ခြောက်ရက် ကြာသော် ယေရှုသည် ပေတရု၊ ယာကုပ်နှင့် ယာကုပ်၏ညီ ယောဟန်တို့ကို မြင့်မားသောတောင် တစ်တောင်ပေါ်သို့ သီးခြားခေါ်ဆောင်သွားတော်မူ၏။
မဿဲ 26:37 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ပေတရုနှင့် ဇေဗေဒဲ၏ သားနှစ်ယောက်ဖြစ်သော ယာကုပ်နှင့် ယောဟန်တို့ကို ခေါ်သွားတော်မူ၏။ ယေရှုသည် ဝမ်းနည်း၍ စိတ်ပူပန်သဖြင့် Common Language Bible ပေတရုနှင့်ဇေဗေဒဲ၏သားနှစ်ယောက်တို့ကို ခေါ်သွားတော်မူ၏။ ကိုယ်တော်သည်စိတ်မချမ်း မသာဖြစ်တော်မူလျက်လွန်စွာသောကရောက် တော်မူသဖြင့်၊- Garrad Bible ပေ တ ရု နှင့် တ ကွ ဇေ ဗေ ဒဲ၏ သား နှစ် ယောက် ကို ခေါ် သွား ပြီ လျှင် Judson Bible ပေတရုနှင့် ဇေဗေဒဲ၏သားနှစ်ယောက်တို့ကို ခေါ်သွား၍၊ နှလုံးမသာ စိတ်ပူပန်ခြင်းသို့ ရောက်တော်မူ၏။- မြန်မာ့စံမီသမ္မာကျမ်း ပေတရုနှင့် ဇေဗေဒဲ၏သားနှစ်ယောက်တို့ကို ခေါ်သွားတော်မူ၏။ ထိုအခါ ကိုယ်တော်သည် ဝမ်းနည်းခြင်းနှင့်စိတ်ပူပန်ခြင်းရှိသဖြင့် မြန်မာ ပေတရုနှင့် ဇေဗေဒဲ၏သားနှစ်ယောက်တို့ကို ခေါ်သွား၍၊ နှလုံးမသာ စိတ်ပူပန်ခြင်းသို့ ရောက်တော်မူ၏။- |
ခြောက်ရက် ကြာသော် ယေရှုသည် ပေတရု၊ ယာကုပ်နှင့် ယာကုပ်၏ညီ ယောဟန်တို့ကို မြင့်မားသောတောင် တစ်တောင်ပေါ်သို့ သီးခြားခေါ်ဆောင်သွားတော်မူ၏။
ထို့နောက် ဇေဗေဒဲ၏ဇနီးသည် သားနှစ်ယောက်နှင့်အတူ ယေရှုထံသို့ လာ၍ ရှေ့တော်တွင် ဒူးထောက်လျက် ကျေးဇူးပြုတော်မူရန် လျှောက်လေ၏။
တစ်နေ့၌ ယေရှုသည် ဂါလိလဲအိုင်နံဘေးတစ်လျှောက် ကြွတော်မူစဉ် အိုင်ထဲတွင် ကွန်ပစ်နေကြသည့် ပေတရုဟု ခေါ်သော ရှိမုန်နှင့် ညီဖြစ်သူအန္ဒြေတို့ကို တွေ့မြင်တော်မူ၏။ ထိုသူတို့သည် တံငါသည်များဖြစ်ကြ၏။
ထိုနေရာမှ အနည်းငယ်ကြွတော်မူသောအခါ အခြားညီအစ်ကိုနှစ်ဦးဖြစ်သော ယာကုပ်နှင့် ယောဟန်တို့ကို မြင်တော်မူ၏။ သူတို့သည် ဇေဗေဒဲ၏သားများဖြစ်ကြ၍ လှေထဲ၌ ဖခင်နှင့်အတူ ပိုက်ကွန်များဖာထေးပြုပြင်နေကြ၏။ ယေရှုက သူတို့ကို နောက်တော်သို့ လိုက်ရန် ခေါ်တော်မူ၏။
ကိုယ်တော်သည် ပေတရု၊ ယာကုပ်နှင့် ယာကုပ်၏ညီ ယောဟန်မှအပ မည်သူ့ကိုမျှ လိုက်ပါခွင့်ပေးတော်မမူ။
ယေရှုသည် ပြင်းစွာသော ဝေဒနာကိုခံလျက် စိတ်အားပြင်းပြစွာ ဆုတောင်းသဖြင့် ချွေးစက်တော်သည် သွေးစက်သဖွယ် မြေပေါ်သို့ကျလေ၏။
ယခုငါသည် အလွန်စိတ်ပူပန်လျက်ရှိ၏။ ငါ့ခမည်းတော်ထံ ‘အို အဖ… အကျွန်ုပ်ကို ဤဒုက္ခရောက်ချိန်နှင့် ကင်းလွှတ်စေတော်မူပါ’ ဟု ဆုတောင်းရမည်လော။ သို့ရာတွင် ငါသည် ဤအချိန်နာရီအတွက် ရောက်လာခြင်းဖြစ်၏။