ကိုယ်တော်သည် လူထုတို့ကို ပြန်လွှတ်တော်မူပြီးနောက် ဆုတောင်းရန် တောင်ပေါ်သို့ တက်ကြွတော်မူ၏။ ညအချိန်ရောက်သော် ထိုနေရာ၌ မိမိတစ်ကိုယ်တည်းရှိတော်မူ၏။
မဿဲ 6:6 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သို့ရာတွင် သင်သည် ဆုတောင်းသောအခါ အခန်းထဲသို့ ဝင်၍ တံခါးကို ပိတ်ပြီးလျှင် မျက်စိဖြင့် မတွေ့မြင်နိုင်သော သင်၏အဖထံတော်သို့ တောင်းလျှောက်လော့။ ထိုအခါ အရာအားလုံးကို သိမြင်တော်မူသော သင်၏အဖသည် ဆုလာဘ်ကို ပေးတော်မူလိမ့်မည်။ Common Language Bible သို့ရာတွင်သင်တို့သည်ဆုတောင်းပတ္ထနာပြုသော အခါအိမ်အတွင်းခန်းသို့ဝင်၍တံခါးကိုပိတ်ပြီး လျှင် မျက်စိနှင့်မတွေ့မမြင်နိုင်သောသင်တို့၏အဖ ထံတော်သို့ဆုတောင်းပတ္ထနာပြုကြလော့။ မထင် မရှားပြုသောအမှုကိုမြင်တော်မူသောသင်တို့ ၏အဖသည်သင်တို့အားကောင်းချီးပေးသနား တော်မူလိမ့်မည်။ Garrad Bible သင် မူ ကား ပ ဌ နာ ပြု သည့် ကာ လ အ တွင်း ခန်း ထဲ သို့ ဝင်၍ တံ ခါး ပိတ် ထား ပြီး လျှင် မ ထင် မ ရှား စံ နေ သော ကိုယ့် အ ဘ အား ပ ဌ နာ ပြု လော့၊ မ ထင် ရှား ရာ ကို ရှု မြင် တော် မူ သော သင့် အ ဘ သည် အ ကျိုး ဆက် ကို သ နား တော် မူ လိမ့် မည်။ Judson Bible သင်သည် ဆုတောင်းသောအခါ ဆိတ်ညံရာအခန်းသို့ဝင်၍ တံခါးကိုပိတ်ပြီးမှ၊ မထင်ရှားသောအရပ်၌ ရှိတော်မူသော သင်၏အဘကို ဆုတောင်းလော့။ မထင်ရှားသောအရာကို မြင်တော်မူသော သင်၏အဘသည် အကျိုးကို ထင်ရှားစွာ ပေးတော်မူလတ္တံ့။- မြန်မာ့စံမီသမ္မာကျမ်း သင်မူကား ဆုတောင်းသောအခါ သင်၏အိမ်အတွင်းခန်းသို့ဝင်၍ တံခါးကိုပိတ်ပြီးလျှင် မထင်ရှားသောအရပ်၌ရှိတော်မူသော သင်၏အဖထံသို့ ဆုတောင်းလော့။ ထိုအခါ မထင်ရှားသောအရာကိုမြင်တော်မူသော သင်၏အဖသည် သင့်အား ဆုလာဘ်ကိုပေးတော်မူလိမ့်မည်။ မြန်မာ သင်သည် ဆုတောင်းသောအခါ ဆိတ်ညံရာအခန်းသို့ဝင်၍ တံခါးကိုပိတ်ပြီးမှ၊ မထင်ရှားသောအရပ်၌ ရှိတော်မူသော သင်၏အဘကို ဆုတောင်းလော့။ မထင်ရှားသောအရာကို မြင်တော်မူသော သင်၏အဘသည် အကျိုးကို ထင်ရှားစွာ ပေးတော်မူလတ္တံ့။- |
ကိုယ်တော်သည် လူထုတို့ကို ပြန်လွှတ်တော်မူပြီးနောက် ဆုတောင်းရန် တောင်ပေါ်သို့ တက်ကြွတော်မူ၏။ ညအချိန်ရောက်သော် ထိုနေရာ၌ မိမိတစ်ကိုယ်တည်းရှိတော်မူ၏။
ထိုသို့ပြုလျှင် သင်အစာရှောင်နေကြောင်းကို မည်သူမျှ သိမည်မဟုတ်။ သို့သော်လည်း လူ့မျက်စိဖြင့် မတွေ့မြင်နိုင်သော သင်၏အဖသည် သိမြင်တော်မူ၏။ အရာအားလုံးကို သိမြင်တော်မူသော သင်၏အဖသည် ဆုလာဘ်ကို ပေးတော်မူလိမ့်မည်။
ထိုသို့ပြုလျှင် အရာအားလုံးကို သိမြင်တော်မူသော သင်၏အဖသည် ဆုလာဘ်ကို ပေးတော်မူလိမ့်မည်။
နာသနေလက “အရှင်သည်အကျွန်ုပ်ကို မည်သို့သိတော်မူသနည်း” ဟု မေးလျှောက်လေ၏။ ယေရှုကလည်း “သင့်ကို ဖိလိပ္ပု မခေါ်မီ သင်သည် သဖန်းပင်အောက်၌ ရှိနေစဉ် သင့်ကို ငါမြင်၏” ဟု ပြန်၍မိန့်တော်မူ၏။
ယေရှုက “ငါသည် ခမည်းတော်ထံသို့ မတက်ရသေးသဖြင့် ငါ့ကို မထိနှင့်ဦး။ ငါ့တပည့်တို့ထံ သွား၍ ‘ငါ့အဖဟူသော သင်တို့၏အဖ၊ ငါ့ဘုရားသခင်ဟူသော သင်တို့၏ ဘုရားသခင်ထံသို့ ငါတက်သွားရမည်’ ဟူ၍ ပြောလော့” ဟု မိန့်တော်မူ၏။
ကော်နေလိကလည်း “လွန်ခဲ့သောလေးရက်က ယခုကဲ့သို့သော မွန်းလွဲသုံးနာရီအချိန်တွင် ကျွန်ုပ်သည် အိမ်၌ဆုတောင်းနေ၏။ ထိုအခါ တောက်ပသောအဝတ်ကို ဝတ်ဆင်ထားသည့် လူတစ်ဦးသည် ကျွန်ုပ်ရှေ့တွင် ရပ်လျက်
နောက်တစ်နေ့၌ ထိုသူတို့သည် ခရီးသွား၍ယုပ္ပေမြို့နှင့် နီးလာစဉ် မွန်းတည့်ချိန်ခန့်တွင် ပေတရုသည် ဆုတောင်းရန် လသာဆောင်ပေါ်သို့ တက်လေ၏။
ပေတရုသည် ထိုသူအားလုံးတို့ကို အပြင်သို့ထွက်စေပြီး ဒူးထောက်လျက် ဆုတောင်းလေ၏။ အလောင်းရှိရာသို့ လှည့်၍ “တဗိသ… ထလော့” ဟု ဆို၏။ တဗိသသည်လည်း မျက်စိကိုဖွင့်ရာ ပေတရုကိုတွေ့မြင်သဖြင့် ထထိုင်လေ၏။
လူ့ဗီဇစိတ် အလိုအတိုင်း အသက်ရှင်သောသူတို့သည် လူ့ဗီဇစိတ်နှင့်ဆိုင်သော အရာတို့ကို စွဲလမ်းကြ၏။ ဝိညာဉ်တော်၏ အလိုအတိုင်း အသက်ရှင်သောသူတို့မှာ ဝိညာဉ်တော်နှင့်ဆိုင်သော အရာတို့ကို စွဲလမ်းကြ၏။
ဤအကြောင်းကြောင့် ကျွန်ုပ်သည် ကောင်းကင်ဘုံသားနှင့် လောကီဘုံသားတို့၏ အမျိုးအနွယ်ကို ဖန်ဆင်းတော်မူသော အဖဘုရားသခင်ထံ ဒူးထောက်လျက်