ထို့နောက် ယေရှုသည် လက်တစ်ဖက်သေသောသူအား “သင်၏လက်ကို ဆန့်လော့” ဟု မိန့်တော်မူ၏။ သူသည်လည်း လက်ကို ဆန့်သောအခါ အခြားသောလက်တစ်ဖက်ကဲ့သို့ပင် အကောင်းပကတိအတိုင်း ဖြစ်လေ၏။
မဿဲ 8:3 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ယေရှုသည်လည်း လက်တော်ကို ဆန့်၍ ထိုသူကို တို့ထိတော်မူပြီးလျှင် “ငါအလိုရှိ၏။ စင်ကြယ်စေ” ဟု မိန့်တော်မူ၏။ ထိုခဏအတွင်း၌ ထိုသူ၏ရောဂါသည်လည်း ပျောက်ကင်းလေ၏။ Common Language Bible သခင်ယေရှုသည်လက်တော်ကိုဆန့်၍ ``ငါအလို ရှိ၏။ သန့်စင်စေ'' ဟုမိန့်တော်မူပြီးလျှင်ထိုသူ ကိုတို့တော်မူ၏။ ချက်ချင်းထိုသူသည်အရေ ပြားရောဂါမှသန့်စင်၍သွားလေသည်။- Garrad Bible ကိုယ် တော် သည် လက် ဆန့်၍ တို့ တော် မူ လျက် ငါ အ လို ရှိ၏။ သန့် စေ ဟု မိန့် တော် မူ လျှင် မူ ချင်း နူ နာ သန့် ရာ ရောက် လေ၏။ Judson Bible ယေရှုကလည်း ငါအလိုရှိ၏။ သန့်ရှင်းခြင်းသို့ ရောက်စေဟု မိန့်တော်မူလျက် လက်တော်ကိုဆန့်၍ ထိုသူကို တို့တော်မူ၏။ ထိုခဏချင်းတွင် နူနာပျောက်၍ သန့်ရှင်းခြင်းသို့ရောက်လေ၏။- မြန်မာ့စံမီသမ္မာကျမ်း ကိုယ်တော်သည် လက်တော်ကိုဆန့်၍ ထိုသူကိုတို့ထိကာ“ငါအလိုရှိ၏။ စင်ကြယ်ခြင်းသို့ရောက်စေ”ဟု မိန့်တော်မူ၏။ ထိုခဏချင်းတွင် သူသည် အနာကြီးရောဂါပျောက်ကင်း၍ စင်ကြယ်ခြင်းသို့ရောက်လေ၏။ မြန်မာ ယေရှုကလည်း ငါအလိုရှိ၏။ သန့်ရှင်းခြင်းသို့ ရောက်စေဟု မိန့်တော်မူလျက် လက်တော်ကိုဆန့်၍ ထိုသူကို တို့တော်မူ၏။ ထိုခဏချင်းတွင် နူနာပျောက်၍ သန့်ရှင်းခြင်းသို့ရောက်လေ၏။- |
ထို့နောက် ယေရှုသည် လက်တစ်ဖက်သေသောသူအား “သင်၏လက်ကို ဆန့်လော့” ဟု မိန့်တော်မူ၏။ သူသည်လည်း လက်ကို ဆန့်သောအခါ အခြားသောလက်တစ်ဖက်ကဲ့သို့ပင် အကောင်းပကတိအတိုင်း ဖြစ်လေ၏။
ယေရှုသည် သနားတော်မူသဖြင့် လက်တော်ကို ဆန့်၍ ထိုသူကို တို့ထိတော်မူပြီးလျှင် “ငါအလိုရှိ၏။ စင်ကြယ်စေ” ဟု မိန့်တော်မူ၏။
ယေရှုသည် ထလျက် လေကို ဆုံးမတော်မူ၍ လှိုင်းတံပိုးအား “တိတ်ဆိတ်ငြိမ်သက်လော့” ဟု မိန့်တော်မူ၏။ ထိုအခါ လေသည် ချက်ချင်းငြိမ်၍ အလွန်သာယာသွားလေ၏။
ကိုယ်တော်သည် မိန်းကလေး၏ လက်ကိုကိုင်တော်မူလျက် “တာလိတကုမိ” ဟု မိန့်တော်မူ၏။ အဓိပ္ပာယ်မှာ “မိန်းကလေး… ထလော့” ဟု ဆိုလို၏။
ထို့နောက် ကောင်းကင်သို့ မော့ကြည့်၍ သက်ပြင်းချကာ “ဧဖသ” ဟု မိန့်တော်မူ၏။ အဓိပ္ပာယ်မှာ “ပွင့်စေ” ဟု ဆိုလို၏။
ယေရှုက လူထုပရိသတ်တို့သည် စုဝေးလျက် ပြေးလာကြသည်ကို မြင်လျှင် “သူငယ်ကို ဆွံ့အနားမကြားစေသောနတ်… သူငယ်ထံမှထွက်လော့။ မည်သည့်အခါမျှ ပြန်မဝင်နှင့်၊ ငါအမိန့်ပေး၏” ဟု နတ်ဆိုးကို ဆုံးမတော်မူ၏။
ပရောဖက်ဧလိရှဲလက်ထက်၌လည်း အစ္စရေးလူမျိုးထဲတွင် အနာကြီးရောဂါသည်များစွာ ရှိကြ၏။ ထိုသူတို့ထဲမှ မည်သူမျှ စင်ကြယ်ခွင့်မရဘဲ ဆီးရီးယားပြည်သားနေမန် တစ်ဦးတည်းသာ စင်ကြယ်ခွင့်ရ၏” ဟု မိန့်တော်မူ၏။
ယေရှုသည် လက်ကို ဆန့်၍ ထိုသူကို တို့ပြီးလျှင် “ငါအလိုရှိ၏။ စင်ကြယ်စေ” ဟု မိန့်တော်မူ၏။ ထိုခဏအတွင်း၌ ထိုသူ၏ရောဂါသည်လည်း ပျောက်ကင်းလေ၏။
ထို့နောက် ယေရှုက အနီးသို့ ချဉ်းကပ်၍ အလောင်းစင်ကိုတို့တော်မူလျှင် အလောင်းထမ်းသူများသည်ရပ်လျက်နေကြ၏။ ယေရှုကလည်း “အို လူငယ်… သင့်အား ငါအမိန့်ပေးသည်။ ထလော့” ဟု မိန့်တော်မူ၏။
ငါသည် သူတို့ရှေ့တွင် မည်သူမျှမပြုနိုင်သည့် နိမိတ်လက္ခဏာများကို မပြုဘဲနေခဲ့လျှင် သူတို့၌ အပြစ်ရှိမည်မဟုတ်။ ယခုမှာမူ သူတို့သည် ငါပြုသည့် နိမိတ်လက္ခဏာများကို တွေ့မြင်လျက်နှင့် ငါ့ကိုလည်းကောင်း၊ ငါ့ခမည်းတော်ကိုလည်းကောင်း မုန်းကြ၏။
ခမည်းတော်သည် သေလွန်သောသူတို့ကို ပြန်ရှင်စေတော်မူသကဲ့သို့ သားတော်သည်လည်း မိမိအလိုရှိသောသူတို့ကို ရှင်စေ၏။