သူတို့က “သို့သော် လူထုအကြား ရုန်းရင်းဆန်ခတ် ဖြစ်မည်ကို စိုးရိမ်ရသောကြောင့် ပွဲတော်ရက်အတွင်း မဖမ်းဆီးကြနှင့်” ဟု ပြောဆိုကြ၏။
မဿဲ 27:15 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ပသခါပွဲတော် ကျင်းပချိန်တွင် ရောမဘုရင်ခံသည် လူထုအလိုရှိသော အကျဉ်းသားတစ်ဦးကို နှစ်စဉ် လွတ်ငြိမ်းချမ်းသာခွင့် ပေးလေ့ရှိ၏။ Common Language Bible ရောမဘုရင်ခံမင်းသည်ပသခါပွဲအခါကျ တိုင်း လူပရိသတ်တို့တောင်းသည့်အကျဉ်းသမား တစ်ယောက်ကိုလွတ်ငြိမ်းချမ်းသာခွင့်ပေးလေ့ ရှိ၏။- Garrad Bible ဘု ရင် ခံ မင်း သည် လူ ပ ရိ သတ် အ လို ရှိ ရာ အ ကျဉ်း သား တစ် ယောက် ကို ထို ပွဲ အခါ တွင် လွှတ် မြဲ ဖြစ် သည့် အ တိုင်း Judson Bible ထိုပွဲ၌ မြို့ဝန်မင်းသည် အကျဉ်းထားသောသူတို့တွင်၊ လူများတို့ အလိုရှိသောသူ တစ်ယောက်ယောက်ကို လွှတ်မြဲထုံးစံရှိ၏။- မြန်မာ့စံမီသမ္မာကျမ်း ဘုရင်ခံသည် ထိုပွဲတော်တွင် လူထုအတွက် သူတို့အလိုရှိသည့်အကျဉ်းသားတစ်ဦးကို လွှတ်ပေးလေ့ရှိ၏။ မြန်မာ ထိုပွဲ၌ မြို့ဝန်မင်းသည် အကျဉ်းထားသောသူတို့တွင်၊ လူများတို့ အလိုရှိသောသူ တစ်ယောက်ယောက်ကို လွှတ်မြဲထုံးစံရှိ၏။- |
သူတို့က “သို့သော် လူထုအကြား ရုန်းရင်းဆန်ခတ် ဖြစ်မည်ကို စိုးရိမ်ရသောကြောင့် ပွဲတော်ရက်အတွင်း မဖမ်းဆီးကြနှင့်” ဟု ပြောဆိုကြ၏။
ထိုနှစ်တွင် နာမည်ဆိုးဖြင့် ကျော်ကြားသော ဗာရဗ္ဗဟု ခေါ်သည့် အကျဉ်းသားတစ်ဦးရှိ၏။
ထိုပွဲတော်တွင် ပိလတ်မင်းသည် လူထုအတွက် အကျဉ်းသားတစ်ဦးကို လွတ်ငြိမ်းချမ်းသာခွင့် ပေးရလေ့ရှိ၏။
သို့သော် ထိုသူတို့အားလုံးက “သူ့ကိုသေဒဏ်ပေးပါ။ ကျွန်ုပ်တို့အတွက် ဗာရဗ္ဗကို လွှတ်ပေးပါ” ဟု တစ်ပြိုင်နက်တည်းအော်ဟစ်ကြ၏။
ပေတရုမှာမူ ဝင်းတံခါး အပြင်၌ ရပ်နေ၏။ ထိုအခါ ယဇ်ပုရောဟိတ်မင်းနှင့် သိကျွမ်းသောတပည့်တော်က တံခါးစောင့်အမျိုးသမီးကို ခွင့်တောင်းကာ ပေတရုကို ရုံးတော်ဝင်းသို့ ခေါ်သွင်းလေ၏။
ထိုအခါ ပိလတ်မင်းသည် ယေရှုကို လက်ဝါးကပ်တိုင်တွင် သတ်ရန် ထိုသူတို့လက်သို့ အပ်လိုက်၏။ ဤသို့ဖြင့် သူတို့သည် ကိုယ်တော်ကို ခေါ်ဆောင်သွားကြ၏။
နှစ်နှစ်ကြာသော် ပေါကိဖေတ္တုမင်းသည် ဖေလဇ်မင်းနေရာကို ဆက်ခံလေ၏။ ဖေလဇ်မင်းသည် ဂျူးတို့အား ကျေးဇူးပြုလိုသဖြင့် ပေါလုကို အကျဉ်းချထားရစ်လေ၏။
ထိုအခါ ဖေတ္တုမင်းသည် ဂျူးတို့ကို ကျေးဇူးပြုလိုသဖြင့် ပေါလုအား “သင်သည် ဂျေရုဆလင်မြို့သို့ တက်သွား၍ ထိုမြို့၌ ငါ့ရှေ့တွင် ဤစွပ်စွဲချက်များနှင့်ပတ်သက်၍ စစ်ဆေးခံလိုသလော” ဟု မေးလေ၏။