ငါအမှန်ဆိုရလျှင် လူသားသည် ဘုရင်အဖြစ် အုပ်စိုးရန် ကြွလာသည်ကို ဤနေရာ၌ ရပ်နေသောသူတို့ထဲမှ တချို့သည် မမြင်ဘဲ သေရမည်မဟုတ်” ဟု မိန့်တော်မူ၏။
မဿဲ 28:17 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုတောင်ပေါ်၌ တပည့်တော်တို့သည် ယေရှုကို မြင်သောအခါ ဝပ်တွားခယလျက် ရှိခိုးကြ၏။ သို့ရာတွင် တပည့်တော်တချို့သည် အမှန်တကယ်ယေရှုဖြစ်သည်ကို သံသယဖြစ်ကြ၏။ Common Language Bible သူတို့သည်ကိုယ်တော်ကိုတွေ့မြင်သောအခါ ပျပ်ဝပ်ရှိခိုးကြ၏။ သို့ရာတွင်ထိုသူတို့အနက် အချို့သောသူတို့သည်ယုံမှားသံသယဖြစ် ကြ၏။- Garrad Bible အ ချို့ ကား ထင် ယောင် ထင် မှား ရှိ သေး ၏။ Judson Bible အချို့တို့သည် ယုံမှားခြင်းရှိကြ၏။- မြန်မာ့စံမီသမ္မာကျမ်း ကိုယ်တော်ကိုတွေ့မြင်၍ ရှိခိုးကြ၏။ သို့သော် အချို့တို့သည် သံသယဖြစ်ကြ၏။ မြန်မာ အချို့တို့သည် ယုံမှားခြင်းရှိကြ၏။- |
ငါအမှန်ဆိုရလျှင် လူသားသည် ဘုရင်အဖြစ် အုပ်စိုးရန် ကြွလာသည်ကို ဤနေရာ၌ ရပ်နေသောသူတို့ထဲမှ တချို့သည် မမြင်ဘဲ သေရမည်မဟုတ်” ဟု မိန့်တော်မူ၏။
ထိုစဉ် ယေရှုသည် သူတို့ရှေ့မှ ပေါ်လာ၍ “မင်္ဂလာပါ” ဟု နှုတ်ဆက်တော်မူ၏။ အမျိုးသမီးတို့သည်လည်း ယေရှုထံတော်သို့ ချဉ်းကပ်၍ ခြေကို ဖက်ယမ်းပြီးလျှင် မြေပေါ်၌ ဝပ်တွားခယလျက် ရှိခိုးကြ၏။
သို့သော် ယေရှု အသက်ရှင်လျက်ရှိတော်မူကြောင်းနှင့် မာရိကိုယ်တိုင် တွေ့မြင်ခဲ့ကြောင်း ကြားသောအခါ သူတို့သည် မယုံကြည်ကြချေ။
သူတို့သည် ပြန်လာ၍ ထိုသတင်းကို အခြားသောတပည့်တော်တို့အား ပြောပြကြ၏။ သို့သော် မည်သူမျှမယုံကြည်ကြချေ။
ထို့နောက် တပည့်တော်ဆယ့်တစ်ပါးတို့သည် အစာသုံးဆောင်နေကြစဉ် ယေရှုသည် သူတို့အား ကိုယ်ထင်ပြတော်မူ၏။ သေခြင်းမှ ရှင်ပြန်ထမြောက်တော်မူပြီးနောက် မိမိအား ကိုယ်တိုင်တွေ့မြင်ကြသော သူတို့၏စကားကို မယုံဘဲ ခေါင်းမာလျက် ငြင်းပယ်ကြသော ထိုတပည့်တော်ဆယ့်တစ်ပါးတို့ကို ယေရှုသည် ပြစ်တင်ဆုံးမတော်မူ၏။
အသေခံတော်မူပြီးနောက် ယေရှုသည် မိမိအသက်ရှင်လျက်ရှိကြောင်း ခိုင်မာသောသက်သေအထောက်အထားများဖြင့် ရက်ပေါင်းလေးဆယ်အတွင်း တမန်တော်တို့အား ကိုယ်ထင်ပြ၍ ဘုရားသခင်၏နိုင်ငံတော်အကြောင်းကို ဟောပြောတော်မူ၏။
ထို့နောက် ယုံကြည်သောသူငါးရာကျော်တို့အား တစ်ချိန်တည်းတွင်ပင် ကိုယ်ထင်ပြတော်မူ၏။ ထိုသူတို့ထဲမှ တချို့သည် ကွယ်လွန်ကြပြီဖြစ်သော်လည်း အများစုမှာမူ သက်ရှိထင်ရှားနေဆဲဖြစ်ကြ၏။