သင်တို့အား ငါအမှန်ဆို၏။ တရားစီရင်သောနေ့တွင် ထိုမြို့သည် ဆိုးသွမ်းသည့်သောဒုံမြို့နှင့် ဂေါမောရမြို့ထက် ပို၍အပြစ်ဒဏ်ခံရလိမ့်မည်။
ယုဒ 1:7 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုကဲ့သို့ပင် သောဒုံမြို့၊ ဂေါမောရမြို့နှင့် အနီးရှိ မြို့များမှ မြို့သူမြို့သားတို့သည် လိင်မှုကျူးလွန်၍ သဘာဝနှင့် ဆန့်ကျင်သောမေထုန်ကို ပြုကြသဖြင့် ထာဝရမီးဒဏ်ကို ခံရ၏။ ထို့ကြောင့် ထိုမြို့တို့သည် သင်ခန်းစာယူစရာဖြစ်လာကြ၏။ Common Language Bible သောဒုံမြို့နှင့်ဂေါမောရမြို့တို့ကိုလည်း ကောင်း၊ ထိုမြို့များ၏ပတ်ဝန်းကျင်ရှိမြို့များ ကိုလည်းကောင်းသတိရကြလော့။ ထိုမြို့ တို့မှမြို့သူမြို့သားတို့သည်အဆိုပါ ကောင်းကင်တမန်များကဲ့သို့ ကာမဂုဏ် လိုက်စား၍သဘာဝနှင့်ဆန့်ကျင်သည့် အပျော်အပါးကိုလိုက်စားခဲ့ကြ၏။ လူ အပေါင်းတို့အားရှင်းလင်းပြတ်သားစွာ သတိပေးသည့်အနေဖြင့် သူတို့သည် ထာဝရတောက်လောင်သောမီးတွင်အပြစ် ဒဏ်ကိုခံရကြသည်။ Garrad Bible သော ဒုံ၊ ဂေါ မော ရ မြို့ မှ စ၍ ပတ် ဝန်း ကျင် ရှိ မြို့ ရွာ များ ကို လည်း ၎င်း တို့ နည်း တူ မ တ ရား မေ ထုန် ပြု ကျင့်၍ ဓ မ္မ တာ နှင့် ဆန့် ကျင် ကြ သော ကြောင့် ထာ ဝ ရ မီး ဒဏ် ခံ ရ သော ပုံ ထုံး အ ဖြစ် ထား တော် မူ ကြောင်း များ တည်း။ Judson Bible ထိုနည်းတူ၊ သောဒုံမြို့နှင့် ဂေါမောရမြို့မှစ၍ ပတ်ဝန်းကျင်၌ရှိသော မြို့တို့သည်၊ အထက်က ဆိုခဲ့ပြီးသော လူဆိုးကဲ့သို့ မတရားသော မေထုန်ကိုအလွန်ပြု၍ ကိုယ်ခင်ပွန်းမဟုတ်သော သူတို့နှင့် မှားယွင်းခြင်းအမှု၌ ကျင်လည်သောကြောင့်၊ ထာဝရမီးနှင့် ကျွမ်းလောင်ခြင်းဒဏ်ကို ခံရ၍ ပုံသက်သေထင်ရှားလျက် ရှိကြ၏။ မြန်မာ့စံမီသမ္မာကျမ်း ထိုကဲ့သို့ပင် သောဒုံမြို့၊ ဂေါမောရမြို့နှင့် ၎င်းတို့၏ပတ်ဝန်းကျင်မြို့များသည်လည်း ထိုသူတို့နည်းတူ တရားနှင့်မညီမေထုန်ပြုခြင်း၌ကျင်လည်၍ သဘာဝနှင့်ဆန့်ကျင်သော သွေးသားတပ်မက်ခြင်းအလိုသို့လိုက်ကြသဖြင့် ထာဝရမီးနှင့်ဆိုင်သော အပြစ်ဒဏ်ကိုခံရလျက် သင်ခန်းစာယူစရာဖြစ်လာကြ၏။ |
သင်တို့အား ငါအမှန်ဆို၏။ တရားစီရင်သောနေ့တွင် ထိုမြို့သည် ဆိုးသွမ်းသည့်သောဒုံမြို့နှင့် ဂေါမောရမြို့ထက် ပို၍အပြစ်ဒဏ်ခံရလိမ့်မည်။
တရားစီရင်သောနေ့တွင် သင်သည် သောဒုံမြို့ထက် ပို၍ အပြစ်ဒဏ်ခံရလိမ့်မည်ဟု ငါဆိုသည်” ဟု မိန့်တော်မူ၏။
ထို့နောက် ရှင်ဘုရင်က လက်ဝဲတော်ဘက်၌ ရှိသောသူတို့အား ‘ကျိန်ဆဲခြင်းခံရသောသူတို့… ငါ့ထံမှ ထွက်သွားကြလော့။ မာရ်နတ်နှင့် သူ၏ နတ်ဆိုးများအတွက် ပြင်ဆင်ထားသောထာဝရမီးထဲသို့ သွားကြလော့။
သို့သော် လောတသည် သောဒုံမြို့မှ ထွက်ခွာသည့် နေ့ရက်၌ ကောင်းကင်မှ ကန့်နှင့်ရောသောမိုးမီး ရွာကျသဖြင့် သူတို့အားလုံးသည် သေကျေပျက်စီးကြ၏။
မတရားပြုသောသူတို့သည် ဘုရားသခင်၏နိုင်ငံတော်ကို အမွေမခံရကြောင်း သင်တို့မသိကြသလော။ ယူဆမှုမလွဲကြနှင့်။ တရားနှင့်မညီသော မေထုန်ကို ပြုသူများ၊ ရုပ်တုကိုးကွယ်သူများ၊ အိမ်ထောင်ရေးဖောက်ပြန်သူများ၊ ယောက်ျားချင်းဆက်ဆံသူများ၊
ဆင်းရဲဒုက္ခရောက်နေသော သင်တို့နှင့်အတူ ကျွန်ုပ်တို့ကိုလည်း စိတ်သက်သာရာရစေတော်မူလိမ့်မည်။ သခင်ယေရှုသည် မီးလျှံကြားက တန်ခိုးကြီးသော ကောင်းကင်တမန်များခြံရံလျက် ကောင်းကင်ဘုံမှ ပေါ်ထွက်လာသောအခါ
ဘုရားသခင်ကို မသိသောသူတို့နှင့် ကျွန်ုပ်တို့သခင်ယေရှု၏ သတင်းကောင်းကို မလိုက်နာသောသူတို့ကို စီရင်တော်မူလိမ့်မည်။
လူများစွာတို့သည် ထိုသူတို့၏ ကိလေသာလွန်ကြူးခြင်းလမ်းစဉ်နောက်သို့ လိုက်ကြလိမ့်မည်။ ထိုဆရာအတုအယောင်များကြောင့် သမ္မာတရားလမ်းသည် စော်ကားပြောဆိုခံရလိမ့်မည်။
ထို့နောက် သောဒုံနှင့် ဂေါမောရမြို့တို့ကို ပြာကျသည့်တိုင် မီးရှို့လျက် ပြစ်ဒဏ်စီရင်တော်မူ၍ ဘုရားတရားမဲ့သောသူတို့ထံ ကျရောက်မည့်ဘေး၏ နမူနာအဖြစ် ဖော်ပြတော်မူ၏။
ဘုရားသခင်သည် ထိုနှုတ်ကပတ်တော်အားဖြင့် ယခုလက်ရှိ ကောင်းကင်နှင့် မြေကြီးကို မီးနှင့် တရားစီရင်မည့်နေ့တိုင်အောင် ဆက်လက်တည်ရှိစေတော်မူ၏။ ထိုနေ့၌ ကောင်းကင်နှင့် မြေကြီးသည် မီးနှင့် ဖျက်ဆီးခြင်းကို ခံရ၍ ဘုရားတရားမဲ့သောသူတို့သည်လည်း ဖျက်ဆီးခြင်းကို ခံရလိမ့်မည်။