ယာကုပ် 5:8 - ခေတ်သစ်မြန်မာ သမ္မာကျမ်း မကြာမီ သခင်ဘုရားကြွလာတော်မူမည် ဖြစ်သောကြောင့် သင်တို့သည်လည်း စိတ်ရှည်သည်းခံ၍ တည်ကြည်လျက် နေကြလော့။ Common Language Bible သင်တို့သည်လည်းသည်းခံ၍စောင့်မျှော်နေ ကြလော့။ သခင်ဘုရားကြွလာတော်မူမည့် နေ့ရက်ကာလသည်နီးကပ်လာပြီဖြစ်၍ သင်တို့၏မျှော်လင့်ချက်ကိုခိုင်မာစေကြလော့။ Garrad Bible အ ရှင် ဘု ရား ကြွ လာ တော် မူ ချိန် နီး ပြီ ဖြစ်၍ စိတ် ရှည် လျက် မြဲ မြံ စေ ကြ လော့။ Judson Bible သင်တို့သည်လည်း သည်းခံလျက် စောင့်နေကြလော့။ ကိုယ်စိတ်နှလုံးကို မြဲမြံစေကြလော့။ သခင်ဘုရား ကြွလာတော်မူသောအချိန် ရောက်လုနီးပြီ။- မြန်မာ့စံမီသမ္မာကျမ်း သင်တို့သည်လည်း စိတ်ရှည်သည်းခံကြလော့။ သင်တို့၏စိတ်နှလုံးကို ခိုင်ခံ့မြဲမြံစေကြလော့။ အကြောင်းမူကား သခင်ဘုရား၏ကြွလာတော်မူခြင်းသည် နီးကပ်လာပြီဖြစ်၏။ |
ယေရှုက “ငါပြန်လာသည့်အချိန်တိုင်အောင် သူ့ကို ငါအသက်ရှင်စေလိုလျှင် သင်နှင့် မည်သို့ဆိုင်သနည်း။ သင်ကမူ ငါ့နောက်သို့သာ လိုက်လော့” ဟု မိန့်တော်မူ၏။
သို့သော် ကျွန်ုပ်တို့မတွေ့မြင်ရသေးသောအရာကို မျှော်လင့်ကြလျှင်မူ ထိုအရာကို သည်းခံသောစိတ်နှင့် စောင့်မျှော်ကြ၏။
သို့သော် ဝိညာဉ်တော်က ဖြစ်စေသော အသီးအပွင့်မှာ ချစ်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ငြိမ်းချမ်းခြင်း၊ စိတ်ရှည်ခြင်း၊ ကျေးဇူးပြုခြင်း၊ ကောင်းမြတ်ခြင်း၊ သစ္စာစောင့်သိခြင်း၊
သင်တို့၏ ထောက်ထားညှာတာသော သဘောထားကို လူအပေါင်းတို့အား သိစေကြလော့။ သခင်ဘုရား ကြွလာမည့်အချိန် နီးပြီ။
ထို့ပြင် ကောင်းကင်းဘုံမှ ကြွလာမည့် သားတော်ကို သင်တို့မည်သို့ မျှော်လင့်ကြောင်းကိုလည်း သူတို့ပြောပြကြ၏။ ဘုရားသခင်သည် ထိုသားတော်ကို သေခြင်းမှ ထမြောက်စေတော်မူပြီး ထိုသားတော်သည် ကျရောက်လာမည့်ဘုရားသခင်၏ အမျက်တော်မှ ကျွန်ုပ်တို့ကို ကယ်တင်တော်မူသော ယေရှုဖြစ်၏။
သခင်ယေရှု ပြန်ကြွလာသည့်အချိန်တွင် ကိုယ်တော်ရှေ့၌ ကျွန်ုပ်တို့၏ မျှော်လင့်စရာ၊ ဝမ်းမြောက်စရာ၊ ဂုဏ်ယူစရာဆုသရဖူသည် မည်သည့်အရာ ဖြစ်မည်နည်း။ သင်တို့ပင် ဖြစ်သည်မဟုတ်လော။
ကျွန်ုပ်တို့၏သခင် ယေရှုသည် မိမိ၏ ကောင်းကင်တမန်များနှင့်အတူ ပြန်လည်ကြွလာတော်မူသောအခါ သင်တို့သည် ကျွန်ုပ်တို့ အဖဘုရားသခင် ရှေ့တော်၌ အပြစ်ဆိုဖွယ်မရှိဘဲ သန့်ရှင်းနေရန် သခင်ဘုရားသည် သင်တို့၏ စိတ်ကို ခိုင်ခံ့မြဲမြံအောင် ပြုတော်မူပါစေသော။
ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို သင်တို့နားလည်သဘောပေါက်စေရန်နှင့် ခရစ်တော်ကဲ့သို့ သည်းခံတတ်စေရန် သခင်ဘုရားသည် သင်တို့ကို လမ်းညွှန်တော်မူပါစေသော။
သင်တို့၏ရွှေငွေများသည် အကြေးအညှိတက်၍ ပျက်စီးလေပြီ။ ထိုအကြေးအညှိသည် သင်တို့ကို တရားခွင်၌ စွပ်စွဲမည့် သက်သေဖြစ်ပြီး သင်တို့၏ကိုယ်ခန္ဓာကို မီးကဲ့သို့ လောင်ကျွမ်းပျက်စီးစေလိမ့်မည်။ သင်တို့သည် နောက်ဆုံးသောနေ့ရက်များ၌ စည်းစိမ်ဥစ္စာများကို သိုထားကြလေပြီ။
ညီအစ်ကိုမောင်နှမတို့… အပြစ်စီရင်ခြင်း မခံရရန် အချင်းချင်း အပြစ်တင်၍ မညည်းတွားကြနှင့်။ ကြည့်လော့။ တရားစီရင်သောအရှင်သည် တံခါးဝတွင် ရပ်နေတော်မူ၏။
အရာအားလုံး၏ နောက်ဆုံးချိန်သည် နီးကပ်လာသောကြောင့် ဆုတောင်းနိုင်ရန်အတွက် မိမိတို့စိတ်ကို ချုပ်တည်းလျက် သတိရှိကြလော့။
ဤအကြောင်းအရာများကို သက်သေခံတော်မူသောအရှင်က “ဧကန်အမှန်ပင် ငါသည် မကြာမီလာမည်” ဟု မိန့်တော်မူ၏။ အာမင်။ သခင်ယေရှု… ကြွလာတော်မူပါ။