“ငါရွေးကောက်တော်မူသော အစေခံကို ကြည့်ကြလော့။ သူသည် ငါချစ်မြတ်နိုးသူ၊ ငါ့ကိုကျေနပ်စေသူ ဖြစ်၏။ ငါ၏ဝိညာဉ်တော်ကို သူ့အပေါ်သို့ သွန်းလောင်းမည်။ သူသည် လူမျိုးအပေါင်းတို့အား တရားသောစီရင်ချက်ကို ကြေညာလိမ့်မည်။
မဿဲ 3:17 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုအခါ ကောင်းကင်မှ “ဤသူသည် ငါနှစ်သက်မြတ်နိုးသော ငါ၏ချစ်သားဖြစ်၏” ဟူသော အသံတော်ထွက်ပေါ်လာ၏။ Common Language Bible ထိုနောက် ``ဤသူကားငါ၏ချစ်သားဖြစ်၏။ သူ့ကိုငါနှစ်သက်မြတ်နိုး၏'' ဟုကောင်းကင်မှ အသံတော်ပေါ်ထွက်လာ၏။ Garrad Bible ကောင်း ကင် မှ လည်း ဤ သူ ကား ငါ နှစ် သက် မြတ် နိုး ရာ ချစ် သား ပေ တည်း ဟု ဗျာ ဒိတ် တော် သံ ရောက် လာ ၏။ Judson Bible ဤသူကား ငါနှစ်သက်မြတ်နိုးရာ၊ ငါ၏ချစ်သားပေတည်းဟု ကောင်းကင်က အသံတော်ဖြစ်လေ၏။ မြန်မာ့စံမီသမ္မာကျမ်း ကောင်းကင်မှလည်း “ဤသူကား ငါ၏ချစ်သားပေတည်း။ သူ့ကိုငါနှစ်သက်၏”ဟု အသံတော်ထွက်ပေါ်လာ၏။ မြန်မာ ဤသူကား ငါနှစ်သက်မြတ်နိုးရာ၊ ငါ၏ချစ်သားပေတည်းဟု ကောင်းကင်က အသံတော်ဖြစ်လေ၏။ |
“ငါရွေးကောက်တော်မူသော အစေခံကို ကြည့်ကြလော့။ သူသည် ငါချစ်မြတ်နိုးသူ၊ ငါ့ကိုကျေနပ်စေသူ ဖြစ်၏။ ငါ၏ဝိညာဉ်တော်ကို သူ့အပေါ်သို့ သွန်းလောင်းမည်။ သူသည် လူမျိုးအပေါင်းတို့အား တရားသောစီရင်ချက်ကို ကြေညာလိမ့်မည်။
ထိုသို့ လျှောက်နေစဉ် တောက်ပသောမိုးတိမ်သည် သူတို့အပေါ်သို့ လွှမ်းမိုး၍ မိုးတိမ်ထဲက “ဤသူသည် ငါနှစ်သက်မြတ်နိုးသည့် ငါ၏ ချစ်သားဖြစ်၏။ သူ၏စကားကို နားထောင်ကြလော့” ဟူသော အသံတော်ထွက်ပေါ်လာ၏။
ထိုအခါ ကောင်းကင်မှ “သင်သည် ငါနှစ်သက်မြတ်နိုးသော ငါ၏ချစ်သားဖြစ်၏” ဟူသော အသံတော်ထွက်ပေါ်လာ၏။
ထိုစဉ် မိုးတိမ်သည် သူတို့အပေါ်သို့ လွှမ်းမိုး၍ မိုးတိမ်ထဲက “ဤသူသည် ငါနှစ်သက်မြတ်နိုးသည့် ငါ၏ ချစ်သားဖြစ်၏။ သူ၏စကားကို နားထောင်ကြလော့” ဟူသော အသံတော်ထွက်ပေါ်လာ၏။
သန့်ရှင်းသောဝိညာဉ်တော်သည် ချိုးငှက်အသွင်ဆောင်လျက် ယေရှုအပေါ်ဆင်းသက်၍ နားတော်မူ၏။ ကောင်းကင်မှ “သင်သည် ငါနှစ်သက်မြတ်နိုးသော ငါ၏ချစ်သား ဖြစ်၏” ဟူသော အသံတော်ထွက်ပေါ်လာ၏။
ထို့နောက် မိုးတိမ်ထဲက “ဤသူသည် ငါရွေးချယ်သော ငါ၏ချစ်သားဖြစ်၏။ သူ၏စကားတော်ကို နားထောင်ကြ” ဟူသော အသံတော်ထွက်ပေါ်လာ၏။
ခမည်းတော်သည် သားတော်ကို ချစ်တော်မူသောကြောင့် မိမိပြုတော်မူသမျှကို သားတော်အား ပြတော်မူ၏။ ဤလူကို ကျန်းမာစေခြင်းအမှုကဲ့သို့သော အမှုများထက် ပို၍ ကြီးမြတ်သော အမှုများကို ခမည်းတော်သည် သားတော်အား ပြတော်မူလိမ့်မည်။ ထိုအခါ သင်တို့သည် အမှန်ပင်အံ့အားသင့်ကြလိမ့်မည်။
ငါ့ကို စေလွှတ်တော်မူသောခမည်းတော်သည်လည်း ငါ့အကြောင်းကို သက်သေခံတော်မူ၏။ သင်တို့သည် ခမည်းတော်၏ အသံတော်ကိုလည်း မည်သည့်အခါမျှမကြားကြ။ ပုံသဏ္ဌာန်တော်ကိုလည်း မမြင်ကြ။
ထို့ကြောင့် ချစ်တော်မူသော သားတော်အားဖြင့် ကျွန်ုပ်တို့ကို ရက်ရောစွာ ပေးသနားတော်မူသည့် ဘုန်းကြီးသောကျေးဇူးတော်အတွက် ကျွန်ုပ်တို့သည် ဘုရားသခင်ကို ချီးမွမ်းကြရမည်ဖြစ်၏။
ဘုရားသခင်သည် ကျွန်ုပ်တို့ကို အမှောင်၏ အုပ်စိုးမှုထဲမှ ကယ်တင်၍ မိမိချစ်တော်မူသော သားတော်၏ နိုင်ငံတော်ထဲသို့ ခေါ်သွင်းတော်မူ၏။
ကိုယ်တော်သည် ခမည်းတော်ဘုရားသခင်ထံမှ ဂုဏ်အသရေနှင့် ဘုန်းအသရေကို ခံယူတော်မူခဲ့၏။ ထိုစဉ် ဘုရားသခင်၏ ကြီးမြတ်သောဘုန်းတော်ထံမှ “ဤသူသည် ငါနှစ်သက်မြတ်နိုးသည့် ငါ၏ ချစ်သားဖြစ်၏” ဟူသော အသံတော်သည် ထွက်ပေါ်လာ၏။
ကျွန်ုပ်တို့သည် လူ၏သက်သေကို လက်ခံကြ၏။ ဘုရားသခင်၏ သက်သေမှာမူ ပို၍ ခိုင်လုံ၏။ အဘယ်ကြောင့်ဆိုသော် ဤသက်သေခံချက်သည် ဘုရားသခင်၏ သက်သေခံတော်မူချက်ဖြစ်၍ မိမိသားတော်နှင့်ပတ်သက်သော သက်သေခံတော်မူချက်ဖြစ်၏။
ထို့နောက် ဟုန်းဟုန်းမြည်သောရေစီးသံကဲ့သို့လည်းကောင်း၊ ကျယ်လောင်သော မိုးခြိမ်းသံကဲ့သို့လည်းကောင်း ကောင်းကင်ဘုံမှ အသံကို ကျွန်ုပ်ကြားရ၏။ ကျွန်ုပ်ကြားရသောအသံမှာ စောင်းသမားများစောင်းတီးနေသောအသံကဲ့သို့ ဖြစ်၏။