ယခုအချိန်ထိ သင်တို့သည် ငါ့နာမကို အမှီပြု၍ မည်သည့်အရာကိုမျှ မတောင်းကြသေး။ သင်တို့ အပြည့်အဝဝမ်းမြောက်နိုင်ရန် တောင်းကြလော့။ တောင်းလျှင် တောင်းသည့်အတိုင်း ရကြလိမ့်မည်။
ယာကုပ် 4:2 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သင်တို့သည် မိမိတို့လိုချင်တပ်မက်သောအရာကို မရသဖြင့် လူသတ်ကြ၏။ တစ်စုံတစ်ခုကို အလွန်လိုချင်သောစိတ် ရှိသော်လည်း မရနိုင်သောအခါ ခိုက်ရန်ဖြစ်၍ တိုက်ခိုက်ကြ၏။ သင်တို့မရကြသည့် အကြောင်းမှာ ဘုရားသခင်ထံ မတောင်းလျှောက်သောကြောင့်ဖြစ်၏။ Common Language Bible သင်တို့သည်မိမိတို့အလိုရှိသောအရာ များကိုမရနိုင်သဖြင့်လူ့အသက်ကိုသတ် ရန်အသင့်ရှိကြ၏။ မိမိတို့လွန်စွာလိုလား တောင့်တသည့်အရာများကိုမရနိုင်သဖြင့် အငြင်းပွားကြ၏။ ရန်ဖြစ်ကြ၏။ သင်တို့လို လားသောအရာကိုမရရှိကြသည့်အကြောင်း မှာဘုရားသခင်ထံတော်သို့မတောင်းမလျှောက် ကြသောကြောင့်ဖြစ်၏။- Garrad Bible အ လို ဆ န္ဒ ရှိ ကြ သော် လည်း မ ရ ကြ။ သူ့ အ သက် ကို သတ်၍ ပြိုင် ဆိုင် ကြ သော် လည်း မ ရ နိုင် ကြ သည် ဖြစ်၍ ရန် တွေ့ တိုက် လှန် မှု များ ကို ပြု တတ် ကြ၏။ မ ရ ကြ သည် မှာ မ လျှောက် မ တောင်း သော ကြောင့်၊ Judson Bible သင်တို့သည် တပ်မက်၍မရကြ။ လူအသက်ကို သတ်၍လည်းကောင်း၊ အလွန်လိုချင်သော လောဘစိတ်ရှိ၍လည်းကောင်း၊ အလိုမပြည့်စုံနိုင်ကြ။ ရန်တွေ့ခြင်း၊ စစ်တိုက်ခြင်းကိုလည်း ပြု၍မရကြ။ အကြောင်းမူကား၊ ဆုမတောင်းဘဲ နေကြ၏။- မြန်မာ့စံမီသမ္မာကျမ်း သင်တို့သည် တပ်မက်သော်လည်း မရသောကြောင့် လူသတ်ကြ၏။ အလွန်အလိုရှိသော်လည်း မရရှိနိုင်သောကြောင့် ခိုက်ရန်ဖြစ်၍ စစ်တိုက်ကြ၏။ သင်တို့မရကြသည်မှာ သင်တို့မတောင်းလျှောက်ကြသောကြောင့်ဖြစ်၏။ |
ယခုအချိန်ထိ သင်တို့သည် ငါ့နာမကို အမှီပြု၍ မည်သည့်အရာကိုမျှ မတောင်းကြသေး။ သင်တို့ အပြည့်အဝဝမ်းမြောက်နိုင်ရန် တောင်းကြလော့။ တောင်းလျှင် တောင်းသည့်အတိုင်း ရကြလိမ့်မည်။
ယေရှုက “သင့်အတွက် ဘုရားသခင်ပေးတော်မူမည့် လက်ဆောင်ကိုလည်းကောင်း၊ သင့်ထံမှ သောက်ရေကို တောင်းသောသူသည် မည်သူဖြစ်ကြောင်းကိုလည်းကောင်း သင်သိပါက သင်သည် ငါ့ထံမှ ရေကို တောင်းလိမ့်မည်။ ငါသည်လည်း အသက်ရေကို သင့်အား ပေးလိမ့်မည်” ဟု ဖြေတော်မူ၏။
သင်တို့တွင် တစ်စုံတစ်ယောက်သည် ဉာဏ်ပညာကို လိုအပ်လျှင် ဘုရားသခင်ထံ တောင်းစေ။ ကဲ့ရဲ့ပြစ်တင်တော်မမူဘဲ ရက်ရောစွာ ပေးတော်မူသော ဘုရားသခင်သည် ထိုသူအား ဉာဏ်ပညာကို ပေးတော်မူလိမ့်မည်။
သင်တို့ကို မဆန့်ကျင်သည့်ဖြောင့်မတ်သောသူတို့ကို သင်တို့သည် အပြစ်စီရင်၍ သတ်ကြပြီ။
မိမိညီအစ်ကိုမောင်နှမကို မုန်းသောသူသည် လူသတ်သမားဖြစ်၏။ မည်သည့်လူသတ်သမားတွင်မျှ ထာဝရအသက်မရှိကြောင်း သင်တို့သိကြ၏။