မဿဲ 9:28 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ယေရှုသည် အိမ်ထဲသို့ဝင်တော်မူသောအခါ မျက်မမြင်နှစ်ယောက်သည် ကိုယ်တော်ထံသို့ လာကြ၏။ ယေရှုက “ငါသည်သင်တို့ကို မြင်စေနိုင်မည်ဟု ယုံကြည်ကြသလော” ဟူ၍ မေးတော်မူ၏။ သူတို့က “ယုံကြည်ပါ၏ သခင်” ဟု လျှောက်ကြ၏။ Common Language Bible ကိုယ်တော်သည်အိမ်တစ်အိမ်သို့ဝင်တော်မူလျှင် ထိုမျက်မမြင်တို့သည်အထံတော်သို့လာကြ၏။ သခင်ယေရှုက ``ငါသည်သင်တို့အားမျက်စိ မြင်စေနိုင်သည်ဟုယုံကြည်ကြပါသလော'' ဟု မေးတော်မူလျှင်ထိုသူတို့က ``ယုံကြည်ပါ သည်အရှင်'' ဟုလျှောက်ကြ၏။ Garrad Bible အိမ် သို့ ရောက် တော် မူ သော် ထို သူ ကန်း တို့ ချဉ်း ကပ် ကြ သ ဖြင့် ယေ ရှု က ငါ တတ် စွမ်း နိုင် သည် ကို ယုံ သ လော ဟု မေး တော် မူ လျှင် ယုံ ပါ သည် အ ရှင် ဘု ရား ဟု ပြန် လျှောက် ကြ သည့် ကာ လ၊ Judson Bible အိမ်သို့ ဝင်တော်မူလျှင်၊ မျက်စိကန်းသောသူတို့သည် အထံတော်သို့ ချဉ်းကပ်ကြ၏။ ကိုယ်တော်ကလည်း၊ ဤအမှုကို ငါတတ်နိုင်သည်ကို ယုံသလောဟု မေးတော်မူလျှင်၊ ယုံပါ၏သခင်ဟု လျှောက်ကြ၏။- မြန်မာ့စံမီသမ္မာကျမ်း အိမ်ထဲသို့ ဝင်တော်မူသောအခါ ထိုမျက်မမြင်တို့သည် အထံတော်သို့ချဉ်းကပ်လာကြ၏။ ယေရှုကလည်း“ဤအရာကို ငါလုပ်နိုင်သည်ဟု သင်တို့ယုံကြည်ကြသလော”ဟု မေးတော်မူလျှင် သူတို့က “ယုံကြည်ပါ၏ သခင်ဘုရား”ဟု ပြန်လျှောက်ကြ၏။ မြန်မာ အိမ်သို့ ဝင်တော်မူလျှင်၊ မျက်စိကန်းသောသူတို့သည် အထံတော်သို့ ချဉ်းကပ်ကြ၏။ ကိုယ်တော်ကလည်း၊ ဤအမှုကို ငါတတ်နိုင်သည်ကို ယုံသလောဟု မေးတော်မူလျှင်၊ ယုံပါ၏သခင်ဟု လျှောက်ကြ၏။- |
ထို့နောက် ယေရှုသည် လူထုကို အပြင်၌ထားခဲ့၍ အိမ်ထဲသို့ ဝင်တော်မူ၏။ ထိုအခါ တပည့်တော်တို့က “လယ်၌ရှိသော ပေါင်းပင်များပုံဥပမာကို အကျွန်ုပ်တို့အား ရှင်းပြတော်မူပါ” ဟု လျှောက်ကြ၏။
မြို့သားတို့မယုံကြည်သောကြောင့် ယေရှုသည်လည်း ထိုမြို့တွင် အံ့ဖွယ်တန်ခိုးများစွာ ပြတော်မမူပေ။
ယေရှုသည် ပေတရုအိမ်သို့ ကြွသောအခါ ပေတရု၏ ယောက္ခမသည် ဖျားလျက် အိပ်ရာထဲ၌ လဲနေသည်ကို မြင်တော်မူ၏။
ထိုအခါ အနာကြီးရောဂါသည်တစ်ဦးသည် ကိုယ်တော်ထံသို့ လာ၍ ဒူးထောက်လျက် “သခင်… သခင်အလိုတော်ရှိလျှင် အကျွန်ုပ်ကို စင်ကြယ်စေနိုင်ပါသည်” ဟု လျှောက်လေ၏။
ယေရှုသည် လှည့်၍ ထိုအမျိုးသမီးကို မြင်တော်မူလျှင် “သမီး… မစိုးရိမ်နှင့်။ သင်၏ယုံကြည်ခြင်းသည် သင့်ကို ကျန်းမာစေပြီ” ဟု မိန့်တော်မူ၏။ ထိုအခါ ချက်ချင်းပင် ထိုအမျိုးသမီးသည် ရောဂါပျောက်ကင်းလေ၏။
ယေရှုသည် ထိုနေရာမှ ထွက်ကြွတော်မူစဉ် မျက်မမြင်နှစ်ယောက်က “ဒါဝိဒ်မင်း၏သားတော် ယေရှု၊ အကျွန်ုပ်တို့ကို သနားတော်မူပါ” ဟု ဟစ်အော်လျက် နောက်တော်သို့ လိုက်ကြ၏။
ထို့နောက် သူတို့၏မျက်စိကို တို့ထိလျက် “သင်တို့၏ယုံကြည်မှုအတိုင်း ဖြစ်စေ” ဟု မိန့်တော်မူ၏။
ငါ့ကို ယုံကြည်၍ အသက်ရှင်သောသူသည် သေခြင်းနှင့် အစဉ်ကင်းလွတ်လိမ့်မည်။ ငါ့စကားကို သင်ယုံကြည်သလော” ဟု မိန့်တော်မူ၏။
ယေရှုက “သင်ယုံကြည်လျှင် ဘုရားသခင်၏ ဘုန်းတော်ကို မြင်ရမည်ဟု သင့်အား ငါပြောခဲ့ပြီ မဟုတ်လော” ဟု မာသကို မိန့်တော်မူ၏။
ထိုသူသည် ထိုင်လျက် ပေါလုဟောပြောသည်ကို နားထောင်နေ၏။ ပေါလုသည် ထိုသူကို သေချာစွာ ကြည့်လျှင် သူ့ထံ၌ အကောင်းပကတိအတိုင်းဖြစ်ရန် ယုံကြည်ခြင်းရှိသည်ကို တွေ့မြင်သဖြင့်