Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ သက် 5:5 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

5 အဘယ်ကြောင့်ဆိုသော် သင်တို့​သည် အလင်း​၏​သားသမီးများ၊ နေ့​၏​သားသမီးများ​ဖြစ်​သောကြောင့်​ပင်။ ကျွန်ုပ်တို့​သည် ည​၏​သားသမီးများ၊ အမှောင်​၏ သားသမီးများ​မဟုတ်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

5 သင်​တို့​အား​လုံး​ပင်​အ​လင်း​တွင်​လည်း​ကောင်း၊ နေ့ တွင်​လည်း​ကောင်း​ကျင်​လည်​သူ​များ​ဖြစ်​ကြ​၏။ ငါ တို့​သည်​ညဥ့်​တွင်​လည်း​ကောင်း​မှောင်​မိုက်​တွင်​လည်း ကောင်း​ကျင်​လည်​သူ​များ​မ​ဟုတ်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

5 ရှိ သ မျှ ပင် အ လင်း ရောက် သူ၊ နေ့ ရောက် သူ များ ဖြစ် ကြ၏။ ညဉ့် နှင့် သော် လည်း ကောင်း၊ မှောင် နှင့် သော် လည်း ကောင်း၊ ငါ တို့ မ ဆိုင် သည် ဖြစ်၍၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

5 သင်​တို့​အ​ပေါင်း​သည် အ​လင်း၏​သား၊ နေ့၏​သား​ဖြစ်​ကြ၏။ ည၏​သား၊ မှောင်​မိုက်၏​သား မ​ဟုတ်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

5 အကြောင်းမူကား သင်​တို့​အားလုံး​သည် အလင်း​၏​သားသမီး​များ၊ နေ့​၏​သားသမီး​များ​ဖြစ်​ကြ​၏။ ငါ​တို့​သည် ည​နှင့်​ဖြစ်စေ၊ အမှောင်​နှင့်​ဖြစ်စေ စပ်ဆိုင်​ကြ​သည်​မ​ဟုတ်။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ သက် 5:5
7 ပူးပေါင်းရင်းမြစ်များ  

ထိုအခါ သူဌေး​သည် မရိုးသားသော​စီမံခန့်ခွဲသူ​၏​ပါးနပ်သည့်​လုပ်ရပ်များ​ကို ချီးမွမ်းလေ၏။ အဘယ်ကြောင့်ဆိုသော် လောကီသားတို့​သည် မိမိတို့​၏​လောကီရေးရာ​ကို လုပ်ဆောင်ရာ​တွင် အလင်း​၏​သားသမီးများ​ထက် ပါးနပ်ကြ​သောကြောင့်​ဖြစ်၏။


ထို့ကြောင့် အလင်း​ရှိ​ခိုက် ထို​အလင်း​ကို ယုံကြည်ကြလော့။ သို့မှသာ သင်တို့​သည် အလင်း​၏​သားသမီးများ ဖြစ်ကြ​လိမ့်မည်” ဟု မိန့်တော်မူ၏။ ဤ​အရာများ​ကို မိန့်တော်မူ​ပြီးနောက် ယေရှု​သည် ထွက်ကြွ​၍ ထို​သူတို့​ကို တိမ်းရှောင်​လျက် နေတော်မူ၏။


သူတို့​အား​အမှောင်​မှ အလင်း​သို့​လည်းကောင်း၊ စာတန်မာရ်နတ်​၏​လက်အောက်​မှ ဘုရားသခင်​ထံသို့​လည်းကောင်း ပြောင်းလဲလာ​စေရန် သင်​သည် ထို​သူတို့​၏​မျက်စိများ​ကို ဖွင့်ပေး​ရမည်။ သို့မှသာ သူတို့​သည် အပြစ်များ​အတွက်​ခွင့်လွှတ်ခြင်း​ကို ခံစားရမည်။ ထို့ပြင် ငါ့​ကို​ယုံကြည်ကြ​သဖြင့် ဘုရားသခင်​သန့်ရှင်းစေတော်မူသော​လူစု​ထဲတွင် ပါဝင်ရ​လိမ့်မည်’ ဟု မိန့်တော်မူ၏။


သင်တို့​သည် ယခင်​က အမှောင် ဖြစ်ခဲ့​သော်လည်း ယခု​တွင်မူ သခင်ဘုရား​၏ လူများ ဖြစ်လာကြ​သောကြောင့် အလင်း ဖြစ်ကြ၏။ သို့ဖြစ်၍ အလင်း​၏ သားသမီးများ​ကဲ့သို့ ပြုမူနေထိုင်ကြလော့။


သို့သော် ကျွန်ုပ်​တို့​သည် နေ့​၏​သားသမီးများ​ဖြစ်သောကြောင့် တည်ကြည်​လျက် သတိ​ရှိကြစို့။ ယုံကြည်ခြင်း​နှင့် ချစ်ခြင်း​ကို ရင်အုပ်ကာ​ချပ်ဝတ်​အဖြစ် ဝတ်ဆင်​လျက် ကယ်တင်ခံရမည်​ဟူသော မျှော်လင့်ခြင်း​ကို သံခမောက်​အဖြစ် ဆောင်းကြစို့။


သို့ရာတွင် ၎င်း​သည် ပညတ်သစ်​လည်း ဖြစ်၏။ ဤ​ပညတ်သစ်​သည် အသစ်​ဖြစ်ကြောင်း​ကို ယေရှု​ခရစ်တော်​၌​လည်းကောင်း၊ သင်တို့​၌​လည်းကောင်း အမှန်​ပင် မြင်တွေ့​ရ၏။ အဘယ်ကြောင့်ဆိုသော် အမှောင်​သည် ပျောက်ကွယ်​၍ စစ်မှန်သော​အလင်း​သည် ထွန်းလင်း​လျက်​ရှိ​သောကြောင့် ဖြစ်၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ