ထို့ကြောင့် အလင်းရှိခိုက် ထိုအလင်းကို ယုံကြည်ကြလော့။ သို့မှသာ သင်တို့သည် အလင်း၏သားသမီးများ ဖြစ်ကြလိမ့်မည်” ဟု မိန့်တော်မူ၏။ ဤအရာများကို မိန့်တော်မူပြီးနောက် ယေရှုသည် ထွက်ကြွ၍ ထိုသူတို့ကို တိမ်းရှောင်လျက် နေတော်မူ၏။
မဿဲ 5:14 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သင်တို့သည် ဤလောက၏ အလင်းဖြစ်ကြ၏။ တောင်ထိပ်၌ တည်သောမြို့ကို ဖုံးကွယ်ထား၍ မရနိုင်။ Common Language Bible ``သင်တို့သည်လောက၏အလင်းသဖွယ်ဖြစ် ကြ၏။ တောင်ပေါ်မှာတည်ထားသောမြို့ကိုဖုံး ကွယ်၍မထားနိုင်။- Garrad Bible သင် တို့ သည် ဤ လော က ၏ အ လင်း ဖြစ်၏။ တောင် ထိပ် ပေါ် မှာ တည် ရှိ သော မြို့ သည် ပုန်း ကွယ် လျက် မ နေ နိုင်၊ Judson Bible သင်တို့သည် ဤလောက၏ အလင်းဖြစ်ကြ၏။ တောင်ထိပ်၌တည်သောမြို့ကို မကွယ်နိုင်။- မြန်မာ့စံမီသမ္မာကျမ်း သင်တို့သည် လောက၏အလင်းဖြစ်ကြ၏။ တောင်ပေါ်၌တည်ရှိသောမြို့ကို ကွယ်ဝှက်၍မရနိုင်။ မြန်မာ သင်တို့သည် ဤလောက၏ အလင်းဖြစ်ကြ၏။ တောင်ထိပ်၌တည်သောမြို့ကို မကွယ်နိုင်။- |
ထို့ကြောင့် အလင်းရှိခိုက် ထိုအလင်းကို ယုံကြည်ကြလော့။ သို့မှသာ သင်တို့သည် အလင်း၏သားသမီးများ ဖြစ်ကြလိမ့်မည်” ဟု မိန့်တော်မူ၏။ ဤအရာများကို မိန့်တော်မူပြီးနောက် ယေရှုသည် ထွက်ကြွ၍ ထိုသူတို့ကို တိမ်းရှောင်လျက် နေတော်မူ၏။
ယောဟန်သည် မီးစာဖြင့် ထွန်းညှိထား၍ လင်းထိန်နေသော ဆီမီးခွက်သဖွယ်ဖြစ်ပြီး သင်တို့သည် သူ၏ သတင်းစကားကြောင့် ခဏတာစိတ်အားထက်သန်ကြ၏။
တစ်ဖန် ယေရှုက လူတို့အား “ငါသည် လောက၏ အလင်းဖြစ်၏။ ငါ့နောက်သို့ လိုက်သောသူသည် အသက်၏အလင်းကို ရရှိ၍ အမှောင်ထုထဲတွင် သွားလာရမည်မဟုတ်” ဟု မိန့်တော်မူ၏။
မယုံကြည်သောသူတို့နှင့် တွဲဖက်၍ မလုပ်ဆောင်ကြနှင့်။ ဖြောင့်မတ်သောသူနှင့် တရားမဲ့သောသူသည် မည်သို့ တွဲဖက်၍ လုပ်ဆောင်နိုင်မည်နည်း။ အလင်းနှင့် အမှောင်သည် မည်သို့ ဆက်စပ်ယှဉ်တွဲ၍ နေနိုင်မည်နည်း။
ထိုသို့ပြုလျှင် ဖောက်ပြန်ကောက်ကျစ်သည့်သူများ၏ အလယ်တွင် သင်တို့သည် ဖြူစင်ရိုးသားပြီး အပြစ်ဆိုဖွယ်မရှိသောသူများ၊ အပြစ်အနာအဆာကင်းသော ဘုရားသားသမီးများ ဖြစ်ကြလိမ့်မည်။ ဤလောက၌ ထိုသူတို့၏ အလယ်တွင် ကြယ်များကဲ့သို့ ထွန်းလင်းတောက်ပကြလိမ့်မည်။
အဘယ်ကြောင့်ဆိုသော် သင်တို့သည် အလင်း၏သားသမီးများ၊ နေ့၏သားသမီးများဖြစ်သောကြောင့်ပင်။ ကျွန်ုပ်တို့သည် ည၏သားသမီးများ၊ အမှောင်၏ သားသမီးများမဟုတ်။
ငါ၏လက်ယာလက်၌ သင်မြင်တွေ့ရသော ကြယ်ခုနစ်လုံးနှင့် ရွှေဆီမီးတိုင် ခုနစ်တိုင်တို့၏ လျှို့ဝှက်နက်နဲသောအရာမှာ ကြယ်ခုနစ်လုံးသည် အသင်းတော်ခုနစ်ပါး၏ ကောင်းကင်တမန်များဖြစ်ပြီး ရွှေဆီမီးတိုင်ခုနစ်တိုင်သည် အသင်းတော်ခုနစ်ပါးဖြစ်၏။
ထို့ကြောင့် သင်ကျဆင်းသွားသည့်အပိုင်းကို ဆင်ခြင်လော့။ နောင်တရလျက် အစဦး၌ ပြုသကဲ့သို့ ပြုလော့။ ထိုသို့နောင်တမရပါက ငါသည် သင့်ထံသို့လာ၍ သင့်ဆီမီးတိုင်ကို နေရာမှ ဖယ်ရှားမည်။