ကောင်းကင်နိုင်ငံတော်၏ သဘောသဘာဝသည် ဤအဖြစ်အပျက်နှင့် တူ၏။ အပျိုရံဆယ်ဦးတို့သည် ဆီမီးခွက်များကို ကိုင်ဆောင်လျက် သတို့သားအား ကြိုဆိုရန် ထွက်သွားကြ၏။
မဿဲ 25:8 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုအခါ ပညာသတိမဲ့သော အပျိုရံငါးဦးက ‘ငါတို့၏ ဆီမီးခွက်များ ငြိမ်းတော့မည်ဖြစ်၍ ဆီအနည်းငယ် ပေးကြပါ’ ဟု ပညာသတိရှိသော အပျိုရံတို့ထံ တောင်းကြ၏။ Common Language Bible ပညာသတိမရှိသူများက `ငါတို့မီးငြိမ်း တော့မည်ဖြစ်၍ငါတို့ကိုဆီအနည်းငယ်ပေး ပါ' ဟုပညာသတိရှိသူတို့ထံတောင်းကြ၏။- Judson Bible မိုက်သောသူတို့က ငါတို့ဆီမီး သေပါပြီ။ သင်တို့ဆီကို အနည်းငယ်ပေးပါဟု ပညာရှိသောသူတို့အား တောင်းကြ၏။- မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ မိုက်မဲသောသူတို့က ‘ငါတို့မီးခွက်များမီးငြိမ်းတော့မည်ဖြစ်၍ သင်တို့၏ဆီအချို့ကို ငါတို့အားပေးကြပါ’ဟု ပညာသတိရှိသောသူတို့ကိုပြောကြ၏။ မြန်မာ မိုက်သောသူတို့က ငါတို့ဆီမီး သေပါပြီ။ သင်တို့ဆီကို အနည်းငယ်ပေးပါဟု ပညာရှိသောသူတို့အား တောင်းကြ၏။- |
ကောင်းကင်နိုင်ငံတော်၏ သဘောသဘာဝသည် ဤအဖြစ်အပျက်နှင့် တူ၏။ အပျိုရံဆယ်ဦးတို့သည် ဆီမီးခွက်များကို ကိုင်ဆောင်လျက် သတို့သားအား ကြိုဆိုရန် ထွက်သွားကြ၏။
သို့သော် ပညာသတိရှိသော အပျိုရံတို့က ‘ငါတို့အားလုံးအတွက်ဆိုလျှင် ဆီမလုံလောက်ပါ။ ဆီရောင်းသောသူတို့ထံသာ သွား၍ သင်တို့အတွက် ဝယ်ယူကြပါ’ ဟု ပြန်ပြောကြ၏။
‘ငါတို့သည် အာဗြဟံ၏မျိုးဆက်များ ဖြစ်ကြသောကြောင့် ဘုရားသခင်သည် ငါတို့ကို အပြစ်စီရင်တော်မူမည်မဟုတ်’ ဟူ၍ မိမိကိုယ်ကိုယ် မထင်ကြနှင့်။ သင်တို့အား ငါပြောဆိုသည်မှာ ဘုရားသခင်သည် အာဗြဟံအတွက် သားသမီးများကို ဤကျောက်ခဲများမှပင် ဖန်ဆင်းနိုင်တော်မူ၏။
ထိုအခါ သူဌေးကြီးက ‘အဖအာဗြဟံ… အကျွန်ုပ်ကို သနားပါ။ အကျွန်ုပ်သည် မီးတောက်များထဲတွင် ပြင်းထန်စွာ ဝေဒနာခံစားနေရပါ၏။ သို့ဖြစ်၍ လာဇရုကို စေလွှတ်၍ သူ၏လက်ဖျားကို ရေ၌ နှစ်စေကာ အကျွန်ုပ်လျှာကို အေးစေပါ’ ဟု တောင်းပန်ပြောဆို၏။
ထို့နောက် သင်တို့သည် မည်သို့ကြားနာသည်ကို သတိပြုကြလော့။ ရှိသောသူတို့အား များစွာထပ်၍ ပေးတော်မူလိမ့်မည်။ မရှိသောသူတို့ထံမှမူ သူတို့၌ ရှိသည်ဟု ထင်ရသောအရာကိုပင် သိမ်းယူတော်မူလိမ့်မည်” ဟု မိန့်တော်မူ၏။
ရှိမုန်က “သင်တို့ပြောဆိုခဲ့သောအရာ တစ်စုံတစ်ခုမျှ ကျွန်ုပ်အပေါ် မကျရောက်ရန် ထာဝရဘုရားထံ ကျွန်ုပ်အတွက် တောင်းလျှောက်ပေးကြပါ” ဟု တောင်းဆို၏။
ထို့ကြောင့် ဘုရားသခင်၏စံမြန်းနားခိုရာသို့ ဝင်ရမည့် ကတိတော်တည်ဆဲဖြစ်လျက်နှင့် မည်သူတစ်ဦးတစ်ယောက်မျှ ထိုဝင်ခွင့်ကို မဆုံးရှုံးမိစေရန် သတိပြုကြစို့။
ကြည့်ရှုလော့။ မိမိကိုယ်မိမိ ဂျူးဖြစ်သည်ဟု ဆိုကြသော်လည်း ဂျူးမဟုတ်ဘဲ စာတန်၏အသင်းဝင်များဖြစ်ကြသောသူတို့သည် လိမ်ညာသူများသာဖြစ်၏။ ငါသည် သူတို့ကို သင်၏ ခြေရင်း၌ လာရောက်ဝပ်တွားခယစေ၍ သင့်ကို ငါချစ်ကြောင်း သူတို့အား သိစေမည်။