အလောင်းတော်အား မိမိကိုယ်ပိုင်ဖြစ်သော ကျောက်ဆောင်ကို ထွင်းထားသည့် သင်္ချိုင်းဂူသစ်တွင် သင်္ဂြိုဟ်လေ၏။ ထို့နောက် သူသည် ကျောက်တုံးကြီးကို ဂူဝသို့ လှိမ့်၍ ပိတ်ထားပြီးမှ ပြန်လေ၏။
မဿဲ 27:66 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့ကြောင့် သူတို့သည် သင်္ချိုင်းဂူကို တံဆိပ်ခတ်နှိပ်ကြပြီးလျှင် စောင့်ကြပ်ရန် အစောင့်တပ်သားများကို ချထားကြ၏။ Common Language Bible သို့ဖြစ်၍ထိုသူတို့သည် သင်္ချိုင်းဂူသို့သွားပြီးလျှင် ကျောက်တုံးကိုချိပ်တံဆိပ်ခတ်နှိပ်ကာ သင်္ချိုင်းဂူကို လုံခြုံစွာပိတ်ထားကြ၏။ ထိုနောက်စောင့်ကြပ်ရန် အစောင့်တပ်သားများကိုချထားကြ၏။ Garrad Bible ထို သူ တို့ သည် သွား ပြီး လျှင် သင်္ချိုင်း ကျောက် လုံး ကို တံ ဆိပ် ခတ် ၍ လုံ ခြုံ အောင် စောင့် ကြပ် စေ၏။ Judson Bible ထိုသူတို့သည် သွား၍ ကျောက်ကို တံဆိပ်ခတ်ပြီးလျှင် အစောင့်ထားလျက် သင်္ချိုင်းတွင်းတော်ကို လုံခြုံစွာပြုကြ၏။ မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ သူတို့သည် သွား၍ ကျောက်တုံးကိုတံဆိပ်ခတ်ကာ အစောင့်တပ်သားကိုချထားလျက် သင်္ချိုင်းဂူကိုစောင့်ကြပ်စေကြ၏။ မြန်မာ ထိုသူတို့သည် သွား၍ ကျောက်ကို တံဆိပ်ခတ်ပြီးလျှင် အစောင့်ထားလျက် သင်္ချိုင်းတွင်းတော်ကို လုံခြုံစွာပြုကြ၏။ |
အလောင်းတော်အား မိမိကိုယ်ပိုင်ဖြစ်သော ကျောက်ဆောင်ကို ထွင်းထားသည့် သင်္ချိုင်းဂူသစ်တွင် သင်္ဂြိုဟ်လေ၏။ ထို့နောက် သူသည် ကျောက်တုံးကြီးကို ဂူဝသို့ လှိမ့်၍ ပိတ်ထားပြီးမှ ပြန်လေ၏။
ပိလတ်မင်းကလည်း “အစောင့်တပ်သားများကို ခေါ်၍ သင်္ချိုင်းဂူကို သင်တို့တတ်နိုင်သမျှ လုံခြုံအောင် စောင့်ကြပ်ထားကြလော့” ဟု ဆိုလေ၏။
အမျိုးသမီးတို့သည် ထွက်ခွာသွားကြစဉ် သင်္ချိုင်းဂူ အစောင့်တပ်သားတို့သည် မြို့ထဲသို့ ဝင်၍ ယဇ်ပုရောဟိတ်ခေါင်းဆောင်များအား အဖြစ်အပျက်အားလုံးကို ပြောပြကြ၏။
ထိုအခါ အလွန်ပြင်းထန်သောငလျင် လှုပ်လေ၏။ ထာဝရဘုရား၏ ကောင်းကင်တမန်တစ်ပါးသည် ကောင်းကင်မှ ဆင်းသက်လာ၍ သင်္ချိုင်းဂူဝတွင် ပိတ်ထားသောကျောက်တုံးကို လှိမ့်ဖယ်ပြီးလျှင် ထိုကျောက်တုံးပေါ်၌ ထိုင်လေ၏။
သို့သော် သူတို့ရောက်၍ ကြည့်သောအခါ ထိုအလွန်ကြီးမားသော ကျောက်တုံးမှာ ဘေးဘက်သို့ လှိမ့်ဖယ်ထားပြီးဖြစ်သည်ကို တွေ့ကြ၏။
တနင်္ဂနွေနေ့နံနက်စောစော မှောင်လျက် ရှိနေသေးချိန်တွင် မာဂဒလမာရိသည် သင်္ချိုင်းဂူသို့ ရောက်လာရာ ဂူဝ၌ ပိတ်ထားသောကျောက်တုံးကြီးမှာ ဘေးဘက်သို့ လှိမ့်ဖယ်ထားပြီးဖြစ်သည်ကို မြင်လေ၏။
သို့ရာတွင် ဘုရားသခင်ချထားတော်မူသည့် ခိုင်မာသောအုတ်မြစ်သည် ခိုင်ခံ့မြဲမြံပြီး ဤအုတ်မြစ်ပေါ်တွင် “ဘုရားသခင်သည် မိမိလူတို့ကို သိတော်မူ၏” ဟူ၍လည်းကောင်း၊ “ဘုရားသခင်၏လူဖြစ်ကြောင်း ဝန်ခံသောသူတို့သည် မကောင်းမှုကို စွန့်ရမည်” ဟူ၍လည်းကောင်း တံဆိပ်ခတ်ရေးထိုးထား၏။
နှစ်ပေါင်းတစ်ထောင်ကုန်ဆုံးသည်အထိ လူမျိုးများကို ထပ်မံမလှည့်ဖြားနိုင်တော့ရန် သူ့ကို တွင်းနက်ကြီးထဲသို့ ပစ်ချ၍ ပိတ်လှောင်ကာ တံဆိပ်ခတ်လေ၏။ နှစ်ပေါင်းတစ်ထောင် ကုန်ဆုံးချိန်တွင် သူ့ကို ခေတ္တမျှ လွှတ်ထားရမည်။