သို့ဖြစ်၍ သင်တို့အား အမှောင်၌ ငါပြောသမျှကို အလင်းတွင် ပြောကြလော့။ သင်တို့နား၌ ငါတီးတိုးပြောသမျှကို လသာဆောင်ပေါ်မှ ကြေညာကြလော့။
မဿဲ 24:17 - ခေတ်သစ်မြန်မာ သမ္မာကျမ်း လသာဆောင်ပေါ်တွင် ရှိသောသူသည် မိမိအိမ်ထဲမှ ပစ္စည်းများကို မယူဘဲ အောက်သို့ ဆင်း၍ ထွက်ပြေးရမည်။ Common Language Bible အိမ်ခေါင်မိုးပေါ်တွင်ရှိသူသည်အိမ်ထဲမှဥစ္စာ ပစ္စည်းများကိုယူရန်အောက်သို့မဆင်းစေနှင့်။- Garrad Bible အိမ် မိုး ပေါ် တွင် ရှိ နေ သူ သည် အိမ် တွင်း ရှိ ပ စ္စည်း ကို ယူ ရန် ဆင်း သက် ခြင်း၊ Judson Bible အိမ်မိုးပေါ်မှာ ရှိသောသူသည် အိမ်ထဲက ဥစ္စာကိုယူခြင်းငှာ မဆင်းစေနှင့်။- မြန်မာ့စံမီသမ္မာကျမ်း လေသာဆောင်ပေါ်၌ရှိသောသူသည် မိမိအိမ်ထဲမှ ပစ္စည်းများကိုယူရန် အောက်သို့မဆင်းစေနှင့်။ မြန်မာ အိမ်မိုးပေါ်မှာ ရှိသောသူသည် အိမ်ထဲက ဥစ္စာကိုယူခြင်းငှာ မဆင်းစေနှင့်။- |
သို့ဖြစ်၍ သင်တို့အား အမှောင်၌ ငါပြောသမျှကို အလင်းတွင် ပြောကြလော့။ သင်တို့နား၌ ငါတီးတိုးပြောသမျှကို လသာဆောင်ပေါ်မှ ကြေညာကြလော့။
ထို့ကြောင့် သင်တို့အား ငါပြောဆိုသည်မှာ သင်တို့အသက်ရှင်ရန်အတွက် မည်သည့်အရာစားသောက်ရမည်ကိုလည်းကောင်း၊ သင်တို့ကိုယ်ခန္ဓာအတွက် မည်သည့်အရာဝတ်ရမည်ကိုလည်းကောင်း မစိုးရိမ်ကြနှင့်။ အသက်သည် အစာထက်မြတ်သည် မဟုတ်လော။ ကိုယ်ခန္ဓာသည် အဝတ်ထက်မြတ်သည် မဟုတ်လော။
ထို့ကြောင့် အမှောင်၌ သင်တို့ပြောသမျှတို့ကို အလင်းတွင် ကြားရလိမ့်မည်။ သင်တို့အိမ်တွင်းတံခါးပိတ်၍ တီးတိုးပြောသမျှကို လသာဆောင်ပေါ်မှ ကြေညာကြလိမ့်မည်။
သို့သော်လည်း လူထုပရိသတ်ရှိနေသဖြင့် အထဲသို့ သယ်ဆောင်မည့်လမ်းကို မတွေ့ကြပေ။ ထို့ကြောင့် အိမ်အမိုးပေါ်သို့တက်ပြီးလျှင် အုတ်ကြွပ်များကိုခွာ၍ လူနာကို ထမ်းစင်နှင့်တကွ လူထုပရိသတ်အလယ် ယေရှုရှေ့တော်သို့ ကြိုးဖြင့် လျှောချကြ၏။
နောက်တစ်နေ့၌ ထိုသူတို့သည် ခရီးသွား၍ယုပ္ပေမြို့နှင့် နီးလာစဉ် မွန်းတည့်ချိန်ခန့်တွင် ပေတရုသည် ဆုတောင်းရန် လသာဆောင်ပေါ်သို့ တက်လေ၏။