Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




မဿဲ 27:42 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

42 “သူ​သည် တစ်ပါးသူတို့​ကို ကယ်တင်၏။ မိမိ​ကိုယ်ကိုယ်​မူ မကယ်တင်နိုင်ပေ။ သူ​သည် အစ္စရေးတို့​၏​ရှင်ဘုရင် မဟုတ်သလော။ လက်ဝါးကပ်တိုင်​မှ ဆင်းလာပါစေ။ ဆင်းလာ​လျှင် ငါတို့ သူ့​ကို ယုံမည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

42 ``ဤ​သူ​သည်​သူ​တစ်​ပါး​ကို​ကယ်​တင်​၏။ မိ​မိ ကိုယ်​ကို​မူ​မ​ကယ်​တင်​နိုင်​ပါ​တ​ကား။ သူ​သည် ဣသ​ရေ​လ​ရှင်​ဘု​ရင်​မ​ဟုတ်​ပါ​လော။ လက်​ဝါး ကပ်​တိုင်​မှ​ယ​ခု​ဆင်း​လာ​လျှင်​ငါ​တို့​သူ့​ကို ယုံ​ကြည်​ကြ​ပေ​အံ့။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

42 သူ တစ် ထူး ကို သူ ကယ် သည်။ ကိုယ် ကို မ ကယ် နိုင် ပါ တ ကား။ ဣ သ ရေ လ လူ မျိုး တို့ ဘု ရင် ဖြစ် သည့် အ လျောက် ကား တိုင် မှ ယ ခု ဆင်း လာ ပါ စေ ငါ တို့ ယုံ ကြ ပါ မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

42 ကိုယ်​ကို မ​ကယ်​တင်​နိုင်​ပါ​တ​ကား။ ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​မှန်​လျှင် လက်​ဝါး​ကပ်​တိုင်​မှ ယ​ခု​ဆင်း​ပါ​လေ​စေ။ ဆင်း​လျှင် ငါ​တို့​ယုံ​ကြည်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

42 “သူ​သည် သူတစ်ပါး​တို့​ကို​ကယ်တင်​ခဲ့​သော်လည်း မိမိကိုယ်ကို​မ​ကယ်တင်​နိုင်​ပါ​တကား။ အစ္စရေး​ဘုရင်​ဖြစ်​လျှင် ယခု​ပင် လက်ဝါးကပ်တိုင်​ပေါ်မှ​ဆင်း​လာ​ပါ​စေ။ ထိုအခါ ငါ​တို့​သည် သူ့​ကို​ယုံကြည်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

42 ကိုယ်​ကို မ​ကယ်​တင်​နိုင်​ပါ​တ​ကား။ ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​မှန်​လျှင် လက်​ဝါး​ကပ်​တိုင်​မှ ယ​ခု​ဆင်း​ပါ​လေ​စေ။ ဆင်း​လျှင် ငါ​တို့​ယုံ​ကြည်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ




မဿဲ 27:42
14 ပူးပေါင်းရင်းမြစ်များ  

“ယခု မွေးဖွားလာသော ဂျူး​ရှင်ဘုရင်​သည် အဘယ်မှာ​ရှိသနည်း။ ထို​အရှင်​၏​ကြယ် ထွက်ပေါ်လာသည်​ကို ကျွန်ုပ်တို့​တွေ့မြင်ရ​သောကြောင့် ထို​အရှင်​ကို ဖူးမြော်​ရန် ရောက်လာကြပါသည်” ဟု မေးမြန်း​ပြောဆိုကြ၏။


ကိုယ်တော်​အား စွဲချက်တင်​သည့် အပြစ်​ကို ဖော်ပြသော​စာ​မှာ “ဂျူးတို့​၏ ရှင်ဘုရင် ယေရှု​ဖြစ်၏” ဟူ၍ ကမ္ပည်း​ရေးထိုးပြီး ဦးခေါင်းတော်​အထက်​တွင် ထားကြ၏။


“ဗိမာန်တော်​ကို ဖြိုဖျက်​၍ သုံးရက်​အတွင်း ပြန်တည်ဆောက်မည့်​သူ… သင့်ကိုယ်သင်​ကယ်လော့။ သင်​သည် ဘုရားသခင်​၏​သားတော် မှန်​လျှင် လက်ဝါးကပ်တိုင်​မှ ဆင်းလော့” ဟု ကိုယ်တော်​အား ပြက်ရယ်ပြုကြ၏။


ယဇ်ပုရောဟိတ်​ခေါင်းဆောင်များ၊ ကျမ်းတတ်ဆရာများ​နှင့် အကြီးအကဲများ​ကလည်း


ယဇ်ပုရောဟိတ်​ခေါင်းဆောင်များ​နှင့် ကျမ်းတတ်ဆရာများ​ကလည်း “သူ​သည် တစ်ပါးသူတို့​ကို ကယ်တင်၏။ မိမိ​ကိုယ်ကိုယ်​မူ မကယ်တင်နိုင်ပေ။


အစ္စရေးတို့​၏​ရှင်ဘုရင်​ဟူသော ခရစ်တော်​သည် လက်ဝါးကပ်တိုင်​မှ ဆင်းလာပါစေ။ ဆင်းသည်​ကို ငါတို့​မြင်​လျှင် ယုံကြည်မည်” ဟု အော်ဟစ်​၍ ကိုယ်တော်​ကို ပြက်ရယ်ပြုကြ၏။ ကိုယ်တော်​နှင့်အတူ လက်ဝါးကပ်တိုင်​ပေါ်တွင် ရိုက်ထားခြင်း​ခံရသော​ဓားပြများ​ကလည်း ကိုယ်တော်​ကို ပြက်ရယ်ပြုကြ၏။


“ထာဝရဘုရား​၏​အမည်​နာမ​နှင့် ကြွလာသော​ရှင်ဘုရင်​သည် မင်္ဂလာ​ရှိပါစေသော။” “ကောင်းကင်ဘုံ​တွင် ငြိမ်းချမ်းခြင်း​ရှိ​၍ အမြင့်ဆုံးသော​အရပ်​တွင် ဘုန်းကြီးတော်မူပါစေသော” ဟု ကြွေးကြော်ကြ၏။


လူများ​သည်လည်း ရပ်​လျက် စောင့်ကြည့်နေကြ၏။ ဂျူး​ခေါင်းဆောင်များ​က “သူ​သည် တစ်ပါးသူ​ကို​ကယ်၏။ အကယ်၍ သူ​သည် ဘုရားသခင်​ရွေးချယ်သော ခရစ်တော်​မှန်​လျှင် မိမိကိုယ်ကိုယ်​ကယ်တင်ပါစေ” ဟု ယေရှု​အား ပြက်ရယ်ပြု​၍ ပြောဆိုကြ၏။


“သင်​သည် ဂျူးတို့​၏​ရှင်ဘုရင် မှန်​လျှင် သင့်ကိုယ်သင်​ကယ်လော့” ဟု ဆိုကြ၏။


ထိုအခါ နာသနေလ​က “ဆရာတော်… ဆရာတော်​သည် ဘုရားသခင်​၏ သားတော်​ဖြစ်တော်မူ၏၊ အစ္စရေးတို့​၏ ရှင်ဘုရင်​လည်း ဖြစ်တော်မူ၏” ဟု လျှောက်၏။


စွန်ပလွံခက်များ​ကို ကိုင်ဆောင်​လျက် ယေရှု​ကို ကြိုဆို​ရန် ထွက်လာကြ၏။ ထို​သူတို့​က “ဘုရားသခင်​၏ ဂုဏ်တော်​ကို ချီးမွမ်းကြ​ပါစေသော။ ထာဝရဘုရား​၏ အမည်​နာမ​နှင့် ကြွလာသော​အရှင်​သည် မင်္ဂလာ​ရှိပါစေသော။ အစ္စရေးတို့​၏​ရှင်ဘုရင်​သည် မင်္ဂလာ​ရှိပါစေသော” ဟု ကြွေးကြော်ကြ၏။


ငါ့​စကား​ကို ကြား​၍ မလိုက်နာသောသူ​ကို ငါ​သည် အပြစ်​မစီရင်။ အဘယ်ကြောင့်ဆိုသော် ငါ​သည် လောကီသားတို့​ကို တရားစီရင်​ရန် ကြွလာသည်​မဟုတ်။ ကယ်တင်​ရန် ကြွလာ၏။


ထို့ကြောင့် သူတို့​သည် မျက်မမြင်​ဖြစ်ခဲ့ဖူးသူ​ကို ဒုတိယအကြိမ် ခေါ်​၍ “ဤ​အရာ​အတွက် ဘုရားသခင်​ရှေ့တော်​တွင် အမှန်​အတိုင်း ပြောလော့။ ထို​ယေရှု​သည် အပြစ်သား​ဖြစ်ကြောင်း ငါတို့​သိကြ၏” ဟု ဆိုကြ၏။


ကျန်းမာသွားသော​သူ​သည် တမန်တော်တို့​၏​ဘေး​တွင် ရပ်နေသည်​ကို မြင်​နေရ​သဖြင့် ဆန့်ကျင်​ပြောဆို​ရန်​စကား မရှိကြ။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ