လူသားပင်လျှင် သူတစ်ပါးကိုစေခိုင်းရန် ကြွလာသည်မဟုတ်။ သူတစ်ပါးအား အစေခံရန်နှင့် မိမိအသက်ကို စွန့်၍ လူများအား ရွေးနုတ်ရန် ကြွလာသည်” ဟု မိန့်တော်မူ၏။
မဿဲ 27:50 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့နောက် ယေရှုသည် ထပ်မံ၍ ကျယ်လောင်စွာ အော်ဟစ်တော်မူပြီးလျှင် အသက်တော်ချုပ်တော်မူ၏။ Common Language Bible သခင်ယေရှုသည်တစ်ဖန်ကျယ်စွာဟစ်အော်တော်မူ ပြီးလျှင်အသက်ချုပ်တော်မူ၏။- Garrad Bible ထို နောက် ယေ ရှု သည် ကျယ် သော အ သံ နှင့် ဟစ် ပြီး လျှင် အ သက် စွန့် တော် မူ၏။ Judson Bible ယေရှုသည် ကြီးသောအသံနှင့် တစ်ဖန် ကြွေးကြော်ပြီးလျှင် အသက်တော်ကို လွှတ်တော်မူ၏။- မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် ယေရှုသည် နောက်တစ်ဖန် ကျယ်လောင်သောအသံဖြင့်ကြွေးကြော်ပြီးလျှင် အသက်ကိုစွန့်တော်မူ၏။ မြန်မာ ယေရှုသည် ကြီးသောအသံနှင့် တစ်ဖန် ကြွေးကြော်ပြီးလျှင် အသက်တော်ကို လွှတ်တော်မူ၏။- |
လူသားပင်လျှင် သူတစ်ပါးကိုစေခိုင်းရန် ကြွလာသည်မဟုတ်။ သူတစ်ပါးအား အစေခံရန်နှင့် မိမိအသက်ကို စွန့်၍ လူများအား ရွေးနုတ်ရန် ကြွလာသည်” ဟု မိန့်တော်မူ၏။
သို့သော် အခြားသူတို့က “ရှိပါလေစေ။ ဧလိယသည် သူ့ကို ကယ်ရန် လာမည်၊ မလာမည်ကို ကြည့်ကြစို့” ဟု ပြောဆိုကြ၏။
ထို့နောက် ယေရှုသည် ကျယ်လောင်သောအသံဖြင့် နောက်တစ်ကြိမ်အော်ဟစ်တော်မူပြီးလျှင် အသက်ချုပ်တော်မူ၏။
ထို့နောက် ယေရှုသည် ကျယ်လောင်သောအသံဖြင့် “အို အဖ… အကျွန်ုပ်၏စိတ်ဝိညာဉ်ကို အဖ၏လက်တော်သို့ အပ်ပါ၏” ဟု ဆိုလျက် အသက်ချုပ်တော်မူ၏။
ငါသည် သိုးထိန်းကောင်းဖြစ်၏။ သိုးထိန်းကောင်းသည် သိုးတို့အတွက် မိမိအသက်ကို စွန့်တတ်၏။
ထိုနေရာ၌ အချဉ်ဖောက်ထားသောစပျစ်ဝိုင်ပုံးရှိ၏။ ထို့ကြောင့် သူတို့သည် ရေမြှုပ်ကို ထိုပုံးတွင် နှစ်၍ ဟုဿုပ်ပင်ကိုင်းဖျားတွင် တပ်လျက် ယေရှု၏နှုတ်ခမ်းတော်နားသို့ ကပ်ပေးကြ၏။
ယေရှုသည် ထိုချဉ်သောစပျစ်ဝိုင်ကို မြည်းစမ်းတော်မူပြီးမှ “အမှုပြီးပြီ” ဟု မိန့်တော်မူ၏။ ထို့နောက် ဦးခေါင်းတော်ငိုက်၍ အသက်ချုပ်တော်မူ၏။
ထိုသားသမီးတို့သည် အသွေးအသားရှိသဖြင့် ကိုယ်တော်သည် အသွေးအသားကို ခံယူတော်မူ၏။ ဤသို့ဖြင့် ကိုယ်တိုင်အသေခံ၍ သေခြင်းကို အစိုးရသော မာရ်နတ်၏တန်ခိုးကို ဖျက်ဆီးကာ
ခရစ်တော်သည် ကမ္ဘာလောက၌ လူသားအဖြစ်ရှိစဉ် သေခြင်းမှ ကယ်တင်နိုင်သော ဘုရားသခင်ထံ ပြင်းပြစွာ အော်ဟစ်၍ မျက်ရည်ကျလျက် အသနားခံတောင်းလျှောက်ခဲ့၏။ ထိုသို့ ဘုရားသခင်ထံ အပ်နှံ၍ မိမိအား ရိုသေသောကြောင့် ဘုရားသခင်သည် ကိုယ်တော်၏ ဆုတောင်းချက်များကို နားဆင်တော်မူခဲ့၏။
ထိုသို့ဆိုလျှင် အသက်ရှင်တော်မူသော ဘုရားသခင်ကို ဝတ်ပြုနိုင်စေရန် ကျွန်ုပ်တို့၏အသိစိတ်ကို သေခြင်းသို့ ပို့ဆောင်ပေးသောအပြစ်မှ စင်ကြယ်စေရန်အတွက် ထာဝရဝိညာဉ်တော်အားဖြင့် အပြစ်အနာအဆာကင်းသော မိမိကိုယ်ကိုယ် ဘုရားသခင်ထံ ပူဇော်သည့် ခရစ်တော်၏အသွေးတော်သည် ပို၍သာလွန်သည် မဟုတ်ပါလော။