ထို့နောက် သူတို့သည် ဓမ္မသီချင်းတစ်ပုဒ်ကို သီဆိုကြပြီးနောက် သံလွင်တောင်သို့ ထွက်သွားကြ၏။
ယာကုပ် 5:13 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သင်တို့တွင် ဆင်းရဲဒုက္ခရောက်သောသူရှိလျှင် ဆုတောင်းစေ။ ရွှင်လန်းသောသူရှိလျှင် ချီးမွမ်းသီချင်းဆိုစေ။ Common Language Bible သင်တို့တွင်ဒုက္ခရောက်လျက်နေသောသူသည် ဆုတောင်းစေ။ စိတ်ရွှင်လန်းသူသည်သီချင်း ဆိုစေ။- Garrad Bible သင် တို့ ဘောင် တွင် မည် သူ မ ဆို ဒု က္ခ ရောက် လျှင် ပ ဌ နာ ပြု စေ။ သု ခ ရှိ လျှင် သီ ချင်း ဆို စေ။ Judson Bible သင်တို့တွင် ဆင်းရဲခံရသောသူရှိလျှင် ဆုတောင်းစေ။ ရွှင်လန်းသောသူရှိလျှင် ဆာလံသီချင်းကိုဆိုစေ။- မြန်မာ့စံမီသမ္မာကျမ်း သင်တို့တွင် ဆင်းရဲဒုက္ခခံရသူရှိလျှင် သူသည် ဆုတောင်းစေ။ ဝမ်းမြောက်ရွှင်လန်းသောသူရှိလျှင် သူသည် ချီးမွမ်းသီချင်းကိုသီဆိုစေ။ |
ထို့နောက် သူတို့သည် ဓမ္မသီချင်းတစ်ပုဒ်ကို သီဆိုကြပြီးနောက် သံလွင်တောင်သို့ ထွက်သွားကြ၏။
ယေရှုသည် ပြင်းစွာသော ဝေဒနာကိုခံလျက် စိတ်အားပြင်းပြစွာ ဆုတောင်းသဖြင့် ချွေးစက်တော်သည် သွေးစက်သဖွယ် မြေပေါ်သို့ကျလေ၏။
ထို့နောက် ယေရှုအား “အရှင်ယေရှု… ကိုယ်တော်၏နိုင်ငံတော်ထဲသို့ ဝင်တော်မူသောအခါ အကျွန်ုပ်ကို သတိရတော်မူပါ” ဟု လျှောက်လေ၏။
ထိုသို့ဆိုလျှင် မည်သို့ပြုရမည်နည်း။ ကျွန်ုပ်သည် စိတ်ဝိညာဉ်နှင့် ဆုတောင်းမည်။ အသိဉာဏ်နှင့်လည်း ဆုတောင်းမည်။ စိတ်ဝိညာဉ်နှင့် သီချင်းဆိုမည်။ အသိဉာဏ်နှင့်လည်း သီချင်းဆိုမည်။
သို့ဖြစ်လျှင် ညီအစ်ကိုမောင်နှမတို့… ကျွန်ုပ်ဆိုလိုသည်မှာ ဤသို့ဖြစ်၏။ သင်တို့စုဝေးကြသောအခါ တစ်ဦး က ဓမ္မသီချင်းဆိုခြင်း၊ တစ်ဦးက သင်ကြားခြင်း၊ တစ်ဦးက ဗျာဒိတ်တော်ကို ဖွင့်ပြခြင်း၊ တစ်ဦးက အခြားဘာသာစကားကို ပြောခြင်းနှင့် တစ်ဦးက ထိုဘာသာစကားကို အနက်ပြန်ခြင်းဟူ၍ အသီးသီးဆောင်ရွက်ကြ၏။ ထိုအခြင်းအရာအားလုံးကို သင်တို့လုပ်ဆောင်ရာတွင် အသင်းတော် တည်ဆောက်စရာအတွက် ဖြစ်စေကြလော့။
ဆာလံသီချင်းများ၊ ဓမ္မသီချင်းများ၊ ဝိညာဉ်ရေးရာသီချင်းများဖြင့် အချင်းချင်း သီဆိုလျက် စိတ်နှလုံးအကြွင်းမဲ့ သခင်ဘုရားအတွက် သီဆိုကြလော့။
ခရစ်တော်သည် ကမ္ဘာလောက၌ လူသားအဖြစ်ရှိစဉ် သေခြင်းမှ ကယ်တင်နိုင်သော ဘုရားသခင်ထံ ပြင်းပြစွာ အော်ဟစ်၍ မျက်ရည်ကျလျက် အသနားခံတောင်းလျှောက်ခဲ့၏။ ထိုသို့ ဘုရားသခင်ထံ အပ်နှံ၍ မိမိအား ရိုသေသောကြောင့် ဘုရားသခင်သည် ကိုယ်တော်၏ ဆုတောင်းချက်များကို နားဆင်တော်မူခဲ့၏။
ညီအစ်ကိုမောင်နှမတို့… ထာဝရဘုရား၏နာမတော်ကို အမှီပြု၍ ဟောပြောသော ပရောဖက်များ၏ စံနမူနာကို ယူကြလော့။ သူတို့သည် ဆင်းရဲဒုက္ခရောက်စဉ် စိတ်ရှည်သည်းခံခဲ့ကြ၏။
ထိုတစ်သိန်းလေးသောင်းလေးထောင်သောသူတို့သည် ဘုရားသခင်၏ ရာဇပလ္လင်တော်၊ သတ္တဝါလေးပါးနှင့် အကြီးအကဲတို့ရှေ့၌ သီချင်းသစ်ကို သီဆိုကြ၏။ ကမ္ဘာမြေကြီးပေါ်မှ ရွေးနုတ်ကယ်တင်ခံရသူ တစ်သိန်းလေးသောင်းလေးထောင်မှလွဲ၍ ထိုသီချင်းကို မည်သူမျှ မသီဆိုနိုင်။
သူတို့က “ရာဇပလ္လင်တော်ပေါ်တွင် ထိုင်တော်မူသော ငါတို့၏ဘုရားသခင်နှင့် သိုးသငယ်တော်တို့သည် ငါတို့ကို ကယ်တင်တော်မူပြီ” ဟူ၍ ကျယ်လောင်စွာ ကြွေးကြော်ကြ၏။