ဖာရိရှဲတို့က “သို့ဖြစ်လျှင် ကွာရှင်းစာချုပ်ကို ဇနီးအား ပေး၍ ကွာစေရန် မောရှေသည် အဘယ်ကြောင့်ညွှန်ကြားခဲ့သနည်း” ဟု မေးလျှောက်ကြပြန်၏။
မဿဲ 19:8 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ယေရှုက “သင်တို့သည် အလွန်ခေါင်းမာသောကြောင့် မောရှေသည် သင်တို့အား ဇနီးနှင့်ကွာရှင်းခွင့်ပေးရ၏။ သို့သော် အစဦး၌ ထိုသို့မဟုတ်ပါ။ Common Language Bible ကိုယ်တော်က ``သင်တို့သည်အပြောရခက်သူများ ဖြစ်သောကြောင့်မောရှေသည်သင်တို့အားမယား နှင့်ကွာရှင်းခွင့်ပေးခဲ့ခြင်းဖြစ်၏။ အစမူလက ဤခွင့်ပြုချက်မရှိ။- Garrad Bible သင် တို့ စိတ် ခဲ ယဉ်း သော ကြောင့် မော ရှေ သည် မ ယား ကွာ ခွင့် ပြု ရ၏။ Judson Bible ကိုယ်တော်က၊ သင်တို့စိတ်နှလုံး ခိုင်မာသောကြောင့် မယားနှင့် ကွာရသောအခွင့်ကို မောရှေသည် စီရင်၏။ အစအဦး၌ ထိုသို့မဟုတ်။- မြန်မာ့စံမီသမ္မာကျမ်း ကိုယ်တော်ကလည်း“သင်တို့၏စိတ်နှလုံးမာကျောသောကြောင့် မောရှေသည် သင်တို့အား မယားကိုကွာရှင်းခွင့်ပြုခဲ့၏။ သို့သော် အစအဦးမှစ၍ ထိုကဲ့သို့ဖြစ်သည်မဟုတ်။ မြန်မာ ကိုယ်တော်က၊ သင်တို့စိတ်နှလုံး ခိုင်မာသောကြောင့် မယားနှင့် ကွာရသောအခွင့်ကို မောရှေသည် စီရင်၏။ အစအဦး၌ ထိုသို့မဟုတ်။- |
ဖာရိရှဲတို့က “သို့ဖြစ်လျှင် ကွာရှင်းစာချုပ်ကို ဇနီးအား ပေး၍ ကွာစေရန် မောရှေသည် အဘယ်ကြောင့်ညွှန်ကြားခဲ့သနည်း” ဟု မေးလျှောက်ကြပြန်၏။
သင်တို့အား ငါပြောဆိုသည်မှာ ဇနီးဖြစ်သူ၏ဖောက်ပြန်ခြင်းမှလွဲ၍ မိမိဇနီးအား ကွာရှင်းကာ အခြားတစ်ဦးနှင့် လက်ထပ်သောခင်ပွန်းသည် အိမ်ထောင်ရေးဖောက်ပြန်မှုကို ကျူးလွန်သည်” ဟု မိန့်တော်မူ၏။
ယေရှုက “ဘုရားသခင်အလိုတော်ရှိသော အရာအားလုံးကို လုပ်ဆောင်ကြရမည်ဖြစ်သောကြောင့် ယခု ငါ့ကို နှစ်ခြင်းမင်္ဂလာ ပေးလော့” ဟု မိန့်တော်မူ၏။ ထိုအခါ ယောဟန်သည် ယေရှုအား နှစ်ခြင်းမင်္ဂလာပေးရန် သဘောတူလေ၏။
နတ်ဆိုးတို့က “အကျွန်ုပ်တို့ကို နှင်ထုတ်မည်ဆိုပါက ထိုဝက်အုပ်ထဲသို့ ဝင်ခွင့်ပြုတော်မူပါ” ဟု တောင်းပန်ကြ၏။
ယေရှုက “ဤသို့ မောရှေခွင့်ပြုရခြင်းမှာ သင်တို့သည် အလွန်ခေါင်းမာကြသောကြောင့်ဖြစ်၏။
ထို့နောက် တပည့်တော်ဆယ့်တစ်ပါးတို့သည် အစာသုံးဆောင်နေကြစဉ် ယေရှုသည် သူတို့အား ကိုယ်ထင်ပြတော်မူ၏။ သေခြင်းမှ ရှင်ပြန်ထမြောက်တော်မူပြီးနောက် မိမိအား ကိုယ်တိုင်တွေ့မြင်ကြသော သူတို့၏စကားကို မယုံဘဲ ခေါင်းမာလျက် ငြင်းပယ်ကြသော ထိုတပည့်တော်ဆယ့်တစ်ပါးတို့ကို ယေရှုသည် ပြစ်တင်ဆုံးမတော်မူ၏။