“သင်တို့ရှေ့တွင်ရှိသော ရွာသို့သွားကြလော့။ ရွာထဲသို့ ဝင်လျှင်ဝင်ချင်း ကြိုးချည်ထားသောမြည်းမနှင့် မြည်းကလေးကို တွေ့မြင်ရလိမ့်မည်။ မြည်းတို့ကို ကြိုးဖြေ၍ ငါ့ထံသို့ခေါ်ဆောင်လာကြလော့။
မဿဲ 21:3 - ခေတ်သစ်မြန်မာ သမ္မာကျမ်း တစ်စုံတစ်ဦးက သင်တို့အား ‘အဘယ်ကြောင့် မြည်းကို ကြိုးဖြေကြသနည်း’ ဟု မေးလျှင် ‘သခင်အသုံးပြုလိုသောကြောင့်ဖြစ်၏’ ဟု ဖြေကြလော့။ ထိုသို့ဖြေလျှင် သူသည် ချက်ချင်းယူခွင့်ပြုလိမ့်မည်” ဟု မိန့်မှာတော်မူ၏။ Common Language Bible အကယ်၍လူတစ်စုံတစ်ယောက်ကသင်တို့ အား `အဘယ်ကြောင့်ဖြေသနည်း' ဟုမေးခဲ့ သော် `အရှင်ဘုရားအလိုရှိပါသည်' ဟု ဖြေကြားကြလော့။ ထိုအခါသူသည်မြည်း များကိုချက်ချင်းယူခွင့်ပြုလိမ့်မည်'' ဟူ၍ မှာကြားစေလွှတ်တော်မူ၏။ Garrad Bible ကန့် ကွက် သူ ရှိ လျှင်၊ အ ရှင် ဘု ရား အ လို တော် ရှိ သည် ဟု ဆို ကြ၊ ချက် ခြင်း ပေး လိုက် လိမ့် မည် ဟူ၍ မှာ တော် မူ လိုက် သည်။ Judson Bible သူတစ်ပါးသည် သင်တို့အား တစ်စုံတစ်ခုကိုဆိုလျှင် သခင်အလိုရှိသည်ဟု ပြန်ပြောကြလော့။ ထိုသို့ ပြောလျှင် ထိုသူသည် ချက်ချင်းပေးလိုက်မည်ဟု မှာထားတော်မူ၏။- မြန်မာ့စံမီသမ္မာကျမ်း တစ်စုံတစ်ယောက်က သင်တို့အား တစ်စုံတစ်ခုပြောလျှင် ‘သခင်ဘုရားအလိုရှိသည်’ဟု ပြောကြလော့။ ထိုသို့ပြောလျှင် ၎င်းတို့ကို ချက်ချင်းပို့ပေးလိမ့်မည်”ဟူ၍ မိန့်တော်မူ၏။ မြန်မာ သူတစ်ပါးသည် သင်တို့အား တစ်စုံတစ်ခုကိုဆိုလျှင် သခင်အလိုရှိသည်ဟု ပြန်ပြောကြလော့။ ထိုသို့ ပြောလျှင် ထိုသူသည် ချက်ချင်းပေးလိုက်မည်ဟု မှာထားတော်မူ၏။- |
“သင်တို့ရှေ့တွင်ရှိသော ရွာသို့သွားကြလော့။ ရွာထဲသို့ ဝင်လျှင်ဝင်ချင်း ကြိုးချည်ထားသောမြည်းမနှင့် မြည်းကလေးကို တွေ့မြင်ရလိမ့်မည်။ မြည်းတို့ကို ကြိုးဖြေ၍ ငါ့ထံသို့ခေါ်ဆောင်လာကြလော့။
ဤအရာမှာ ပရောဖက်ဟောပြောခဲ့သည့်အကြောင်းအရာ ဖြစ်လာရန်ပင်ဖြစ်၏။ ထိုဟောပြောချက်မှာ
သားတော်သည် ကိုယ်တော်ပေးအပ်တော်မူသမျှသောသူတို့အား ထာဝရအသက်ကို ပေးနိုင်ရန် ကိုယ်တော်သည် သားတော်အား လူသားအားလုံးအပေါ် အုပ်စိုးရသောအခွင့်အာဏာကို ပေးအပ်ထားတော်မူပြီ။
ခမည်းတော်သည် သားတော်ကို ချစ်တော်မူသဖြင့် အရာအားလုံးကို သားတော်လက်သို့ ပေးအပ်ထားတော်မူပြီ။
ထိုနည်းတူ ဘုရားသခင်သည် မည်သည့်အရာကိုမျှ လိုအပ်တော်မမူသောကြောင့် လူ့လက်ဖြင့် လုပ်ကျွေးပြုစုခြင်းကိုလည်း ခံယူရန်မလိုပေ။ ထိုအရှင်သည် လူအပေါင်းတို့အား အသက်နှင့်တကွ ထွက်သက်ဝင်သက်နှင့် အရာအားလုံးကို ပေးတော်မူသောဘုရားဖြစ်၏။
သင်တို့အား ကူညီရန် ကျွန်ုပ်၌စိတ်အားထက်သန်မှုရှိသကဲ့သို့ တိတု၌လည်း ရှိစေတော်မူသော ဘုရားသခင်ကို ကျေးဇူးတင်ပါ၏။
ကျွန်ုပ်တို့သခင်ယေရှုခရစ်တော်၏ ကျေးဇူးတော်ကို သင်တို့သိကြ၏။ ကိုယ်တော်သည် ချမ်းသာသော်လည်း သင်တို့၏ အကျိုးကိုထောက်၍ ဆင်းရဲခံတော်မူ၏။ ထိုသို့ဆင်းရဲခံတော်မူခြင်းမှာ သင်တို့ ချမ်းသာလာစေရန် ဖြစ်၏။
ကောင်းမြတ်သောဆုကျေးဇူးနှင့် ပြီးပြည့်စုံသောလက်ဆောင်များ အားလုံးသည် ကောင်းကင်အလင်များကို ဖန်ဆင်းသော အဖဘုရားသခင်ထံမှ ရောက်လာသည်ဖြစ်၍ အထက်အရပ်မှ ဖြစ်ကြ၏။ ကိုယ်တော်သည် ရွေ့လျားတတ်သောအရိပ်များကဲ့သို့ ပြောင်းလဲတော်မမူ။