ထိုအခါ ယေရှုက “သတို့သား၏ မိတ်ဆွေအပေါင်းအသင်းများသည် ထိုသတို့သားနှင့်အတူရှိနေစဉ် ဝမ်းနည်းပူဆွေးတတ်ကြသလော။ သို့သော်လည်း သတို့သားကို သူတို့ထံမှ ခေါ်ယူသွားမည့်အချိန် ရောက်လာလိမ့်မည်။ ထိုအခါ သူတို့သည် အစာရှောင်ကြလိမ့်မည်။
မဿဲ 9:16 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့ပြင် မည်သူမျှ အထည်ဟောင်းကို ပိတ်စသစ်ဖြင့် ဖာလေ့မရှိ။ ထိုသို့ဖာလျှင် ပိတ်စသစ်သည် ရုန်းသဖြင့် အထည်ဟောင်း၏စုတ်ပြဲရာအပေါက်သည် ပို၍ ကျယ်လိမ့်မည်။ Common Language Bible မည်သူမျှပိတ်စသစ်နှင့်အထည်ဟောင်းကိုဖာ လေ့မရှိ။ ဖာခဲ့လျှင်ပိတ်စသစ်ကရုန်းသဖြင့် စုတ်ရာပြဲရာပို၍ဆိုးမည်။- Garrad Bible ၎င်း ပြင် မည် သူ မျှ အ ဝတ် ဟောင်း ကို အ ထည် သစ် စ နှင့် မ ဖာ တတ်။ ဖာ လျှင် ထို အ စ ရုန်း သ ဖြင့် သာ၍ စုတ် ကွဲ တတ် ၏။ Judson Bible အဝတ်ဟောင်းကို အထည်သစ်နှင့် ဖာလေ့မရှိ။ ထိုသို့ဖာလျှင် ဖာသောအထည်သည် အဝတ်ဟောင်းကို စား၍ အပေါက်ကျယ်တတ်၏။- မြန်မာ့စံမီသမ္မာကျမ်း မည်သူမျှ အဝတ်အဟောင်းကို ပိတ်စအသစ်ဖြင့် ဖာလေ့မရှိ။ အကြောင်းမူကား ဖာထားသောပိတ်စသည် အဝတ်ကိုရုန်းသဖြင့် စုတ်ပြဲသည့်နေရာသည် ပို၍ဆိုးလာလိမ့်မည်။ မြန်မာ အဝတ်ဟောင်းကို အထည်သစ်နှင့် ဖာလေ့မရှိ။ ထိုသို့ဖာလျှင် ဖာသောအထည်သည် အဝတ်ဟောင်းကို စား၍ အပေါက်ကျယ်တတ်၏။- |
ထိုအခါ ယေရှုက “သတို့သား၏ မိတ်ဆွေအပေါင်းအသင်းများသည် ထိုသတို့သားနှင့်အတူရှိနေစဉ် ဝမ်းနည်းပူဆွေးတတ်ကြသလော။ သို့သော်လည်း သတို့သားကို သူတို့ထံမှ ခေါ်ယူသွားမည့်အချိန် ရောက်လာလိမ့်မည်။ ထိုအခါ သူတို့သည် အစာရှောင်ကြလိမ့်မည်။
ထို့အတူ မည်သူမျှ စပျစ်ဝိုင်အသစ်ကို သားရေဘူးအဟောင်းထဲသို့ ထည့်လေ့မရှိကြ။ ထိုသို့ထည့်လျှင် စပျစ်ဝိုင်အသစ်သည် သားရေဘူးအဟောင်းကို ပေါက်ပြဲစေသဖြင့် စပျစ်ဝိုင်ယိုထွက်၍ သားရေဘူးလည်း ပျက်စီးလိမ့်မည်။ စပျစ်ဝိုင်အသစ်ကို သားရေဘူးအသစ်တွင်သာ ထည့်ရ၏။ သို့မှသာ စပျစ်ဝိုင်နှင့် သားရေဘူး နှစ်မျိုးစလုံးကို ကြာရှည်စွာ ထိန်းသိမ်းနိုင်လိမ့်မည်” ဟု ထိုသူတို့အား မိန့်တော်မူ၏။
မည်သူမျှ အထည်ဟောင်းကို ပိတ်စသစ်ဖြင့် ဖာလေ့မရှိ။ ထိုသို့ဖာလျှင် ပိတ်စသစ်သည် ရုန်းသဖြင့် အထည်ဟောင်း၏စုတ်ပြဲရာအပေါက်သည် ပို၍ ကျယ်လိမ့်မည်။
ထို့နောက် ယေရှုသည် သာဓကတစ်ခုကို သုံး၍ မိန့်တော်မူသည်မှာ “မည်သူမျှ အထည်သစ်မှ ပိတ်စကိုဆုတ်ဖြဲ၍ ပိတ်ထည်ဟောင်းကို ဖာလေ့မရှိ။ ထိုသို့ပြုလျှင် အထည်သစ်သည် ပျက်စီး၍ ထိုဖာထေးရာတွင် သုံးသည့်ပိတ်စသစ်သည်လည်း အထည်ဟောင်းနှင့် လိုက်ဖက်မည်မဟုတ်။
ငါသည် သင်တို့ကို ပြောစရာများစွာရှိသော်လည်း ယခုအချိန်တွင် သင်တို့မခံယူနိုင်ကြ။
ယခုတွင် ယုံကြည်ခြင်း၊ မျှော်လင့်ခြင်း၊ ချစ်ခြင်းမေတ္တာ ဤသုံးပါးတို့သည် တည်လျက်ရှိ၏။ ဤသုံးပါးတို့အနက် ချစ်ခြင်းမေတ္တာသည် အမြတ်ဆုံးဖြစ်၏။
သင်တို့၏လှူဒါန်းခြင်းအမှုသည် ယုံကြည်သူတို့၏လိုအပ်ချက်များကို ဖြည့်ဆည်းပေးသည်သာမက ဘုရားသခင်ကို ကျေးဇူးတင်သူများလည်း တိုးပွားလာစေ၏။