အမျိုးသမီးတချို့သည် အဝေးက ရပ်လျက် စောင့်ကြည့်နေကြ၏။ ထိုသူတို့အထဲတွင် မာဂဒလမာရိ၊ ယာကုပ်အငယ်နှင့် ယောသေတို့၏ မိခင်ဖြစ်သော မာရိနှင့် ရှာလုံတို့ ပါကြ၏။
မဿဲ 27:55 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ယေရှုကို အလုပ်အကျွေးပြုရန် ဂါလိလဲပြည်မှ အတူပါလာကြသည့် အမျိုးသမီးများစွာတို့သည်လည်း အဝေးက ရပ်လျက် စောင့်ကြည့်နေကြ၏။ Common Language Bible ထိုအရပ်တွင်အဝေးကရပ်လျက်ကြည့်နေသော အမျိုးသမီးများရှိ၏။ သူတို့သည်ကားဂါလိလဲ ပြည်မှသခင်ယေရှု၏နောက်တော်သို့လိုက်၍လုပ် ကျွေးသမှုပြုကြသူများတည်း။- Garrad Bible ယေ ရှု ကို လုပ် ကျွေး သ မှု ပြု လျက် ဂါ လိ လဲ နယ် မှ လိုက် လာ သူ မာ ဂ ဒ လ မာ ရိ ယာ ကုပ် နှင့် ယော သေ တို့ အ မိ မာ ရိ၊ ဇေ ဗေ ဒဲ၏ သား တို့ အ မိ မှ စ သော ဒါ ယ ကာ မ အ များ လည်း အ ဝေး က ကြည့် ရှု လျက် နေ ကြ၏။ Judson Bible ဂါလိလဲပြည်က ယေရှုနောက်တော်၌ အလုပ်အကျွေး လိုက်လာသော မိန်းမအများတို့သည်လည်း ထိုအရပ်၌ အဝေးကကြည့်ရှု၍ နေကြ၏။- မြန်မာ့စံမီသမ္မာကျမ်း ယေရှုကိုလုပ်ကျွေးပြုစုလျက် ဂါလိလဲနယ်မှ နောက်တော်သို့လိုက်လာသည့် များစွာသောအမျိုးသမီးတို့သည်လည်း ထိုနေရာ၌ရှိ၍ အဝေးမှကြည့်နေကြ၏။ မြန်မာ ဂါလိလဲပြည်က ယေရှုနောက်တော်၌ အလုပ်အကျွေး လိုက်လာသော မိန်းမအများတို့သည်လည်း ထိုအရပ်၌ အဝေးကကြည့်ရှု၍ နေကြ၏။- |
အမျိုးသမီးတချို့သည် အဝေးက ရပ်လျက် စောင့်ကြည့်နေကြ၏။ ထိုသူတို့အထဲတွင် မာဂဒလမာရိ၊ ယာကုပ်အငယ်နှင့် ယောသေတို့၏ မိခင်ဖြစ်သော မာရိနှင့် ရှာလုံတို့ ပါကြ၏။
သူတို့သည် ဂါလိလဲပြည်၌ ယေရှုရှိတော်မူစဉ် နောက်တော်သို့ လိုက်၍ လုပ်ကျွေးပြုစုခဲ့သူများ ဖြစ်ကြ၏။ ထိုသူတို့အပြင် ယေရှုနှင့်အတူ ဂျေရုဆလင်မြို့သို့ လိုက်ပါလာကြသော အခြားအမျိုးသမီးများသည်လည်း ထိုနေရာတွင် ရှိကြ၏။