ပေတရုကလည်း “ထိုသူကို ငါမသိပါ” ဟု တိုင်တည်၍ ကျိန်ဆိုလေ၏။ ထိုခဏချင်းတွင် ကြက်တွန်လေ၏။
ယာကုပ် 3:9 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ကျွန်ုပ်တို့သည် လျှာဖြင့် ကျွန်ုပ်တို့၏ သခင်ဖြစ်တော်မူသော ခမည်းတော်ကို ချီးမွမ်း၍ ဘုရားသခင်၏ ပုံသဏ္ဌာန်တော်နှင့်အညီ ဖန်ဆင်းသောလူတို့ကို ထိုလျှာဖြင့် ကျိန်ဆဲကြ၏။ Common Language Bible ငါတို့သည်ခမည်းတော်ထာဝရဘုရား၏ ဂုဏ်တော်ကိုချီးကူးရာ၌လျှာကိုအသုံးပြု ကြ၏။ ဘုရားသခင်၏ပုံသဏ္ဌာန်တော်နှင့်အညီ ဖန်ဆင်းထားတော်မူသောလူတို့ကိုကျိန်ဆဲရာ ၌လည်းယင်းကိုပင်အသုံးပြုကြ၏။- Garrad Bible လျှာ တစ် ခု တည်း ဖြင့် ငါ တို့ သည် ထာ ဝ ရ အ ဘ ဘု ရား အား သြ ဘာ ဆက် ခြင်း၊ ပုံ သ ဏ္ဌာန် တော့် အ လိုက် ဖန် ဆင်း ထား သော လူ တို့ အား ကျိန် ဆဲ ခြင်း ကို ပြု လေ့ ရှိ သည် ဖြစ် ၍၊ Judson Bible ငါတို့သည် လျှာဖြင့် ခမည်းတော်ဘုရားသခင်ကို ကောင်းချီးပေးတတ်ကြ၏။ ဘုရားသခင်၏ ပုံသဏ္ဌာန်တော်နှင့်အညီ ဖန်ဆင်းသောလူတို့ကို လျှာဖြင့် ကျိန်ဆဲတတ်ကြ၏။- မြန်မာ့စံမီသမ္မာကျမ်း ငါတို့သည် လျှာဖြင့် ခမည်းတော်ဖြစ်တော်မူသောထာဝရဘုရား၏ကျေးဇူးတော်ကိုချီးမွမ်းလျက် ဘုရားသခင်၏ပုံသဏ္ဌာန်တော်နှင့်အညီဖန်ဆင်းခံရသောလူတို့ကို ထိုလျှာဖြင့်ပင် ကျိန်ဆဲတတ်ကြ၏။ |
ပေတရုကလည်း “ထိုသူကို ငါမသိပါ” ဟု တိုင်တည်၍ ကျိန်ဆိုလေ၏။ ထိုခဏချင်းတွင် ကြက်တွန်လေ၏။
သို့ရာတွင် သင်တို့အား ငါပြောဆိုသည်မှာ သင်တို့၏ရန်သူကို ချစ်၍ သင်တို့ကို ညှဉ်းပန်းနှိပ်စက်သောသူများအတွက် ဆုတောင်းမေတ္တာပို့လော့။
ထို့ကြောင့် ငါ့စိတ်နှလုံးသည် ရွှင်လန်း၍ ငါ့နှုတ်သည် ချီးမွမ်းလေ၏။ ထိုမျှမက ငါ့ကိုယ်ခန္ဓာသည်လည်း မျှော်လင့်လျက် အသက်ရှင်လိမ့်မည်။
သူတို့၏ နှုတ်သည် ကျိန်ဆဲသောစကားနှင့် ရင့်သီးသောစကားတို့ဖြင့် ပြည့်လျက်ရှိ၏။
ယောက်ျားသည် ဘုရားသခင်၏ ပုံသဏ္ဌာန်တော်အတိုင်း ဖန်ဆင်းခံရသူဖြစ်ပြီး ဘုရားသခင်၏ ဘုန်းအသေရေတော်ထင်ဟပ်သောကြောင့် မိမိဦးခေါင်းကို မဖုံးသင့်ပေ။ မိန်းမမှာမူ ယောက်ျား၏ ဘုန်းအသရေထင်ဟပ်သူဖြစ်၏။
ကျွန်ုပ်တို့ကို ခရစ်တော်နှင့်တပေါင်းတစည်းတည်း ဖြစ်စေခြင်းအားဖြင့် ကောင်းကင်အရပ်ရှိ ဝိညာဉ်ရေးရာ ကောင်းချီးမင်္ဂလာများကို ပေးသနားတော်မူသော ကျွန်ုပ်တို့သခင်ယေရှုခရစ်တော်၏ အဖဘုရားသခင်သည် မင်္ဂလာရှိပါစေသော။
ခမည်းတော်ဘုရားသခင်ရှေ့တော်၌ သန့်ရှင်းစင်ကြယ်သောဘာသာတရားကိုင်းရှိုင်းခြင်းမှာ ဆင်းရဲဒုက္ခကြုံနေသည့် မိဘမဲ့နှင့် မုဆိုးမတို့ကို ကြည့်ရှုပြုစုခြင်း၊ မိမိကိုယ်တိုင်ကိုလည်း လောကီညစ်ညူးခြင်းတို့မှ ကင်းစင်စေခြင်းဖြစ်၏။
နှုတ်တစ်ခုတည်းမှ ချီးမွမ်းခြင်းနှင့် ကျိန်ဆဲခြင်းတို့ ထွက်လာ၏။ ညီအစ်ကိုမောင်နှမတို့… ဤသို့ မဖြစ်သင့်ပေ။
ကျွန်ုပ်တို့ သခင်ယေရှုခရစ်တော်၏ခမည်းတော်ဘုရားသခင်ကို ချီးမွမ်းကြလော့။ ဘုရားသခင်သည် မိမိ၏ကြီးမြတ်သောကရုဏာတော်ကြောင့် သခင်ယေရှုခရစ်တော်ကို သေခြင်းမှ ရှင်ပြန်ထမြောက်စေတော်မူခြင်းအားဖြင့် ကျွန်ုပ်တို့ကို အသစ်တစ်ဖန်မွေးဖွားစေပြီး ခိုင်မြဲသောမျှော်လင့်ချက်ရှိစေတော်မူ၏။