အသီးအားဖြင့် အပင်အမျိုးအစားကို သိရ၏။ အသီးကောင်းလျှင် အပင်ကောင်း၏။ အသီးမကောင်းလျှင် အပင်သည်လည်း ကောင်းမည်မဟုတ်။
မဿဲ 7:20 - ခေတ်သစ်မြန်မာ သမ္မာကျမ်း အသီးကိုကြည့်၍ အပင်အကြောင်းကို သိနိုင်သကဲ့သို့ လူတို့၏ပြုမူပုံကို ထောက်ရှု၍ ထိုသူတို့၏ အကြောင်းကို သိနိုင်၏။ Common Language Bible သို့ဖြစ်၍မိစ္ဆာပရောဖက်တို့ကိုသူတို့၏အပြု အမူအားဖြင့် သင်တို့သိရှိကြလိမ့်မည်။ Garrad Bible သို့ ဖြစ်၍ ချင်း တို့ အ သီး အား ဖြင့် ထို သူ တို့ ကို သိ ရ ကြ လိမ့် မည်။ Judson Bible သို့ဖြစ်လျှင် ထိုပရောဖက်တို့၏ အကျင့်ကိုထောက်သော် သူတို့၏ သဘောကို သိရကြလိမ့်မည်။- မြန်မာ့စံမီသမ္မာကျမ်း သို့ဖြစ်၍ သူတို့၏အသီးများအားဖြင့် သူတို့ကို သင်တို့သိကြလိမ့်မည်။ မြန်မာ သို့ဖြစ်လျှင် ထိုပရောဖက်တို့၏ အကျင့်ကိုထောက်သော် သူတို့၏ သဘောကို သိရကြလိမ့်မည်။- |
အသီးအားဖြင့် အပင်အမျိုးအစားကို သိရ၏။ အသီးကောင်းလျှင် အပင်ကောင်း၏။ အသီးမကောင်းလျှင် အပင်သည်လည်း ကောင်းမည်မဟုတ်။
သင်တို့သည် ထိုသူတို့၏ ပြုမူပုံကို ထောက်ရှု၍ သူတို့သည် ပရောဖက်အတုအယောင်များဖြစ်ကြောင်းကို သိနိုင်၏။ ဆူးပင်မှ စပျစ်သီးကို ဆွတ်ခူးနိုင်သလော။ ဆူးချုံမှ သဖန်းသီးကို ဆွတ်ခူးနိုင်သလော။
အသီးအားဖြင့် အပင်အကြောင်းကို သိရ၏။ အဘယ်ကြောင့်ဆိုသော် သဖန်းသီးကို ဆူးပင်မှ မဆွတ်ခူးနိုင်။ စပျစ်သီးကို ဆူးခြုံမှ မဆွတ်ခူးနိုင်။
ထို့ကြောင့် ယခုလက်ရှိအမှု၌ သင်တို့အားကျွန်ုပ်ပြောလိုသည်မှာ ဤသူတို့နှင့် မပတ်သက်ကြနှင့်။ သွားကြပါစေ။ ဤအကြံအစည်သည် လူ၏အကြံအစည်ဖြစ်လျှင် ကျရှုံးပျက်စီးပါလိမ့်မည်။
ညီအစ်ကိုမောင်နှမတို့… သဖန်းပင်သည် သံလွင်သီးကို သီးနိုင်သလော။ စပျစ်နွယ်ပင်သည် သဖန်းသီးကို သီးနိုင်သလော။ ရေငန်စမ်းသည်လည်း ရေချိုကို မထွက်စေနိုင်ပါ။