သင်္ဘောများကိုလည်း ကြည့်လော့။ ၎င်းတို့သည် ကြီးမား၍ ပြင်းထန်သောလေဟုန်နှင့် လွင့်ပါတတ်သော်လည်း သေးငယ်သောတက်မအားဖြင့် တက်မကိုင် အလိုရှိရာသို့ လှည့်နိုင်၏။
ယာကုပ် 3:5 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုနည်းတူ လျှာသည် သေးငယ်သည့်အင်္ဂါအစိတ်အပိုင်းဖြစ်သော်လည်း ကြီးကျယ်သောအကြောင်းအရာများကို ကြွားဝါတတ်၏။ အလွန်ကြီးမားသောတောအုပ်ကို အလွန်သေးငယ်သော မီးပွားလေးက လောင်စေနိုင်သည်ကို ဆင်ခြင်လော့။ Common Language Bible လျှာသည်လည်းထိုနည်းအတိုင်းပင်ဖြစ် ပေသည်။ ယင်းသည်ကိုယ်ခန္ဓာ၏သေးငယ်သော အင်္ဂါအစိတ်အပိုင်းမျှသာဖြစ်သော်လည်း ကြီးကျယ်သောအရာများအကြောင်းကို ကြွားဝါတတ်သည်။ အလွန်ကြီးသောသစ်တောကိုသေးငယ်သော မီးပွားကလေးက လောင်ကျွမ်းစေနိုင်သည် ကိုစဉ်းစားကြည့်ပါလေ။- Garrad Bible ထို နည်း တူ လျှာ သည် ငယ် သော အင်္ဂါ ဖြစ် သော် လည်း ကြီး ကျယ် သော အ မှု အ ရေး များ ကြောင့် ဂုဏ် တင် တတ်၏။ အ နည်း ငယ် သော မီး သည် ကြီး ကျယ် သော သစ် တော ကို လောင် တတ် သည် တ ကား။ Judson Bible ထိုနည်းတူ၊ လျှာသည် ငယ်သောအင်္ဂါဖြစ်သော်လည်း အလွန်ဝါကြွားတတ်၏။ အဘယ်မျှလောက် များစွာသောထင်းကို အနည်းငယ်သောမီးသည် ညှိနိုင်သည်ကို ကြည့်ပါလော့။- မြန်မာ့စံမီသမ္မာကျမ်း ထိုနည်းတူ လျှာသည်လည်း သေးငယ်သောအင်္ဂါအစိတ်အပိုင်းဖြစ်သော်လည်း အလွန်ဝါကြွားတတ်၏။ မည်မျှလောက်သေးငယ်သောမီးသည် မည်မျှလောက်ကြီးမားသောသစ်တောကိုမီးစွဲလောင်စေနိုင်သည်ကို ကြည့်လော့။ |
သင်္ဘောများကိုလည်း ကြည့်လော့။ ၎င်းတို့သည် ကြီးမား၍ ပြင်းထန်သောလေဟုန်နှင့် လွင့်ပါတတ်သော်လည်း သေးငယ်သောတက်မအားဖြင့် တက်မကိုင် အလိုရှိရာသို့ လှည့်နိုင်၏။
အဘယ်ကြောင့်ဆိုသော် သူတို့သည် အကျိုးမဲ့ ချဲ့ကားကြွားဝါပြောဆိုလျက် မှားယွင်းစွာ ပြုမူနေထိုင်ကြသူတို့ထဲမှ လွတ်မြောက်ခါစဖြစ်သော သူများကို လူ့ဗီဇစိတ်၏တပ်မက်မှုများနှင် ကိလေသာလွန်ကြူးခြင်းတို့ဖြင့် ဆွဲဆောင်ကြသောကြောင့်ဖြစ်၏။
ထိုသူတို့သည် ညည်းညူတတ်သူ၊ အပြစ်တင်တတ်သူ၊ မိမိတို့၏ တပ်မက်မှုအတိုင်း ပြုမူတတ်သူ၊ ချဲ့ကားကြွားဝါပြောတတ်သူ၊ ကိုယ်ကျိုးအတွက် သူတစ်ပါးကို မြှောက်ပင့်တတ်သူတို့ဖြစ်ကြ၏။