လူသားသည် ခမည်းတော်၏ ဘုန်းတော်ကိုဆောင်၍ ကောင်းကင်တမန်များ ခြံရံလျက် ကြွလာလိမ့်မည်။ လူအပေါင်းတို့အား သူတို့ပြုခဲ့သည့်အကျင့်အတိုင်း ဆပ်ပေးတော်မူလိမ့်မည်။
ယုဒ 1:14 - ခေတ်သစ်မြန်မာ သမ္မာကျမ်း အာဒံမှ ဆင်းသက်၍ ခုနစ်ဆက်မြောက်သောမျိုးဆက် ဧနောက်သည် သူတို့နှင့်ပတ်သက်၍ “နားထောင်လော့။ ထာဝရဘုရားသည် မိမိ၏ မြောက်မြားစွာသောကောင်းကင်တမန်များနှင့်အတူ ကြွလာ၍ Common Language Bible အာဒံမှဆင်းသက်၍သတ္တမဆက်မြောက် သောသူဧနောက်က ဤသူတို့အကြောင်းနှင့် ပတ်သက်၍``ဘုရားသခင်သည်အတိုင်းမသိ များစွာသော မိမိ၏မြင့်မြတ်သန့်ရှင်းသော ကောင်းကင်တမန်များနှင့်ကြွလာ၍၊- Garrad Bible ထို သူ တို့ နှင့် စပ်၍ လည်း အာ ဒံ မှ ခု နစ် ဆက် မြောက်၊ ဧ နောက် က ထာ ဝ ရ ဘု ရား သည် လူ ခပ် သိမ်း တို့ ကို ပြစ် ဒဏ် စီ ရင် ခြင်း ငှာလည်း ကောင်း၊ တ ရား မဲ့ သော အ ပြစ် သား တို့၌ မ တ ရား မှု ပြု ကြ သော မ တ ရား မှု ရှိ သ မျှ နှင့် ကိုယ် တော် ကို မ တ ရား ပုတ် ခတ် မှု ရှိ သ မျှ အ တွက် ဆုံး မ ခြင်း ငှာလည်း ကောင်း၊ သန့် ရှင်း သော အ ခြံ အ ရံ ကု ဋေ သင်္ချေ နှင့် တ ကွ ကြွ လာ တော် မူ လိမ့် တ ကား ဟု တင် ကူး ဟော ပြော ၏။ Judson Bible အာဒံမှဆင်းသက်၍ ခုနစ်ဆက်မြောက်သောသူ ဧနောက်က၊ ထာဝရဘုရားသည် ခပ်သိမ်းသောသူတို့ကို တရားစီရင်တော်မူ၍၊ မတရားသောသူတို့သည် မတရားသဖြင့် ပြုသော အဓမ္မအမှုရှိသမျှတို့၏ အပြစ်ကိုလည်းကောင်း၊ မတရားသောလူဆိုးတို့သည် ဘုရားသခင်ကို ပြစ်မှား၍ပြောသော ကြမ်းတမ်းသော စကားရှိသမျှတို့၏ အပြစ်ကိုလည်းကောင်း ဖော်ပြခြင်းငှာ၊ အတိုင်းမသိ များစွာသော မိမိသန့်ရှင်းသူတို့နှင့်တကွ ကြွလာတော်မူလိမ့်မည်ဟု ပရောဖက်ပြု၍ ဟောပြောလေ၏။- မြန်မာ့စံမီသမ္မာကျမ်း အာဒံမှ ခုနစ်ဆက်မြောက်သောမျိုးဆက်ဖြစ်သည့် ဧနောက်သည်လည်း သူတို့နှင့်ပတ်သက်၍ ပရောဖက်ပြုဟောပြောလျက် “ကြည့်ရှုလော့။ ထာဝရဘုရားသည် အတိုင်းမသိများစွာသော မိမိ၏သန့်ရှင်းသူတို့နှင့်အတူ ကြွလာတော်မူလိမ့်မည်။ |
လူသားသည် ခမည်းတော်၏ ဘုန်းတော်ကိုဆောင်၍ ကောင်းကင်တမန်များ ခြံရံလျက် ကြွလာလိမ့်မည်။ လူအပေါင်းတို့အား သူတို့ပြုခဲ့သည့်အကျင့်အတိုင်း ဆပ်ပေးတော်မူလိမ့်မည်။
လူသားသည် မိမိ၏ဘုန်းအသရေကို ဆောင်၍ ကောင်းကင်တမန်များခြံရံလျက် ကြွလာသောအခါ ဘုန်းအသရေနှင့် ပြည့်စုံသော သူ၏ ရာဇပလ္လင်ပေါ်တွင် ထိုင်တော်မူလိမ့်မည်။
ကျွန်ုပ်တို့၏သခင် ယေရှုသည် မိမိ၏ ကောင်းကင်တမန်များနှင့်အတူ ပြန်လည်ကြွလာတော်မူသောအခါ သင်တို့သည် ကျွန်ုပ်တို့ အဖဘုရားသခင် ရှေ့တော်၌ အပြစ်ဆိုဖွယ်မရှိဘဲ သန့်ရှင်းနေရန် သခင်ဘုရားသည် သင်တို့၏ စိတ်ကို ခိုင်ခံ့မြဲမြံအောင် ပြုတော်မူပါစေသော။
သို့သော် သင်တို့သည် ဇိအုန်တောင်သို့လည်းကောင်း၊ ကောင်းကင်တမန်ထောင်ပေါင်းများစွာ စုဝေးရာ အသက်ရှင်တော်မူသောဘုရားသခင်၏ မြို့တော်တည်းဟူသော ကောင်းကင်ဘုံရှိ ဂျေရုဆလင်မြို့သို့လည်းကောင်း၊
ကြည့်ရှုလော့။ ကိုယ်တော်သည် မိုးတိမ်များဖြင့် ကြွလာတော်မူမည် ဖြစ်ပြီး ကိုယ်တော်ကို လှံနှင့် ထိုးဖောက်ခဲ့သူများအပါအဝင် လူတိုင်းက မြင်ကြရလိမ့်မည်။ ကမ္ဘာလောကရှိ လူမျိုးအပေါင်းတို့သည် ကိုယ်တော်ကြောင့် ငိုကြွေးမြည်တမ်းကြလိမ့်မည်။ ထိုအရာသည် အမှန်ပင်ဖြစ်၏။ အာမင်။
ထို့နောက် ကျွန်ုပ်ကြည့်လိုက်ရာ သိန်းသန်းကုဋေမက အတိုင်းမသိများပြားသောကောင်းကင်တမန်တို့၏ ကြွေးကြော်သံကို ကြားရ၏။ သူတို့သည် ရာဇပလ္လင်တော်၊ သတ္တဝါလေးပါးနှင့် အကြီးအကဲတို့ကို ဝန်းရံထားကြ၏။