မဿဲ 24:9 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့နောက် သင်တို့သည် ငါ၏ နောက်လိုက်များဖြစ်သောကြောင့် ကမ္ဘာတစ်ဝန်းတွင် ညှဉ်းပန်းနှိပ်စက်ခြင်း၊ သတ်ဖြတ်ခြင်းနှင့် မုန်းတီးခြင်းကို ခံကြရလိမ့်မည်။ Common Language Bible ``ထိုနောက်လူတို့သည်သင်တို့အားအပြစ်ဒဏ် ခံရကြစေရန်နှင့်အသတ်ခံရကြစေရန် အာဏာပိုင်တို့ထံသို့ပေးအပ်ကြလိမ့်မည်။ လူခပ်သိမ်းတို့သည်ငါ၏နာမကြောင့်သင် တို့ကိုမုန်းကြလိမ့်မည်။- Garrad Bible ထို အ ခါ သင် တို့ သည် ပို့ အပ် ညှဉ်း ပန်း ခြင်း၊ အ သေ သတ် ခြင်း ခံ ရ လျက် ငါ့ နာ မ အ တွက် ကြောင့် လူ အ မျိုး မျိုး တို့ မုန်း ထား ခြင်း ကို ခံ ရ သ ဖြင့်။ Judson Bible ထိုကာလ၌ လူများတို့သည် သင်တို့ကိုညှဉ်းဆဲခြင်း၊ အသေသတ်ခြင်းကို ခံစေခြင်းငှာ အပ်နှံကြလိမ့်မည်။ ငါ၏နာမကြောင့်လည်း ခပ်သိမ်းသောလူမျိုးတို့သည် သင်တို့ကို မုန်းကြလိမ့်မည်။- မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် လူတို့သည် သင်တို့ကိုနှိပ်စက်ရန် အပ်နှံ၍ သင်တို့ကို သတ်ဖြတ်ကြလိမ့်မည်။ သင်တို့သည် ငါ့နာမကြောင့် လူမျိုးတကာတို့၏မုန်းတီးခြင်းကို ခံရကြလိမ့်မည်။ မြန်မာ ထိုကာလ၌ လူများတို့သည် သင်တို့ကိုညှဉ်းဆဲခြင်း၊ အသေသတ်ခြင်းကို ခံစေခြင်းငှာ အပ်နှံကြလိမ့်မည်။ ငါ၏နာမကြောင့်လည်း ခပ်သိမ်းသောလူမျိုးတို့သည် သင်တို့ကို မုန်းကြလိမ့်မည်။- |
ထို့ကြောင့် ငါသည် ပရောဖက်များ၊ ပညာရှင်များနှင့် ကျမ်းတတ်ဆရာများကို သင်တို့ထံ စေလွှတ်မည်။ သို့သော် သင်တို့သည် တချို့ကို လက်ဝါးကပ်တိုင်တွင် သတ်ကြလိမ့်မည်။ တချို့ကို ဝတ်ပြုဆောင်များတွင် ရိုက်၍ တစ်မြို့ပြီးတစ်မြို့ လိုက်လံဖမ်းဆီးကြလိမ့်မည်။
သို့ဖြစ်၍ ဉာဏ်ပညာတော်နှင့် ပြည့်စုံသောဘုရားသခင် ဟောတော်မူသည်မှာ ‘ငါသည် ပရောဖက်များနှင့် တမန်တော်များကို သူတို့ထံသို့ စေလွှတ်မည်။ သို့သော် သူတို့သည် တချို့ကို သတ်၍ တချို့ကို ညှဉ်းဆဲကြလိမ့်မည်’ ဟူ၍ ဖြစ်၏။
သို့သော် ဤအရာများမဖြစ်ပွားမီ လူတို့သည် သင်တို့ကို ဖမ်းဆီး၍ ညှဉ်းပန်းနှိပ်စက်ကြလိမ့်မည်။ သင်တို့ကို ဂျူးဝတ်ပြုဆောင်များသို့ တရားစီရင်ရန် အပ်ကြလိမ့်မည်။ ထောင်များတွင်လည်း အကျဉ်းချထားကြလိမ့်မည်။ ငါ၏နောက်လိုက်များဖြစ်သောကြောင့် သင်တို့ကို ရှင်ဘုရင်များနှင့် အစိုးရအာဏာပိုင်များရှေ့သို့ ခေါ်ဆောင်သွားကြလိမ့်မည်။
လောကီသားတို့သည် သင်တို့ကို မုန်းလျှင် သင်တို့ကို မမုန်းမီ ငါ့ကိုမုန်းကြသည်ကို သိမှတ်ကြလော့။
သို့ရာတွင် သူတို့သည် ငါ့ကို စေလွှတ်တော်မူသောအရှင်ကို မသိသဖြင့် ငါ့ကြောင့် ထိုအခြင်းအရာအားလုံးကို သင်တို့အပေါ် ပြုကြလိမ့်မည်။
လူတို့သည် သင်တို့ကို ဂျူးဝတ်ပြုဆောင်များမှ ထုတ်ပယ်ကြလိမ့်မည်။ သင်တို့ကို သတ်သောသူများက ထိုသို့သတ်ခြင်းသည် ဘုရားသခင်၏အမှုတော်ကို ဆောင်ရွက်ခြင်းဖြစ်သည်ဟု ခံယူသည့်အချိန်ကာလ ရောက်လာလိမ့်မည်။
သို့ရာတွင် ဤဂိုဏ်းအကြောင်းနှင့်ပတ်သက်၍ နေရာအနှံ့တွင် ဆန့်ကျင်ပြောဆိုနေကြသည်ကို ကျွန်ုပ်တို့သိထားသောကြောင့် သင်၏ထင်မြင်ယူဆချက်ကို ကြားလိုပါသည်” ဟု ဆိုကြ၏။
ထိုသူတို့သည် ကျောက်ခဲဖြင့် ပေါက်နေကြစဉ် သတေဖန်က “သခင်ယေရှု… အကျွန်ုပ်၏ဝိညာဉ်ကို လက်ခံတော်မူပါ” ဟု ဆုတောင်းလေ၏။
သင်တို့သည် ခရစ်ယာန်ဖြစ်သောကြောင့် ဆင်းရဲဒုက္ခခံရလျှင် မရှက်ကြောက်ဘဲ ခရစ်ယာန်ဖြစ်ခြင်းအတွက် ဘုရားသခင်၏ဘုန်းတော်ကို ချီးမွမ်းလော့။
သင်ခံစားရမည့်ဆင်းရဲဒုက္ခကို မကြောက်နှင့်။ ကြည့်ရှုလော့။ မာရ်နတ်သည် သင့်ကို စမ်းသပ်ရန် သင်တို့ထဲမှ တချို့ကို ထောင်ချလိမ့်မည်။ သင်သည်ဆယ်ရက်တိုင် ဆင်းရဲဒုက္ခ ခံရလိမ့်မည်။ သေသည်တိုင်အောင် သစ္စာရှိလော့။ ထိုသို့ပြုလျှင် အသက်ဆုသရဖူကို သင့်အား ငါပေးမည်။
သင်သည် စာတန်အုပ်စိုးသည့်နေရာ၌ နေကြောင်းကို ငါသိ၏။ သို့သော် သင်သည် ငါ၏နာမကို စွဲကိုင်နေလျက်ရှိသေး၏။ ငါ၏သစ္စာရှိသောသက်သေခံ အန္တိပသည် ဤစာတန်အုပ်စိုးသည့်နေရာ၌ အသတ်ခံရချိန်၌ပင် သင်သည် ငါ့အပေါ် ထားရှိသော သင်၏ယုံကြည်ခြင်းကို မစွန့်ပယ်ခဲ့ပေ။
ကျွန်ုပ်က “အရှင်… အဖြေကို အရှင်သိပါ၏” ဟုပြန်လျှောက်လျှင် ထိုသူက “ဤသူတို့သည် ကြီးမားသောဒုက္ခဆင်းရဲကို ဖြတ်ကျော်လာသောသူများဖြစ်ကြ၏။ ထိုသူတို့သည် သိုးသငယ်တော်၏သွေး၌ မိမိတို့ဝတ်ရုံများကို ဖြူစင်အောင်လျှော်ကြပြီ။