သို့သော် ‘ယဇ်ပူဇော်ခြင်းထက် သနားကြင်နာတတ်ခြင်းကို ငါပို၍အလိုရှိ၏’ ဟူသည့် ကျမ်းစာ၏ အဓိပ္ပာယ်ကို သင်တို့ သိရှိပါက အပြစ်မရှိသော ငါ၏တပည့်တော်တို့ကို ပြစ်တင်ရှုတ်ချလိမ့်မည် မဟုတ်။
မဿဲ 23:23 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သူတော်ကောင်းယောင်ဆောင်သော ကျမ်းတတ်ဆရာများနှင့် ဖာရိရှဲတို့… သင်တို့သည် အမင်္ဂလာရှိကြ၏။ အဘယ်ကြောင့်ဆိုသော် သင်တို့သည် ပင်စိမ်းရွက်၊ စမုန်စပါးနှင့် ဇီရာစေ့တို့ကို ဆယ်ပုံတစ်ပုံလှူဒါန်းကြသော်လည်း ပညတ်ကျမ်းထဲမှ ပို၍အရေးကြီးသော တရားမျှတခြင်း၊ သနားကြင်နာခြင်းနှင့် ယုံကြည်ခြင်းတို့ကိုမူ လျစ်လျူရှုထားကြသောကြောင့်ဖြစ်၏။ ဆယ်ပုံတစ်ပုံကို လှူဒါန်းကြရမည်မှန်သော်လည်း ထိုထက်အရေးကြီးသော အချက်တို့ကို လျစ်လျူမရှုသင့်ပေ။ Common Language Bible ``ကြောင်သူတော်ဖာရိရှဲနှင့်ကျမ်းတတ်ဆရာတို့၊ သင်တို့သည်အမင်္ဂလာရှိကြ၏။ သင်တို့သည် ပင်စိမ်း၊စမွတ်နှင့်ဇီယာတို့ကိုဆယ်ဖို့တစ်ဖို့ ပေးလှူကြသော်လည်းတရားမျှတမှု၊ သနား ကြင်နာမှု၊ ရိုးသားဖြောင့်မတ်မှုစသည့်ပညတ် ကျမ်းမှအကယ်ပင်အရေးကြီးသောသွန်သင် ချက်များကိုမူကားလျစ်လူပြုကြ၏။- Garrad Bible သီ လ ကြောင် ဖြစ် သူ ကျမ်း တတ် ဆ ရာ နှင့် ဖာ ရိ ရှဲ တို့၊ သင် တို့၌ အ မင်္ဂ လာ ရှိ၏။ သင် တို့ သည် ပင် စိမ်း၊ စ မွတ်၊ ဇီ ယာ၊ ဆယ် ဖို့ တစ် ဖို့ ကို လှူ လျက် ပ ညတ် တ ရား တော်၌ အ ရေး ကြီး သော တ ရား စောင့် ခြင်း၊ က ရု ဏာ ရှိ ခြင်း၊ သ စ္စာ တည် ခြင်း များ ကို လှပ် ထား ကြ သည် တ ကား။ ဆို ခဲ့ သော အ လှူ များ ကို မ လှပ် ထား ဘဲ အ ရေး ကြီး သော အ ရာ များ ကို စောင့် သင့်၏။ Judson Bible လျှို့ဝှက်သောကျမ်းပြုဆရာ၊ ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ပင်စိမ်း၊ စမွှတ်၊ ဇီယာ၊ အသီးအရွက်တို့ကို ဆယ်ဖို့တစ်ဖို့ လှူကြသည်တွင် တရားသဖြင့်စီရင်ခြင်း၊ သူတစ်ပါးကို သနားခြင်း၊ သစ္စာစောင့်ခြင်းတည်းဟူသော ပညတ်တရားတွင် လေးသောအရာတို့ကိုကား လှပ်၍ထားကြ၏။ အရင်ဆိုသောအရာတို့ကို မလှပ်မထား၊ နောက်ဆိုသောအရာတို့ကို ကျင့်ရမည်။- မြန်မာ့စံမီသမ္မာကျမ်း သူတော်ကောင်းယောင်ဆောင်သော ကျမ်းပြုဆရာနှင့်ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား သင်တို့သည် ပင်စိမ်း၊ စမုန်စပါးနှင့် ဇီရာတို့ကို ဆယ်ဖို့တစ်ဖို့ပေးလှူကြ၏။ သို့သော် ပညတ်တရားထဲမှ ပို၍အရေးကြီးသော တရားမျှတခြင်း၊ ကရုဏာထားခြင်းနှင့် သစ္စာစောင့်ခြင်းတို့ကို ချန်လှပ်ထားကြ၏။ ဤအရာများကို ပြုရမည်ဖြစ်ပြီး အထက်တွင်ဆိုသောအရာများကိုလည်း ချန်လှပ်မထားရ။ မြန်မာ လျှို့ဝှက်သောကျမ်းပြုဆရာ၊ ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ပင်စိမ်း၊ စမွှတ်၊ ဇီယာ၊ အသီးအရွက်တို့ကို ဆယ်ဖို့တစ်ဖို့ လှူကြသည်တွင် တရားသဖြင့်စီရင်ခြင်း၊ သူတစ်ပါးကို သနားခြင်း၊ သစ္စာစောင့်ခြင်းတည်းဟူသော ပညတ်တရားတွင် လေးသောအရာတို့ကိုကား လှပ်၍ထားကြ၏။ အရင်ဆိုသောအရာတို့ကို မလှပ်မထား၊ နောက်ဆိုသောအရာတို့ကို ကျင့်ရမည်။- |
သို့သော် ‘ယဇ်ပူဇော်ခြင်းထက် သနားကြင်နာတတ်ခြင်းကို ငါပို၍အလိုရှိ၏’ ဟူသည့် ကျမ်းစာ၏ အဓိပ္ပာယ်ကို သင်တို့ သိရှိပါက အပြစ်မရှိသော ငါ၏တပည့်တော်တို့ကို ပြစ်တင်ရှုတ်ချလိမ့်မည် မဟုတ်။
သူတော်ကောင်းယောင်ဆောင်သော ကျမ်းတတ်ဆရာများနှင့် ဖာရိရှဲတို့… သင်တို့သည် အမင်္ဂလာရှိကြ၏။ အဘယ်ကြောင့်ဆိုသော် သင်တို့သည် ကောင်းကင်နိုင်ငံတော်၏တံခါးကို လူတို့ရှေ့မှ ပိတ်ထား၍ သင်တို့ကိုယ်တိုင်လည်းမဝင်၊ ဝင်လိုသည့်သူများကိုလည်း ဝင်ခွင့်မပေးဘဲ နေကြသောကြောင့်ဖြစ်၏။
‘ယဇ်ပူဇော်ခြင်းထက် သနားကြင်နာတတ်ခြင်းကို ငါပို၍အလိုရှိ၏’ ဟူသည့် ကျမ်းစကားကို သင်တို့ သွား၍ သင်ယူကြလော့။ ဖြောင့်မတ်သောသူတို့ကို နောင်တရစေရန်အတွက် ငါလာ၍ ခေါ်သည်မဟုတ်။ အပြစ်သားများကို နောင်တရစေရန်အတွက် လာ၍ ခေါ်သည်” ဟု မိန့်တော်မူ၏။
ဖာရိရှဲတို့… သင်တို့သည် အမင်္ဂလာရှိကြ၏။ အဘယ်ကြောင့်ဆိုသော် သင်တို့သည် ပင်စိမ်းရွက်၊ စမုန်စပါးနှင့် ဟင်းခတ်ရွက်တို့ကို ဆယ်ပုံတစ်ပုံလှူဒါန်းကြသော်လည်း တရားမျှတခြင်းနှင့် ဘုရားသခင်ကိုချစ်ခြင်း စသည့်အမှုတို့ကို လျစ်လျူရှုကြသောကြောင့်ဖြစ်၏။ ဆယ်ပုံတစ်ပုံကို လှူဒါန်းကြရမည်မှန်သော်လည်း ထိုထက်အရေးကြီးသော အချက်တို့ကို လျစ်လျူမရှုသင့်ပေ။
အကျွန်ုပ်သည် တစ်ပတ်လျှင်နှစ်ကြိမ် အစာရှောင်ပါ၏။ ရရှိသောအရာများထဲမှ ဆယ်ပုံတစ်ပုံကိုလည်း လှူဒါန်းပါ၏’ ဟု ဆုတောင်း၏။