ထို့ပြင် သားတော်သည် လူသားဖြစ်သောကြောင့် ခမည်းတော်သည် တရားစီရင်ပိုင်ခွင့်ကိုလည်း သားတော်အား ပေးအပ်တော်မူ၏။
ယုဒ 1:15 - ခေတ်သစ်မြန်မာ သမ္မာကျမ်း လူအပေါင်းတို့ကို တရားစီရင်တော်မူလိမ့်မည်။ ဘုရားတရားမဲ့သောသူတို့၏ ဘုရားတရားမဲ့သောအပြုအမူတိုင်းအတွက်လည်းကောင်း၊ ဘုရားတရားမဲ့သောအပြစ်သားတို့သည် ဘုရားသခင်ကို ပြစ်မှား၍ ကြမ်းတမ်းစွာ ပြောဆိုခြင်းအတွက်လည်းကောင်း ပြစ်ဒဏ်စီရင်တော်မူရန်ဖြစ်သည်” ဟူ၍ ပရောဖက်ပြုဟောပြောခဲ့၏။ Common Language Bible တစ်ကမ္ဘာလုံးကိုတရားစီရင်တော်မူလိမ့် မည်။ လူအပေါင်းတို့အား မိမိတို့၏ဆိုးသွမ်း ယုတ်မာမှုများအတွက်လည်းကောင်း၊ ဘုရား မဲ့အပြစ်သားတို့ဘုရားသခင်အား ရိုင်းပြ စွာပြစ်မှားပြောဆိုကြသည့်စကားများ အတွက်လည်းကောင်း အပြစ်ဒဏ်စီရင်တော် မူလိမ့်မည်'' ဟုရှေးမဆွကပင်လျှင်ကြို တင်ဟောပြောခဲ့လေသည်။- မြန်မာ့စံမီသမ္မာကျမ်း ဤသည်ကား လူအပေါင်းတို့ကိုတရားစီရင်ရန်နှင့် ဘုရားတရားမဲ့စွာဖြင့်ပြုခဲ့သောသူတို့၏ဘုရားတရားမဲ့ခြင်းအမှုအလုံးစုံအတွက်လည်းကောင်း၊ ဘုရားတရားမဲ့သောအပြစ်သားတို့သည် ဘုရားသခင်ကိုဆန့်ကျင်ပြောဆိုသည့် ပြင်းထန်သောစကားအလုံးစုံအတွက်လည်းကောင်း သူတို့အားလုံး၏အပြစ်ကိုဖော်ပြရန်ဖြစ်၏”ဟု ဆိုထား၏။ |
ထို့ပြင် သားတော်သည် လူသားဖြစ်သောကြောင့် ခမည်းတော်သည် တရားစီရင်ပိုင်ခွင့်ကိုလည်း သားတော်အား ပေးအပ်တော်မူ၏။
အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် မိမိခန့်အပ်သော အရှင်အားဖြင့် လောကကို မှန်ကန်စွာ တရားစီရင်ရန် နေ့တစ်နေ့ကို သတ်မှတ်ထားတော်မူသောကြောင့်ဖြစ်၏။ ထိုအရှင်ကိုလည်း သေရာမှ ထမြောက်စေတော်မူခြင်းဖြင့် ထိုသို့ဖြစ်မည့်အကြောင်းကို ကျွန်ုပ်တို့အား သက်သေပြတော်မူပြီ” ဟု ဟောပြောလေ၏။
သို့ဖြစ်၍ သင်သည် သင်တို့၏ ညီအစ်ကိုမောင်နှမများကို အဘယ်ကြောင့် အပြစ်တင်သနည်း။ သူတို့အား အဘယ်ကြောင့် မထီမဲ့မြင်ပြုသနည်း။ ဘုရားသခင်၏ တရားခွင်ရှေ့၌ ကျွန်ုပ်တို့အားလုံး ရောက်ကြရမည်ဖြစ်၏။
ကျွန်ုပ်ဟောပြောသော သတင်းကောင်းအရ လူအပေါင်းတို့၏ လျှို့ဝှက်သောအကြံအစည်တို့ကို ယေရှုခရစ်တော်အားဖြင့် ဘုရားသခင်စီရင်တော်မူသောနေ့၌ အထက်တွင် ဖော်ပြသည့်အတိုင်း ဖြစ်ပျက်လိမ့်မည်။
ထိုသို့ သင်သည် ခေါင်းမာ၍ နောင်တရသောစိတ်မရှိ။ ထို့ကြောင့် ဘုရားသခင်၏ ဖြောင့်မတ်သော တရားစီရင်ခြင်း ထင်ရှားလာမည့်အချိန်ဖြစ်သည့် အမျက်တော်နေ့တွင် ပို၍ကြီးလေးသောပြစ်ဒဏ်ကို သင်ခံရလိမ့်မည်။
ထို့ကြောင့် သခင်ဘုရား ပြန်လည်ကြွလာတော်မမူမီ မည်သူ့ကိုမျှ ကြိုတင်၍ မစီရင်ကြနှင့်။ အဘယ်ကြောင့်ဆိုသော် အမှောင်၌ ဝှက်ထားသောအရာများကို ကိုယ်တော်သည် အလင်းသို့ ယူလာ၍ ကျွန်ုပ်တို့၏ အတွင်းစိတ် အကြံအစည်များကို ဖော်ထုတ်မည်ဖြစ်သောကြောင့်ဖြစ်၏။ ထို့နောက်တွင်မူ ဘုရားသခင်သည် လူအသီးသီးတို့ကို ချီးမွမ်းတော်မူလိမ့်မည်။
အဘယ်ကြောင့်ဆိုသော် ပညတ်တရားသည် ဖြောင့်မတ်သူတို့အတွက် ချမှတ်ထားသည်မဟုတ်ဘဲ ပညတ်တရားကို မကျင့်သုံးသူများ၊ မနာခံသူများ၊ ဘုရားတရားမဲ့သူများ၊ အပြစ်သားများ၊ မသန့်ရှင်းသူများ၊ ဘုရားတရားမကိုင်းရှိုင်းသူများ၊ မိဘကို သတ်သူများ၊ လူသတ်သမားများ၊
ထိုသူတို့သည် ညည်းညူတတ်သူ၊ အပြစ်တင်တတ်သူ၊ မိမိတို့၏ တပ်မက်မှုအတိုင်း ပြုမူတတ်သူ၊ ချဲ့ကားကြွားဝါပြောတတ်သူ၊ ကိုယ်ကျိုးအတွက် သူတစ်ပါးကို မြှောက်ပင့်တတ်သူတို့ဖြစ်ကြ၏။
ထို့နောက် မြေကြီးထဲမှ ထွက်လာသော အခြားသားရဲတစ်ကောင်ကို ကျွန်ုပ်မြင်ရပြန်၏။ ထိုသားရဲသည် သိုးသငယ်၏ဦးချိုနှင့်တူသော ဦးချိုနှစ်ချောင်း ပါရှိပြီး နဂါးကဲ့သို့ စကားပြော၏။
ဤအကြောင်းအရာများကို သက်သေခံတော်မူသောအရှင်က “ဧကန်အမှန်ပင် ငါသည် မကြာမီလာမည်” ဟု မိန့်တော်မူ၏။ အာမင်။ သခင်ယေရှု… ကြွလာတော်မူပါ။