Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




လုကာ 18:12 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

12 အကျွန်ုပ်​သည် တစ်ပတ်​လျှင်​နှစ်ကြိမ် အစာရှောင်ပါ၏။ ရရှိသော​အရာများ​ထဲမှ ဆယ်ပုံတစ်ပုံ​ကိုလည်း လှူဒါန်းပါ၏’ ဟု ဆုတောင်း၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

12 အ​ကျွန်ုပ်​သည်​ရက်​သတ္တ​တစ်​ပတ်​လျှင်​နှစ်​ကြိမ် တိုင်​တိုင်​အ​စာ​ရှောင်​ပါ​၏။ ရ​ရှိ​သ​မျှ​ဥစ္စာ​ပစ္စည်း ၏​ဆယ်​ဖို့​တစ်​ဖို့​ကို​လှူ​ပါ​၏' ဟု​ဆု​တောင်း ပတ္ထနာ​ပြု​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

12 ခု နစ် ရက် တွင် နှစ် ကြိမ် အ စာ ရှောင် ခြင်း၊ ရ သ မျှ အ နက် ဆယ် ဖို့ တစ် ဖို့ လှူ ခြင်း ပြု တတ် ပါ သည် ဟု အ သီး အ ခြား ပ ဋ္ဌ နာ ပြု ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

12 အ​ကျွန်ုပ်​သည် ခု​နစ်​ရက်​တွင် နှစ်​ရက်​အ​စာ​ရှောင်​ပါ၏။ ဥ​စ္စာ​ရှိ​သ​မျှ​တို့​ကို ဆယ်​ဖို့​တစ်​ဖို့ လှူ​ပါ၏​ဟူ၍ ဆု​တောင်း​ပ​တ္ထ​နာ​ပြု၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

12 အကျွန်ုပ်​သည် တစ်ပတ်​လျှင် နှစ်​ကြိမ်​အစာရှောင်​ပြီး ရရှိ​သမျှ​အားလုံး​၏​ဆယ်ဖို့တစ်ဖို့​ကို​လှူ​ပါ​၏’​ဟု ဆုတောင်း​လေ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

12 အ​ကျွန်ုပ်​သည် ခု​နစ်​ရက်​တွင် နှစ်​ရက်​အ​စာ​ရှောင်​ပါ၏။ ဥ​စ္စာ​ရှိ​သ​မျှ​တို့​ကို ဆယ်​ဖို့​တစ်​ဖို့ လှူ​ပါ၏​ဟူ၍ ဆု​တောင်း​ပ​တ္ထ​နာ​ပြု၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




လုကာ 18:12
24 ပူးပေါင်းရင်းမြစ်များ  

သင်တို့​၏ ဖြောင့်မတ်ခြင်း​သည် ကျမ်းတတ်ဆရာများ​နှင့် ဖာရိရှဲတို့​၏ ဖြောင့်မတ်ခြင်း​ထက် မသာ​လျှင် သင်တို့​သည် ကောင်းကင်​နိုင်ငံတော်​ထဲသို့ မည်သည့်အခါမျှ ဝင်ရောက်နိုင်​လိမ့်မည်​မဟုတ်​ဟု ငါ​သတိပေး၏။


သင်တို့​၏ ကောင်းသော​အကျင့်​ကို လူ​မြင်သာ​အောင် အများ​ရှေ့​တွင် မကျင့်မိ​ရန် သတိပြုကြလော့။ လူ​မြင်သာ​အောင် ပြု​လျှင် ကောင်းကင်ဘုံ​၌​ရှိတော်မူသော သင်တို့​အဖ​ထံမှ ဆုလာဘ်​ကို ရရှိမည်​မဟုတ်။


သင်တို့​သည် အစာရှောင်​သောအခါ သူတော်ကောင်း​ယောင်ဆောင်သူတို့​ကဲ့သို့ မျက်နှာ​မညှိုးငယ်စေနှင့်။ ထို​သူတို့​သည် မိမိတို့​အစာရှောင်နေကြောင်း လူ​အများ​သိမြင်​စေရန် မျက်နှာသွင်ပြင်​ကို မကြည်မသာ​ဖြစ်စေကြ၏။ သင်တို့​အား ငါ​အမှန်​ဆို၏။ ထို​သူတို့​သည် မိမိတို့ ခံစားရမည့် အကျိုး​အားလုံး​ကို ရရှိကြပြီ။


သင်တို့​သည် ဆုတောင်း​သောအခါ သူတော်ကောင်း​ယောင်ဆောင်သူများ​ကဲ့သို့ မပြုကြနှင့်။ ထို​သူတို့​သည် လူ​မြင်သာ​စေရန် ဝတ်ပြုဆောင်များ​နှင့် လမ်းဆုံလမ်းခွများ​တွင်​ရပ်​လျက် ဆုတောင်းရသည်​ကို နှစ်သက်ကြ၏။ သင်တို့​အား ငါ​အမှန်​ဆို၏။ ထို​သူတို့​သည် မိမိတို့ ခံစားရမည့် အကျိုး​အားလုံး​ကို ရရှိကြပြီ။


တစ်နေ့​သောအခါ နှစ်ခြင်းဆရာ​ယောဟန်​၏ တပည့်များ​သည် ယေရှု​ထံသို့​လာ​၍ “အကျွန်ုပ်တို့​နှင့် ဖာရိရှဲတို့​သည် မကြာခဏ အစာရှောင်လေ့​ရှိကြ၏။ သို့ရာတွင် ဆရာတော်​၏​တပည့်များ​သည် အဘယ်ကြောင့် အစာမရှောင်ဘဲ​နေကြသနည်း” ဟု မေးလျှောက်ကြ၏။


ဖာရိရှဲတို့… သင်တို့​သည် အမင်္ဂလာ​ရှိကြ၏။ အဘယ်ကြောင့်ဆိုသော် သင်တို့​သည် ပင်စိမ်းရွက်၊ စမုန်စပါး​နှင့် ဟင်းခတ်ရွက်တို့​ကို ဆယ်ပုံတစ်ပုံ​လှူဒါန်းကြ​သော်လည်း တရားမျှတခြင်း​နှင့် ဘုရားသခင်​ကို​ချစ်ခြင်း စသည့်​အမှုတို့​ကို လျစ်လျူရှုကြ​သောကြောင့်​ဖြစ်၏။ ဆယ်ပုံတစ်ပုံ​ကို လှူဒါန်းကြရမည်​မှန်​သော်လည်း ထို​ထက်​အရေးကြီးသော အချက်တို့​ကို လျစ်လျူမရှုသင့်ပေ။


ထို​နည်းတူ သင်တို့​သည်လည်း သင်တို့​ဆောင်ရွက်​ရမည့် အရာ​အားလုံး​ကို လုပ်ဆောင်ပြီး​သောအခါ ‘အကျွန်ုပ်တို့​သည် ထိုက်တန်သော​အစေခံများ​မဟုတ်ပါ။ မိမိတို့​ဆောင်ရွက်ရမည့်​တာဝန်များ​ကို ဆောင်ရွက်ခဲ့ရခြင်းသာ ဖြစ်ပါသည်’ ဟု ဝန်ခံ​ရမည်” ဟူ၍ မိန့်တော်မူ၏။


သို့ဖြစ်လျှင် ဖြောင့်မတ်သည်​ဟု သတ်မှတ်ခံရခြင်း​အတွက် ကြွားဝါစရာ​ရှိသလော။ မရှိပါ။ ထို​ကြွားဝါစရာ​သည် ဖယ်ရှားခံရပြီ။ ဖြောင့်မတ်သည်​ဟု သတ်မှတ်ခံရခြင်း​မှာ ပညတ်တရား​ကို လိုက်နာ​ကျင့်သုံး​သောကြောင့်​မဟုတ်ဘဲ ယေရှု​ခရစ်တော်​ကို ယုံကြည်​သောကြောင့်​သာ ဖြစ်၏။


ထို့ကြောင့် ဘုရားသခင်​ရှေ့တော်​၌ မည်သူ​မျှ ကြွားဝါစရာ​အကြောင်း​မရှိပေ။


ကျွန်ုပ်​သည် ဂျူးဘာသာ​၏ ယုံကြည်မှု​ကို လိုက်နာကျင့်သုံး​ရာတွင် ကျွန်ုပ်​၏ လူမျိုး​ထဲမှ သက်တူ​ရွယ်တူများ​ထက် သာလွန်​ပြီး ဘိုးဘေးတို့​၏ ထုံးတမ်းစဉ်လာများ​ကို ထိန်းသိမ်း​ရာတွင်​လည်း အလွန်​စိတ်အား​ထက်သန်ခဲ့သူ ဖြစ်၏။


မိမိ ပြုသော ကုသိုလ်​ကြောင့် ကယ်တင်ခံရခြင်း မဟုတ်။ သို့ဖြစ်၍ မည်သူမျှ ကြွားဝါစရာ​အကြောင်း မရှိပေ။


ကိုယ်ကာယ​လေ့ကျင့်ခန်း​သည် အနည်းငယ်​သာ အကျိုး​ရှိသော်လည်း ဘုရားတရား​ကိုင်းရှိုင်းခြင်း​မှာမူ အရာရာ​၌ အကျိုး​ရှိ၏။ သင်တို့​သည် ယခု​ဘဝ၊ နောင်ဘဝ​တွင် ဘုရားသခင်​ကတိပြုတော်မူသော အကျိုး​ကို ရရှိမည်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ