ယခုပင် ငါတို့ကို ကာကွယ်ရန် ဆယ့်နှစ်တပ်ထက်မကသော ကောင်းကင်တမန်တပ်များကို ငါ့ထံသို့ စေလွှတ်ရန် တောင်းဆိုလျှင် ငါ၏ ခမည်းတော်သည် ချက်ချင်းစေလွှတ်ပေးနိုင်သည်ကို သင်တို့မသိသလော။
မဿဲ 4:11 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုအခါ မာရ်နတ်သည် ထွက်ခွာသွားပြီး ကောင်းကင်တမန်တို့သည် လာ၍ ယေရှုကို လုပ်ကျွေးပြုစုကြ၏။ Common Language Bible ထိုအခါမာရ်နတ်သည်အထံတော်မှထွက်ခွာ သွားလေသည်။ ထိုနောက်ကောင်းကင်တမန်တို့ သည်ကိုယ်တော်ထံသို့ချဉ်းကပ်ပြီးလျှင်လုပ် ကျွေးပြုစုကြ၏။ Garrad Bible ထို အ ခါ မာရ် နတ် သည် ကိုယ် တော့် ထံ မှ ခွာ သွား သ ဖြင့် စေ တ မန် တော် တို့ လာ ရောက်၍ လုပ် ကျွေး သ မှု ပြု ကြ၏။ Judson Bible ထိုအခါ မာရ်နတ်သည် အထံတော်မှထွက်သွား၍ ကောင်းကင်တမန်တို့သည် ချဉ်းကပ်လျက် လုပ်ကျွေးကြ၏။- မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ မာရ်နတ်သည် ကိုယ်တော်ထံမှ ထွက်ခွာသွား၍ ကောင်းကင်တမန်များသည် ချဉ်းကပ်လာလျက် ကိုယ်တော်ကိုပြုစုကြ၏။ မြန်မာ ထိုအခါ မာရ်နတ်သည် အထံတော်မှထွက်သွား၍ ကောင်းကင်တမန်တို့သည် ချဉ်းကပ်လျက် လုပ်ကျွေးကြ၏။- |
ယခုပင် ငါတို့ကို ကာကွယ်ရန် ဆယ့်နှစ်တပ်ထက်မကသော ကောင်းကင်တမန်တပ်များကို ငါ့ထံသို့ စေလွှတ်ရန် တောင်းဆိုလျှင် ငါ၏ ခမည်းတော်သည် ချက်ချင်းစေလွှတ်ပေးနိုင်သည်ကို သင်တို့မသိသလော။
“သင်သည် ဘုရားသခင်၏ သားတော်မှန်လျှင် အောက်သို့ ခုန်ချလော့။ အဘယ်ကြောင့်ဆိုသော် ကျမ်းစာတွင် ရေးသားထားသည်မှာ ‘ဘုရားသခင်သည် ကောင်းကင်တမန်များအား သင့်ကို စောင့်ရှောက်ရန် မှာထားတော်မူလိမ့်မည်။ သင်၏ခြေကို ကျောက်နှင့် မထိခိုက်စေရန် သူတို့သည် သင့်ကို လက်ဖြင့် ချီပင့်ကြလိမ့်မည်’ ဟူ၍ ဖြစ်သည်” ဟု လျှောက်လေ၏။
ထိုတောကန္တာရတွင် ရက်ပေါင်းလေးဆယ်နေ၍ မာရ်နတ်၏ ဖြားယောင်းသွေးဆောင်ခြင်းကို ခံတော်မူ၏။ ယေရှုသည် သားရဲတိရစ္ဆာန်များနှင့်အတူ ရှိတော်မူ၍ ကောင်းကင်တမန်များကလည်း ယေရှုကို လုပ်ကျွေးပြုစုကြ၏။
ငါသည် နေ့စဉ်နေ့တိုင်း ဗိမာန်တော်တွင် သင်တို့နှင့်အတူရှိစဉ် မဖမ်းဆီးဘဲနေကြ၏။ သို့သော်လည်း ဤအချိန်သည် သင်တို့၏အချိန်၊ အမှောင်ထုကြီးစိုးချိန် ဖြစ်၏” ဟု မိန့်တော်မူ၏။
မာရ်နတ်သည် မိမိ၏ဖြားယောင်းသွေးဆောင်ခြင်းအားလုံး ပြီးဆုံးသောအခါ ယေရှုထံမှထွက်ခွာ၍ နောက်ထပ်အခွင့်အခါကောင်းကို စောင့်လျက်နေ၏။
ဤလောကီကို အုပ်ချုပ်သောမင်း ရောက်လာတော့မည်ဖြစ်သောကြောင့် ငါသည် သင်တို့နှင့် ပြောဆိုရန် အချိန်များစွာ မရှိတော့ပေ။ ထိုမင်းသည် ငါ့အပေါ် ကြီးစိုးရန် မည်သည့်အာဏာမျှ မရှိ။
ကျွန်ုပ်တို့၏ ယုံကြည်ခြင်းတရား နက်နဲဆန်းကြယ်ပုံသည် အမှန်တကယ်ကြီးမြတ်လှ၏။ သခင်ဘုရားသည် လူသားအဖြစ် ကြွလာတော်မူခဲ့ပြီး ဘုရားသခင်၏ သားတော် စစ်မှန်ကြောင်း ဝိညာဉ်တော်အားဖြင့် ဖော်ပြခြင်းခံရတော်မူ၏။ ကိုယ်တော်ကို ကောင်းကင်တမန်တို့ မြင်ကြ၏။ ကိုယ်တော်အကြောင်းကို လူမျိုးခြားတို့ထံ ဟောပြောကြ၏။ ကိုယ်တော်ကို ကမ္ဘာလောကသားတို့ ယုံကြည်ကြ၏။ ကိုယ်တော်ကို ဘုန်းအသရေနှင့်တကွ ကောင်းကင်ဘုံသို့ ဘုရားသခင်ခေါ်ယူတော်မူ၏။
သို့ဖြစ်လျှင် ကောင်းကင်တမန်များသည် ကယ်တင်ခြင်းအမွေခံမည့်သူများကို အစေခံရန် ဘုရားသခင်စေလွှတ်တော်မူသော အစေခံဝိညာဉ်များ ဖြစ်ကြသည်မဟုတ်လော။
ဘုရားသခင်သည် မိမိ၏သားဦးကို ဤလောကသို့ စေလွှတ်တော်မူသောအခါ “ဘုရားသခင်၏ ကောင်းကင်တမန်အားလုံးတို့သည် ထိုအရှင်ကို ကိုးကွယ်ရမည်” ဟု မိန့်တော်မူ၏။