သို့သော်လည်း သင်တို့အား ငါပြောဆိုသည်မှာ မကောင်းသောသူကို အတိုက်အခံမပြုကြနှင့်။ သင်၏ ပါးတစ်ဖက်ကို ရိုက်သောသူအား အခြားတစ်ဖက်ကိုလည်း လှည့်ပေးလော့။
မဿဲ 26:52 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုအခါ ယေရှုက ထိုသူအား “သင့်ဓားကို ဓားအိမ်၌ ပြန်သိမ်းလော့။ ဓားကိုင်သောသူတို့သည် ဓားဖြင့် အသက်ဆုံးရှုံးရလိမ့်မည်။ Common Language Bible သခင်ယေရှုက ``သင်၏ဋ္ဌားကိုဋ္ဌားအိမ်သို့ပြန်သွင်း လော့။ ဋ္ဌားကိုစွဲကိုင်သူသည်ဋ္ဌားအားဖြင့်သေကြေ ပျက်စီးရလိမ့်မည်။- Garrad Bible ယေ ရှု က သင့် ဓား ကို အိမ်၌ ပြန် သွင်း လော့။ ဓား ဆောင် သူ ရှိ သ မျှ တို့ သည် ဓား ဖြင့် ပျက် စီး ရ မည်။ Judson Bible ယေရှုကလည်း သင့်ဓားကို သူ့နေရာ၌ပြန်ထားလော့။ ဓားကိုကိုင်သောသူ ရှိသမျှတို့သည် ဓားဖြင့်ဆုံးခြင်းသို့ ရောက်ကြလိမ့်မည်။- မြန်မာ့စံမီသမ္မာကျမ်း ယေရှုကလည်း ထိုသူအား“သင်၏ဓားကို သူ့နေရာ၌ပြန်ထားလော့။ အကြောင်းမူကား ဓားကိုင်သောသူအားလုံးတို့သည် ဓားဖြင့်ပျက်စီးရလိမ့်မည်။ မြန်မာ ယေရှုကလည်း သင့်ဓားကို သူ့နေရာ၌ပြန်ထားလော့။ ဓားကိုကိုင်သောသူ ရှိသမျှတို့သည် ဓားဖြင့်ဆုံးခြင်းသို့ ရောက်ကြလိမ့်မည်။- |
သို့သော်လည်း သင်တို့အား ငါပြောဆိုသည်မှာ မကောင်းသောသူကို အတိုက်အခံမပြုကြနှင့်။ သင်၏ ပါးတစ်ဖက်ကို ရိုက်သောသူအား အခြားတစ်ဖက်ကိုလည်း လှည့်ပေးလော့။
ချစ်ရသောသူတို့… ကိုယ်တိုင်လက်တုံ့မပြန်ကြနှင့်။ ဘုရားသခင်ကသာ စီရင်ပါစေ။ ကျမ်းစာ၌ “ထာဝရဘုရားက ‘လက်တုံ့ပြန်ခြင်းသည် ငါ့တာဝန် ဖြစ်၏။ သူတို့ကို အပြစ်နှင့်အလျောက် ငါဆပ်ပေးမည်’ ဟု မိန့်တော်မူ၏” ဟူ၍ရေးသားထား၏။
အဆိုးကို အဆိုးဖြင့် မတုံ့ပြန်ကြနှင့်။ အချင်းချင်းအတွက်ဖြစ်စေ၊ လူတိုင်းအတွက်ဖြစ်စေ အကျိုးရှိသောအရာများကို အမြဲကြိုးစားလုပ်ဆောင်ကြလော့။
အဆိုးကို အဆိုးဖြင့်လည်းကောင်း၊ ကဲ့ရဲ့ခြင်းကို ကဲ့ရဲ့ခြင်းဖြင့်လည်းကောင်း မတုံ့ပြန်ကြနှင့်။ ကောင်းချီးကိုသာ ပေးကြလော့။ သင်တို့သည် ဤသို့ပြုရန် ရွေးကောက်တော်မူခြင်းခံရ၏။ သို့ပြုလျှင် သင်တို့သည် ကောင်းချီးမင်္ဂလာကို ခံစားရလိမ့်မည်။
ထောင်ကျမည့် သူသည် ထောင်ချခံရလိမ့်မည်။ ဓားဖြင့် အသတ်ခံရမည့် သူသည်လည်း ဓားဖြင့် အသတ်ခံရလိမ့်မည်။ ဤအကြောင်းကြောင့် ဘုရားသခင်၏ သန့်ရှင်းသူတို့သည် သည်းခံ၍ ယုံကြည်ရန် ဖြစ်၏။
ထိုသူတို့သည် သန့်ရှင်းသူတို့နှင့် ပရောဖက်တို့၏ သွေးကို သွန်းခဲ့ကြသဖြင့် ထိုသူတို့နှင့် ထိုက်တန်သည့်အတိုင်း ကိုယ်တော်သည် ထိုသွေးကို သူတို့အား တိုက်တော်မူ၏” ဟုပြောသည်ကို ကျွန်ုပ်ကြားရ၏။