွန်ုပ်သည်လည်း အနီးတွင်ရပ်၍ အလိုတူအလိုပါဖြစ်ကာ သူ့ကိုသတ်သောသူတို့၏အဝတ်များကို စောင့်ကြည့်ခဲ့ပါ၏’ ဟု ပြန်လျှောက်၏။
သတေဖန်ကို သတ်သည့်အမှုတွင် ရှောလုသည်လည်း အလိုတူအလိုပါဖြစ်ခဲ့၏။ ထိုနေ့တွင် ဂျေရုဆလင်မြို့ရှိ အသင်းတော်အား ပြင်းထန်သောညှဉ်းပန်းနှိပ်စက်ခြင်းများ စတင်လာသဖြင့် တမန်တော်တို့မှလွဲ၍ ယုံကြည်သူများသည် ယုဒပြည်နှင့် ရှမာရိပြည်တစ်လျှောက်သို့ ကွဲလွင့်ပျံ့နှံ့သွားကြလေ၏။
ဘုရားသခင်သည် သမ္မာတရားကို မတရားမှုဖြင့် ဖုံးကွယ်တားဆီးကြသော ဘုရားတရားမဲ့သူများနှင့် ဆိုးယုတ်သူများအား မိမိ၏ အမျက်တော်ကို ကောင်းကင်ဘုံမှ ဖော်ပြတော်မူ၏။
သူတို့သည် ဘုရားသခင်အကြောင်းကို သိကြသော်လည်း ဘုရားအဖြစ် မကိုးကွယ်၊ ကျေးဇူးလည်းမတင်ကြ။ ထို့ပြင် သူတို့သည် ဘုရားသခင်အကြောင်းကို ပညာမဲ့စွာ တွေးခေါ်လာကြသဖြင့် သူတို့၏ အသိတရားမဲ့သောစိတ်နှလုံး၌ အမှောင်ဖုံးလေ၏။
ထိုစဉ်က ပြုကျင့်ခဲ့သောအရာမှ မည်သည့် အကျိုးကို ရသနည်း။ သင်တို့သည် ယခင်က ကျူးလွန်ခဲ့ဖူးသောအရာများအတွက် ယခုရှက်ကြောက်ရ၏။ ထိုအရာတို့သည် သေခြင်း၌ လမ်းဆုံး၏။
အပြစ်၏အဖိုးအခသည် သေခြင်းဖြစ်၏။ ဘုရားသခင် အခမဲ့ပေးတော်မူသောဆုကျေးဇူးမှာ ကျွန်ုပ်တို့၏သခင် ယေရှုခရစ်တော်အားဖြင့် ရရှိသောထာဝရအသက်ဖြစ်၏။
သို့ဖြစ်၍ သူတို့အားလုံးသည် သမ္မာတရားကို မယုံကြည်ဘဲ မတရားမှုကို နှစ်သက်သောကြောင့် ပြစ်ဒဏ်စီရင်တော်မူခြင်း ခံကြရလိမ့်မည်။