သင်တို့အား ငါအမှန်ဆို၏။ တရားစီရင်သောနေ့တွင် ထိုမြို့သည် ဆိုးသွမ်းသည့်သောဒုံမြို့နှင့် ဂေါမောရမြို့ထက် ပို၍အပြစ်ဒဏ်ခံရလိမ့်မည်။
ယုဒ 1:6 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့ပြင် မိမိတို့ရရှိထားသည့်အခွင့်အာဏာနှင့် မတင်းတိမ်ဘဲ နေရင်းအရပ်ကို စွန့်ခွာသွားကြသော ကောင်းကင်တမန်များအား ကိုယ်တော်သည် တရားစီရင်တော်မူမည့်နေ့ရက်ကြီးအတွက် ထာဝရအချုပ်အနှောင်ဖြင့် အမှောင်ထဲ၌ သံကြိုးနှင့် ချည်နှောင်ကာ ထိန်းသိမ်းထားတော်မူ၏။ Common Language Bible မိမိတို့ရရှိထားသောအာဏာနှင့်မရောင့် ရဲဘဲ နေရင်းဌာနကိုစွန့်ခွာသွားကြသည့် ကောင်းကင်တမန်များအကြောင်းကိုလည်း သတိရကြလော့။ ဘုရားသခင်သည်မိမိ တရားစီရင်တော်မူရာနေ့ကြီး၌ သူတို့ အားအပြစ်ဒဏ်ပေးရန်မှောင်မိုက်ရာ အောက်အရပ်တွင်ထာဝရသံကြိုးများ ဖြင့်ချည်နှောင်၍ထားတော်မူ၏။- Garrad Bible ကိုယ့် အ ခွင့် အာ ဏာ ကို မ စောင့်၊ နေ ရာ ရင်း မှ စွန့် ခွာ သော စေ တ မန် တော် တို့ ကို စီ ရင် ဆုံး ဖြတ် ရာ နေ့ တော် ကြီး မ တိုင် မ ချင်း မှောင် မိုက် ထဲ တွင် ထာ ဝ ရ အ ချုပ် နှင့် နှောင် ထား တော် မူ ကြောင်း၊ Judson Bible ထိုမှတစ်ပါး၊ မိမိတို့အခွင့်အရာကို မစောင့်၊ မိမိတို့ နေရာအရပ်ကို စွန့်ပစ်သော ကောင်းကင်တမန်တို့ကို၊ ကြီးစွာသောနေ့၌ စစ်ကြောစီရင်ခြင်းအလိုငှာ၊ ထာဝရချည်နှောင်ခြင်းအားဖြင့် မှောင်မိုက်ထဲမှာ ချုပ်ထားတော်မူ၏။- မြန်မာ့စံမီသမ္မာကျမ်း ထို့ပြင် မိမိတို့၏မူလအခွင့်အာဏာကိုမထိန်းသိမ်းဘဲ မိမိတို့စံရာအရပ်ကို စွန့်ခွာသွားကြသည့် ကောင်းကင်တမန်များအား တရားစီရင်တော်မူရာနေ့ကြီးအတွက် ထာဝရအချုပ်အနှောင်အားဖြင့် မှောင်မည်းခြင်းအောက်၌ ထိန်းသိမ်းထားတော်မူ၏။ |
သင်တို့အား ငါအမှန်ဆို၏။ တရားစီရင်သောနေ့တွင် ထိုမြို့သည် ဆိုးသွမ်းသည့်သောဒုံမြို့နှင့် ဂေါမောရမြို့ထက် ပို၍အပြစ်ဒဏ်ခံရလိမ့်မည်။
ထို့နောက် ရှင်ဘုရင်က လက်ဝဲတော်ဘက်၌ ရှိသောသူတို့အား ‘ကျိန်ဆဲခြင်းခံရသောသူတို့… ငါ့ထံမှ ထွက်သွားကြလော့။ မာရ်နတ်နှင့် သူ၏ နတ်ဆိုးများအတွက် ပြင်ဆင်ထားသောထာဝရမီးထဲသို့ သွားကြလော့။
ထိုသူတို့က “ဘုရားသခင်၏သားတော်… ကိုယ်တော်သည် အကျွန်ုပ်တို့နှင့် မည်သို့ဆိုင်သနည်း။ ဘုရားသခင် သတ်မှတ်ထားတော်မူသော အချိန်မတိုင်မီ ကိုယ်တော်သည် အကျွန်ုပ်တို့ကို ညှဉ်းဆဲရန် ဤနေရာသို့ ကြွလာတော်မူသလော” ဟူ၍ ယေရှုကို အော်ဟစ်ပြောဆိုကြ၏။
သင်တို့၏ဖခင်သည် မာရ်နတ်ဖြစ်၏။ ထို့ကြောင့် သင်တို့သည် သင်တို့ဖခင်၏အလိုသို့ လိုက်တတ်ကြ၏။ မာရ်နတ်သည် အစဦးကပင် လူသတ်သမားဖြစ်၏။ သူ့အထဲတွင် သမ္မာတရားမရှိသောကြောင့် သမ္မာတရားကိုလည်း သူမုန်း၏။ သူသည် လိမ်လည်သောသူဖြစ်ပြီး လိမ်လည်ခြင်း၏ဖခင်လည်း ဖြစ်၏။ ထို့ကြောင့် သူလိမ်လည်ပြောဆိုခြင်းမှာ မိမိပင်ကိုစရိုက်အတိုင်း ပြောဆိုခြင်းဖြစ်၏။
ထိုသို့ သင်သည် ခေါင်းမာ၍ နောင်တရသောစိတ်မရှိ။ ထို့ကြောင့် ဘုရားသခင်၏ ဖြောင့်မတ်သော တရားစီရင်ခြင်း ထင်ရှားလာမည့်အချိန်ဖြစ်သည့် အမျက်တော်နေ့တွင် ပို၍ကြီးလေးသောပြစ်ဒဏ်ကို သင်ခံရလိမ့်မည်။
အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်တို့သည် အသွေးအသား ရှိသောသူတို့နှင့် ရင်ဆိုင်တိုက်ခိုက်နေကြသည် မဟုတ်။ ကောင်းကင်အရပ်ရှိ ဝိညာဉ်ဆိုးများ၊ အမှောင်လောကကို အစိုးရသောမင်းများ၊ အုပ်ချုပ်သူများ၊ အာဏာရှိသူများနှင့် ရင်ဆိုင်တိုက်ခိုက်နေကြခြင်း ဖြစ်၏။
ဘုရားသခင်၏ တရားစီရင်ခြင်းကိုလည်းကောင်း၊ ရန်သူများကို လောင်စေမည့်ပြင်းထန်သောမီးကိုလည်းကောင်း ကြောက်ရွံ့လျက် စောင့်နေရုံမျှသာ ရှိတော့မည်။
ဘုရားသခင်သည် အပြစ်ကျူးလွန်သောကောင်းကင်တမန်များကိုပင်လျှင် ချမ်းသာပေးတော်မမူဘဲ ငရဲထဲသို့ ပစ်ချ၍ တရားစီရင်မည့်နေ့တိုင်အောင် အမှောင်ထဲ၌ သံကြိုးနှင့် ချည်နှောင်ကာ ထိန်းသိမ်းထားတော်မူ၏။
ထာဝရဘုရားသည် ယခင်က ထိုသို့ပြုတော်မူသောကြောင့် ဘုရားတရားကိုင်းရှိုင်းသူတို့ကို ဆင်းရဲဒုက္ခထဲမှ မည်သို့ကယ်တင်ရမည်ကိုလည်းကောင်း၊ မဖြောင့်မတ်သောသူတို့ကို တရားစီရင်ရာနေ့တိုင်အောင် မည်သို့အပြစ်ဒဏ်ပေး၍ ထိန်းသိမ်းထားရမည်ကိုလည်းကောင်း သိတော်မူ၏။
သူတို့သည် မိမိတို့၏ အရှက်ကို အမြှုပ်ကဲ့သို့ ထစေသော အထိန်းအကွပ်မဲ့ပင်လယ်လှိုင်းလုံးများနှင့်တူကြ၏။ လှည့်လည်နေသောကြယ်များနှင့် တူကြ၏။ ထိုကြယ်များအတွက် အမှောင်မိုက်ဆုံးသော ထာဝရအမှောင်ကို ပြင်ဆင်ထား၏။
သူတို့ကို လှည့်ဖြားသောမာရ်နတ်သည်လည်း သားရဲနှင့် ပရောဖက်အတုအယောင်တို့ ပစ်ချခံရသည့် ကန့်နှင့် လောင်သောမီးအိုင်ထဲသို့ ပစ်ချခံရ၏။ သူတို့သည် နေ့ညမပြတ် အစဉ်ထာဝရ ညှဉ်းဆဲခြင်းကို ခံကြရလိမ့်မည်။
သူသည် စာတန်မာရ်နတ်ဟူသော ရှေးမြွေဟောင်းဖြစ်သည့် နဂါးကို ဖမ်း၍ နှစ်ပေါင်းတစ်ထောင် ချည်နှောင်ထား၏။