သို့ရာတွင် ငါသည် သေခြင်းမှ ထမြောက်ပြီးနောက် ဂါလိလဲပြည်သို့ သင်တို့ထက် ဦးစွာသွားမည်” ဟု မိန့်တော်မူ၏။
မဿဲ 28:16 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့နောက် တပည့်တော်ဆယ့်တစ်ပါးတို့သည် သူတို့အား ယေရှုမှာကြားတော်မူသည့်အတိုင်း ဂါလိလဲပြည်ရှိ တောင်ပေါ်သို့ တက်ကြ၏။ Common Language Bible တပည့်တော်တစ်ဆယ့်တစ်ဦးတို့သည်သခင်ယေရှု မှာကြားတော်မူသည့်အတိုင်းဂါလိလဲပြည် တောင်ပေါ်သို့သွားကြ၏။- Garrad Bible ဆယ့် တစ် ပါး သော တ ပည့် တော် တို့ မူ ကား ယေ ရှု မှာ တော် မူ ရာ ဂါ လိ လဲ နယ် ရှိ တောင် ပေါ် သို့ သွား၍ ကိုယ် တော် ကို တွေ့ မြင် သော် ရှိ ခိုး ကြ၏။ Judson Bible တစ်ကျိပ်တစ်ပါးသော တပည့်တော်တို့သည် ဂါလိလဲပြည်သို့ သွား၍ ယေရှုမှာထားတော်မူသော တောင်ပေါ်သို့ တက်ကြလျှင်၊ ကိုယ်တော်ကိုတွေ့မြင်၍ ပျပ်ဝပ်ကိုးကွယ်ကြ၏။- မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် တစ်ဆယ့်တစ်ပါးသောတပည့်တော်တို့သည် ဂါလိလဲနယ်သို့သွား၍ သူတို့အား ယေရှုမှာကြားထားတော်မူသောတောင်ပေါ်သို့ တက်ကြပြီး မြန်မာ တစ်ကျိပ်တစ်ပါးသော တပည့်တော်တို့သည် ဂါလိလဲပြည်သို့ သွား၍ ယေရှုမှာထားတော်မူသော တောင်ပေါ်သို့ တက်ကြလျှင်၊ ကိုယ်တော်ကိုတွေ့မြင်၍ ပျပ်ဝပ်ကိုးကွယ်ကြ၏။- |
သို့ရာတွင် ငါသည် သေခြင်းမှ ထမြောက်ပြီးနောက် ဂါလိလဲပြည်သို့ သင်တို့ထက် ဦးစွာသွားမည်” ဟု မိန့်တော်မူ၏။
ယေရှုက “မကြောက်ကြနှင့်။ သွား၍ ငါ့တပည့်တို့အား ဂါလိလဲပြည်သို့ သွားရန် ပြောကြလော့။ သူတို့သည် ထိုနေရာ၌ ငါ့ကိုတွေ့မြင်ရကြလိမ့်မည်” ဟု မိန့်တော်မူ၏။
ထို့နောက် အမြန်ပြန်၍ ‘ယေရှုသည် သေခြင်းမှ ရှင်ပြန်ထမြောက်တော်မူပြီ။ သူသည် သင်တို့ထက်ဦးစွာ ဂါလိလဲပြည်သို့ ကြွတော်မူမည်။ သင်တို့သည် သူ့ကို ထိုနေရာ၌ တွေ့မြင်ကြရလိမ့်မည်’ ဟူ၍ တပည့်တော်တို့အား ပြောကြလော့။ ငါပြောသောစကားကို မမေ့ကြနှင့်” ဟု ဆိုလေ၏။
သို့ရာတွင် ငါသည် သေခြင်းမှ ထမြောက်ပြီးနောက် ဂါလိလဲပြည်သို့ သင်တို့ထက် ဦးစွာသွားမည်” ဟု မိန့်တော်မူ၏။
သူတို့သည် ဂါလိလဲပြည်၌ ယေရှုရှိတော်မူစဉ် နောက်တော်သို့ လိုက်၍ လုပ်ကျွေးပြုစုခဲ့သူများ ဖြစ်ကြ၏။ ထိုသူတို့အပြင် ယေရှုနှင့်အတူ ဂျေရုဆလင်မြို့သို့ လိုက်ပါလာကြသော အခြားအမျိုးသမီးများသည်လည်း ထိုနေရာတွင် ရှိကြ၏။
ထို့နောက် တပည့်တော်ဆယ့်တစ်ပါးတို့သည် အစာသုံးဆောင်နေကြစဉ် ယေရှုသည် သူတို့အား ကိုယ်ထင်ပြတော်မူ၏။ သေခြင်းမှ ရှင်ပြန်ထမြောက်တော်မူပြီးနောက် မိမိအား ကိုယ်တိုင်တွေ့မြင်ကြသော သူတို့၏စကားကို မယုံဘဲ ခေါင်းမာလျက် ငြင်းပယ်ကြသော ထိုတပည့်တော်ဆယ့်တစ်ပါးတို့ကို ယေရှုသည် ပြစ်တင်ဆုံးမတော်မူ၏။
ယခု သင်တို့သည် ပေတရု အပါအဝင်၊ တပည့်တော်တို့ထံသို့ သွား၍ ‘ယေရှုသည် သင်တို့ထက်ဦးစွာ ဂါလိလဲပြည်သို့ ကြွတော်မူမည်။ အသေခံတော်မမူမီ မိန့်တော်မူသည့်အတိုင်း သင်တို့သည် သူ့ကို ထိုနေရာ၌ တွေ့မြင်ကြရလိမ့်မည်’ ဟူ၍ ပြောကြလော့” ဟု ဆို၏။
ထိုအခါ ယေရှုက “သင်တို့ ဆယ့်နှစ်ဦးကို ငါရွေးချယ်ခဲ့ပြီ။ သို့ရာတွင် သင်တို့အနက် တစ်ဦးသည် မာရ်နတ်ဖြစ်၏” ဟု မိန့်တော်မူ၏။
အကယ်၍ သေလွန်သောသူတို့ မထမြောက်ဟူသော အရာသည် မှန်ခဲ့လျှင် ဘုရားသခင်သည် ခရစ်တော်ကို သေခြင်းမှ ရှင်ပြန်ထမြောက်စေတော်မူခဲ့မည်မဟုတ်ပေ။ သို့ဖြစ်လျှင် ကျွန်ုပ်တို့က “ဘုရားသခင်သည် ခရစ်တော်ကို ရှင်ပြန်ထမြောက်စေတော်မူပြီ” ဟု ပြောဆိုသောကြောင့် ကျွန်ုပ်တို့သည် ဘုရားသခင်အကြောင်းကို လိမ်လည်ပြောဆိုသူများဖြစ်သွားလိမ့်မည်။