အလောင်းတော်အား မိမိကိုယ်ပိုင်ဖြစ်သော ကျောက်ဆောင်ကို ထွင်းထားသည့် သင်္ချိုင်းဂူသစ်တွင် သင်္ဂြိုဟ်လေ၏။ ထို့နောက် သူသည် ကျောက်တုံးကြီးကို ဂူဝသို့ လှိမ့်၍ ပိတ်ထားပြီးမှ ပြန်လေ၏။
မဿဲ 28:2 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုအခါ အလွန်ပြင်းထန်သောငလျင် လှုပ်လေ၏။ ထာဝရဘုရား၏ ကောင်းကင်တမန်တစ်ပါးသည် ကောင်းကင်မှ ဆင်းသက်လာ၍ သင်္ချိုင်းဂူဝတွင် ပိတ်ထားသောကျောက်တုံးကို လှိမ့်ဖယ်ပြီးလျှင် ထိုကျောက်တုံးပေါ်၌ ထိုင်လေ၏။ Common Language Bible ထိုအချိန်၌မြေငလျင်ပြင်းစွာလှုပ်လေသည်။ ဘုရားသခင်၏ကောင်းကင်တမန်သည်ကောင်းကင် ဘုံမှဆင်းသက်လာ၍ သင်္ချိုင်းဂူဝမှကျောက်တုံး ကိုလှိမ့်ဖယ်လိုက်ပြီးလျှင်ထိုကျောက်တုံးပေါ်မှာ ထိုင်နေ၏။- Garrad Bible ထာ ဝ ရ ဘု ရား၏ စေ တ မန် တစ် ပါး သည် လျှပ် စစ် ပ မာ အ ဆင်း မိုး ပွင့် ပ မာ ဖွဲ့ ဖြူ နှင့် ကောင်း ကင် မှ ဆင်း လာ၍ ကျောက် လုံး ကို လှိမ့် ဖယ် ပြီး လျှင် ထို ကျောက် ပေါ် တွင် ထိုင် နေ သည့် အ လျောက် Judson Bible ထိုအခါ မြေကြီးသည် ပြင်းစွာလှုပ်လေ၏။ အကြောင်းမူကား၊ ထာဝရဘုရား၏ ကောင်းကင်တမန်သည် ကောင်းကင်ဘုံမှ ဆင်းလာ၍၊ တွင်းဝ၌ပိတ်သောကျောက်ကို လှိမ့်လှန်ပြီးလျှင်၊ ထိုကျောက်ပေါ်မှာ ထိုင်နေ၏။- မြန်မာ့စံမီသမ္မာကျမ်း ထိုစဉ် အလွန်ပြင်းထန်သော ငလျင်လှုပ်လေ၏။ အကြောင်းမူကား ထာဝရဘုရား၏ကောင်းကင်တမန်သည် ကောင်းကင်မှဆင်းလာ၍ ကျောက်တုံးကိုလှိမ့်ဖယ်ကာ ၎င်းအပေါ်၌ ထိုင်လေ၏။ မြန်မာ ထိုအခါ မြေကြီးသည် ပြင်းစွာလှုပ်လေ၏။ အကြောင်းမူကား၊ ထာဝရဘုရား၏ ကောင်းကင်တမန်သည် ကောင်းကင်ဘုံမှ ဆင်းလာ၍၊ တွင်းဝ၌ပိတ်သောကျောက်ကို လှိမ့်လှန်ပြီးလျှင်၊ ထိုကျောက်ပေါ်မှာ ထိုင်နေ၏။- |
အလောင်းတော်အား မိမိကိုယ်ပိုင်ဖြစ်သော ကျောက်ဆောင်ကို ထွင်းထားသည့် သင်္ချိုင်းဂူသစ်တွင် သင်္ဂြိုဟ်လေ၏။ ထို့နောက် သူသည် ကျောက်တုံးကြီးကို ဂူဝသို့ လှိမ့်၍ ပိတ်ထားပြီးမှ ပြန်လေ၏။
ထို့ကြောင့် သူတို့သည် သင်္ချိုင်းဂူကို တံဆိပ်ခတ်နှိပ်ကြပြီးလျှင် စောင့်ကြပ်ရန် အစောင့်တပ်သားများကို ချထားကြ၏။
တနင်္ဂနွေနေ့နံနက်စောစော မှောင်လျက် ရှိနေသေးချိန်တွင် မာဂဒလမာရိသည် သင်္ချိုင်းဂူသို့ ရောက်လာရာ ဂူဝ၌ ပိတ်ထားသောကျောက်တုံးကြီးမှာ ဘေးဘက်သို့ လှိမ့်ဖယ်ထားပြီးဖြစ်သည်ကို မြင်လေ၏။
ရုတ်တရက် မြေငလျင်ပြင်းစွာလှုပ်သဖြင့် ထောင်၏အုတ်မြစ်သည် လှုပ်ခါလေ၏။ ထိုအခါ ချက်ချင်းပင် ထောင်တံခါးများ ပွင့်သွား၍ အကျဉ်းသားများကို ချည်နှောင်ထားသည့် ရှိသမျှသံကြိုးတို့သည် ပြုတ်ထွက်ကြကုန်၏။
သို့သော်လည်း ညအချိန်တွင် ထာဝရဘုရား၏ကောင်းကင်တမန်တစ်ပါးသည် ထောင်တံခါးကို ဖွင့်၍ တမန်တော်တို့ကို ခေါ်ထုတ်သွားကာ
ကျွန်ုပ်တို့၏ ယုံကြည်ခြင်းတရား နက်နဲဆန်းကြယ်ပုံသည် အမှန်တကယ်ကြီးမြတ်လှ၏။ သခင်ဘုရားသည် လူသားအဖြစ် ကြွလာတော်မူခဲ့ပြီး ဘုရားသခင်၏ သားတော် စစ်မှန်ကြောင်း ဝိညာဉ်တော်အားဖြင့် ဖော်ပြခြင်းခံရတော်မူ၏။ ကိုယ်တော်ကို ကောင်းကင်တမန်တို့ မြင်ကြ၏။ ကိုယ်တော်အကြောင်းကို လူမျိုးခြားတို့ထံ ဟောပြောကြ၏။ ကိုယ်တော်ကို ကမ္ဘာလောကသားတို့ ယုံကြည်ကြ၏။ ကိုယ်တော်ကို ဘုန်းအသရေနှင့်တကွ ကောင်းကင်ဘုံသို့ ဘုရားသခင်ခေါ်ယူတော်မူ၏။
သူတို့စူးစမ်းသောအရာများသည် သူတို့ကိုယ်တိုင်အတွက်မဟုတ်ဘဲ သင်တို့အတွက်ဖြစ်ကြောင်း သူတို့အား ဘုရားသခင်ဖော်ပြတော်မူ၏။ သင်တို့အား သတင်းကောင်းကို ဟောပြောသောသူတို့သည် ကောင်းကင်ဘုံမှ စေလွှတ်တော်မူခြင်းခံရသည့် သန့်ရှင်းသောဝိညာဉ်တော်၏တန်ခိုးဖြင့် ဤအရာများကို ပြောကြ၏။ ကောင်းကင်တမန်များပင်လျှင် ဤအရာများကို သိရှိနားလည်လိုကြ၏။
ထိုအခါ ကောင်းကင်ဘုံ၌ရှိသော ဘုရားသခင်၏ ဗိမာန်တော်သည် ပွင့်၍ ကိုယ်တော်၏ဗိမာန်တော်၌ ပဋိညာဉ်သေတ္တာတော်ကို မြင်ရ၏။ ထို့နောက် လျှပ်စီးလက်ခြင်း၊ အသံမြည်ဟည်းခြင်း၊ မိုးခြိမ်းခြင်း၊ ငလျင်လှုပ်ခြင်း၊ ကြီးမားသောမိုးသီးကျခြင်းတို့ ဖြစ်လေ၏။