မဿဲ 28:2 - Common Language Bible2 ထိုအချိန်၌မြေငလျင်ပြင်းစွာလှုပ်လေသည်။ ဘုရားသခင်၏ကောင်းကင်တမန်သည်ကောင်းကင် ဘုံမှဆင်းသက်လာ၍ သင်္ချိုင်းဂူဝမှကျောက်တုံး ကိုလှိမ့်ဖယ်လိုက်ပြီးလျှင်ထိုကျောက်တုံးပေါ်မှာ ထိုင်နေ၏။- အခန်းကိုကြည့်ပါ။Garrad Bible2-3 ထာ ဝ ရ ဘု ရား၏ စေ တ မန် တစ် ပါး သည် လျှပ် စစ် ပ မာ အ ဆင်း မိုး ပွင့် ပ မာ ဖွဲ့ ဖြူ နှင့် ကောင်း ကင် မှ ဆင်း လာ၍ ကျောက် လုံး ကို လှိမ့် ဖယ် ပြီး လျှင် ထို ကျောက် ပေါ် တွင် ထိုင် နေ သည့် အ လျောက် အခန်းကိုကြည့်ပါ။Judson Bible2 ထိုအခါ မြေကြီးသည် ပြင်းစွာလှုပ်လေ၏။ အကြောင်းမူကား၊ ထာဝရဘုရား၏ ကောင်းကင်တမန်သည် ကောင်းကင်ဘုံမှ ဆင်းလာ၍၊ တွင်းဝ၌ပိတ်သောကျောက်ကို လှိမ့်လှန်ပြီးလျှင်၊ ထိုကျောက်ပေါ်မှာ ထိုင်နေ၏။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း2 ထိုစဉ် အလွန်ပြင်းထန်သော ငလျင်လှုပ်လေ၏။ အကြောင်းမူကား ထာဝရဘုရား၏ကောင်းကင်တမန်သည် ကောင်းကင်မှဆင်းလာ၍ ကျောက်တုံးကိုလှိမ့်ဖယ်ကာ ၎င်းအပေါ်၌ ထိုင်လေ၏။ အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း2 ထိုအခါ အလွန်ပြင်းထန်သောငလျင် လှုပ်လေ၏။ ထာဝရဘုရား၏ ကောင်းကင်တမန်တစ်ပါးသည် ကောင်းကင်မှ ဆင်းသက်လာ၍ သင်္ချိုင်းဂူဝတွင် ပိတ်ထားသောကျောက်တုံးကို လှိမ့်ဖယ်ပြီးလျှင် ထိုကျောက်တုံးပေါ်၌ ထိုင်လေ၏။ အခန်းကိုကြည့်ပါ။မြန်မာ2 ထိုအခါ မြေကြီးသည် ပြင်းစွာလှုပ်လေ၏။ အကြောင်းမူကား၊ ထာဝရဘုရား၏ ကောင်းကင်တမန်သည် ကောင်းကင်ဘုံမှ ဆင်းလာ၍၊ တွင်းဝ၌ပိတ်သောကျောက်ကို လှိမ့်လှန်ပြီးလျှင်၊ ထိုကျောက်ပေါ်မှာ ထိုင်နေ၏။- အခန်းကိုကြည့်ပါ။ |
ငါတို့၏ဘာသာတရားတော်နက်နဲပုံကို အဘယ်သူမျှငြင်းဆို၍မရပေ။ ထိုနက်နဲ ပုံကားအောက်ပါအတိုင်းဖြစ်သည်။ ကိုယ်တော်သည်ကိုယ်ခန္ဓာ၌ပေါ်ထွန်းတော်မူ ပြီ။ ဟုတ်မှန်တော်မူကြောင်းကိုဝိညာဉ်တော်အားဖြင့် ဖော်ပြတော်မူပြီ။ ကောင်းကင်တမန်များသည်ကိုယ်တော်ကို ရှုမြင်ရကြပြီ။ ကိုယ်တော်၏အကြောင်းတော်ကို လူမျိုးတကာတို့အားကြေညာပြီ။ ကမ္ဘာပေါ်ရှိလူတို့သည်ယုံကြည်ကြပြီ။ ကောင်းကင်ဘုံသို့ဆောင်ယူခြင်းကိုခံတော် မူပြီ။
ထိုသူတို့ယင်းအကြောင်းအရာများကိုဟော ပြောကြသည်မှာမိမိတို့အကျိုးအတွက် မဟုတ်။ သင်တို့အကျိုးအတွက်ဖြစ်ကြောင်း သင်တို့အားဘုရားသခင်ဖော်ပြတော်မူ ပေသည်။ သင်တို့ထံသတင်းကောင်းကိုယူ ဆောင်လာသူများသည်ထိုပရောဖက်တို့ ကြိုတင်ဟောပြောသည့်အကြောင်းအရာ များကို ကောင်းကင်ဘုံမှသန့်ရှင်းသော ဝိညာဉ်တော်၏တန်ခိုးအားဖြင့်သင်တို့ အားဖော်ပြကြေညာသဖြင့်သင်တို့ကြား ရကြပြီ။ ထိုအရာများအကြောင်းကို ကောင်းကင်တမန်များပင်လျှင်သိရှိ နားလည်လိုကြပေသည်။