“ဗိမာန်တော်ကို ဖြိုဖျက်၍ သုံးရက်အတွင်း ပြန်တည်ဆောက်မည့်သူ… သင့်ကိုယ်သင်ကယ်လော့။ သင်သည် ဘုရားသခင်၏သားတော် မှန်လျှင် လက်ဝါးကပ်တိုင်မှ ဆင်းလော့” ဟု ကိုယ်တော်အား ပြက်ရယ်ပြုကြ၏။
မဿဲ 27:43 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သူသည် ဘုရားကို ယုံကြည်ကိုးစား၏။ ဘုရားသခင်သည် အလိုတော်ရှိတော်မူလျှင် ယခုပင် သူ့ကို ကယ်တင်တော်မူပါစေ။ သူက ‘ငါသည် ဘုရားသခင်၏ သားတော် ဖြစ်၏’ ဟု ပြောလေပြီ” ဟု ဆိုကာ ပြက်ရယ်ပြုကြ၏။ Common Language Bible သူသည်ဘုရားသခင်ကိုယုံကြည်ကိုးစား၏။ `ငါ သည်ဘုရားသခင်၏သားတော်ဖြစ်သည်' ဟုဆို၏။ သို့ဖြစ်၍ဘုရားသခင်သည်သူ့ကိုအလိုတော် ရှိလျှင် ယခုပင်ကယ်တင်တော်မူပါစေ'' ဟုဆို ကြ၏။ Garrad Bible ဘု ရား သ ခင် ကို သူ အား ကိုး သည်။ နှစ် သက် တော် မူ လျှင် ယ ခု ကယ် နုတ် ပါ စေ၊ ငါ သည် ဘု ရား သ ခင့် သား တော် တည်း ဟု ကြွား ဝါ သည် ဟူ၍ သ ရော် ကြ၏။ Judson Bible သူသည် ဘုရားသခင်ကို ကိုးစားပြီ။ ငါသည် ဘုရားသခင်၏သားဖြစ်၏ဟု ဆိုပြီ။ သို့ဖြစ်၍ ဘုရားသခင်သည် သူ၌ အလိုတော်ရှိလျှင် ယခုပင် ကယ်တင်တော်မူပါလေစေဟု ပြက်ရယ်ပြု၍ ပြောဆိုကြ၏။- မြန်မာ့စံမီသမ္မာကျမ်း သူသည် ဘုရားသခင်ကိုယုံကြည်ကိုးစားခဲ့၏။ ဘုရားသခင်အလိုတော်ရှိလျှင် ယခုပင် သူ့ကိုကယ်နုတ်ပါစေ။ အကြောင်းမူကား ‘ငါသည် ဘုရားသခင်၏သားတော်ဖြစ်သည်’ဟူ၍ သူပြောခဲ့၏”ဟု ဆိုကြ၏။ မြန်မာ သူသည် ဘုရားသခင်ကို ကိုးစားပြီ။ ငါသည် ဘုရားသခင်၏သားဖြစ်၏ဟု ဆိုပြီ။ သို့ဖြစ်၍ ဘုရားသခင်သည် သူ၌ အလိုတော်ရှိလျှင် ယခုပင် ကယ်တင်တော်မူပါလေစေဟု ပြက်ရယ်ပြု၍ ပြောဆိုကြ၏။- |
“ဗိမာန်တော်ကို ဖြိုဖျက်၍ သုံးရက်အတွင်း ပြန်တည်ဆောက်မည့်သူ… သင့်ကိုယ်သင်ကယ်လော့။ သင်သည် ဘုရားသခင်၏သားတော် မှန်လျှင် လက်ဝါးကပ်တိုင်မှ ဆင်းလော့” ဟု ကိုယ်တော်အား ပြက်ရယ်ပြုကြ၏။
ရောမတပ်မှူးနှင့်အတူ ယေရှုကို စောင့်ကြည့်နေကြသော အခြားစစ်သားတို့သည် မြေငလျင်လှုပ်၍ ဖြစ်ပျက်သမျှကို တွေ့မြင်ကြသောအခါ အလွန်ကြောက်လန့်ကြ၏။ သူတို့က “ဤသူသည် ဧကန်အမှန်ပင် ဘုရားသခင်၏ သားတော် ဖြစ်သည်” ဟု ဆိုကြ၏။
လူများသည်လည်း ရပ်လျက် စောင့်ကြည့်နေကြ၏။ ဂျူးခေါင်းဆောင်များက “သူသည် တစ်ပါးသူကိုကယ်၏။ အကယ်၍ သူသည် ဘုရားသခင်ရွေးချယ်သော ခရစ်တော်မှန်လျှင် မိမိကိုယ်ကိုယ်ကယ်တင်ပါစေ” ဟု ယေရှုအား ပြက်ရယ်ပြု၍ ပြောဆိုကြ၏။
ခမည်းတော်ရွေးချယ်၍ လောကသို့ စေလွှတ်ခံရသော ငါက ‘ငါသည် ဘုရားသခင်၏ သားတော်ဖြစ်သည်’ ဟု ပြောဆိုသည်ကို သင်တို့က ‘ဘုရားသခင်ကို စော်ကားသည်’ ဟု ဆိုကြသလော။
ဂျူးခေါင်းဆောင်များက “သူသည် မိမိကိုယ်ကိုယ် ဘုရားသားတော်ဖြစ်သည်ဟု ပြောဆိုသောကြောင့် အကျွန်ုပ်တို့၏ တရားဥပဒေအရ သေဒဏ်ခံထိုက်ပါ၏” ဟု ပြန်လျှောက်ကြ၏။