ယေရှုသည် သူတို့အား စူးစိုက်ကြည့်တော်မူ၍ “ဤအမှုကို လူမတတ်နိုင်ပါ။ သို့သော် ဘုရားသခင်သည် အရာအားလုံးကို တတ်နိုင်တော်မူ၏” ဟု မိန့်တော်မူ၏။
မဿဲ 19:27 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုအခါ ပေတရုက “အကျွန်ုပ်တို့သည် အရာအားလုံးကို စွန့်၍ နောက်တော်သို့ လိုက်ကြပါပြီ။ ထိုအတွက်ကြောင့် မည်သည့်အကျိုးကို ရကြပါမည်နည်း” ဟု မေးလျှောက်လေ၏။ Common Language Bible ထိုအခါပေတရုက ``အကျွန်ုပ်တို့သည်အလုံး စုံသောအရာတို့ကိုစွန့်ပစ်၍ကိုယ်တော်၏နောက် တော်သို့လိုက်ခဲ့ကြပါပြီ။ အကျွန်ုပ်တို့အဘယ် အကျိုးကိုခံစားရကြပါမည်နည်း'' ဟုလျှောက်၏။ Garrad Bible ထို ကာ လ ပေ တ ရု က တ ပည့် တော် တို့ သည် အ လုံး စုံ စွန့် ခဲ့ ပြီ လျှင် နောက် တော် က လိုက် ကြ ပါ ပြီ။ သို့ ဖြစ်၍ မည် သည့် ဆု ကို ရ ပါ အံ့ နည်း ဟု မေး လျှောက် သော်၊ Judson Bible ထိုအခါ ပေတရုက၊ အကျွန်ုပ်တို့သည် ရှိသမျှကိုစွန့်ပစ်၍ ကိုယ်တော်နောက်သို့ လိုက်ကြပါပြီ။ အဘယ်အကျိုးကို ရကြပါမည်နည်းဟု လျှောက်လေသော်၊- မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ ပေတရုက “အကျွန်ုပ်တို့သည် ရှိသမျှကိုစွန့်၍ ကိုယ်တော်၏နောက်သို့လိုက်ခဲ့ကြပါပြီ။ သို့ဖြစ်လျှင် အကျွန်ုပ်တို့ မည်သည့်အရာကို ရရှိပါမည်နည်း”ဟု လျှောက်လေ၏။ မြန်မာ ထိုအခါ ပေတရုက၊ အကျွန်ုပ်တို့သည် ရှိသမျှကိုစွန့်ပစ်၍ ကိုယ်တော်နောက်သို့ လိုက်ကြပါပြီ။ အဘယ်အကျိုးကို ရကြပါမည်နည်းဟု လျှောက်လေသော်၊- |
ယေရှုသည် သူတို့အား စူးစိုက်ကြည့်တော်မူ၍ “ဤအမှုကို လူမတတ်နိုင်ပါ။ သို့သော် ဘုရားသခင်သည် အရာအားလုံးကို တတ်နိုင်တော်မူ၏” ဟု မိန့်တော်မူ၏။
ယေရှုက “သင်တို့အား ငါအမှန်ဆို၏။ အရာအားလုံးကို အသစ်ပြုပြင်သောအချိန်တွင် လူသားသည် မိမိ၏ ဘုန်းတော်နှင့်ပြည့်စုံသော ရာဇပလ္လင်ပေါ်တွင် ထိုင်လိမ့်မည်။ ထိုအခါ ငါ့နောက်သို့ လိုက်ကြသောသင်တို့သည် ရာဇပလ္လင်ဆယ့်နှစ်ခုပေါ်တွင် ထိုင်လျက် အစ္စရေးမျိုးနွယ်စု ဆယ့်နှစ်စုကို တရားစီရင်ကြလိမ့်မည်။
ယေရှုသည် ထိုအရပ်မှ ကြွသောအခါ မဿဲအမည်ရှိသောသူတစ်ဦးသည် အကောက်ခွန်ရုံးတွင် ထိုင်နေသည်ကို တွေ့မြင်တော်မူ၍ “ငါ့နောက်သို့ လိုက်၍ ငါ့တပည့်အဖြစ်ခံယူလော့” ဟု မိန့်တော်မူ၏။ သူသည် ထ၍ ယေရှုနောက်တော်သို့ လိုက်လေ၏။
ထိုအခါ ပေတရုက “အကျွန်ုပ်တို့သည် အရာအားလုံးကို စွန့်၍ နောက်တော်သို့ လိုက်ကြပါပြီ” ဟု လျှောက်လေ၏။
လမ်း၌ ကြွတော်မူစဉ် အာလဖဲ၏သား လေဝိသည် အကောက်ခွန်ရုံးတွင် ထိုင်နေသည်ကို တွေ့မြင်တော်မူ၍ “ငါ့နောက်သို့ လိုက်၍ ငါ့တပည့်အဖြစ် ခံယူလော့” ဟု မိန့်တော်မူ၏။ သူသည် ထ၍ ယေရှုနောက်တော်သို့ လိုက်လေ၏။
ထိုနည်းတူ မိမိပိုင်ဆိုင်သော ဥစ္စာပစ္စည်းများကို မစွန့်လွတ်နိုင်သောသူသည် ငါ့တပည့်မဖြစ်နိုင်။
သို့သော် သူသည် ဖခင်အား ‘ကျွန်ုပ်သည် နှစ်ပေါင်းများစွာ အဖေ့အတွက် အလုပ်များ လုပ်ပေးခဲ့ပြီး အဖေ့စကား တစ်ခွန်းကိုမျှ မငြင်းခဲ့ပါ။ သို့သော်လည်း မိတ်ဆွေများနှင့်အတူ ပျော်ပွဲရွှင်ပွဲကျင်းပရန် အဖေသည် ကျွန်ုပ်အား ဆိတ်ငယ်ကလေးတစ်ကောင်ကိုမျှ မပေးခဲ့ဖူးပါ။
ပေတရုက “အကျွန်ုပ်တို့သည် ရှိသမျှအိုးအိမ်ကို စွန့်၍ နောက်တော်သို့ လိုက်ကြပါပြီ” ဟု လျှောက်လေ၏။
ထိုအခါ သူတို့သည် လှေများကို ကမ်းခြေတွင် ဆိုက်ကပ်ပြီးလျှင် ရှိသမျှကို ထားခဲ့၍ ယေရှုနောက်သို့ လိုက်ကြ၏။
မည်သူသည် သင့်ကို အခြားသူထက် ထူးခြားစေသနည်း။ ဘုရားသခင် ပေးတော်မမူလျှင် သင်၌ မည်သည့်အရာရှိမည်နည်း။ သင်၌ ရှိသောအရာမှန်သမျှသည် ဘုရားသခင်ထံတော်မှ ဖြစ်ပါလျက်နှင့် ဘုရားသခင်ထံတော်မှ ရရှိသည့်အရာမဟုတ်သကဲ့သို့ အဘယ်ကြောင့် ကြွားဝါသနည်း။
ထိုမျှမက ကျွန်ုပ်၏ သခင်ယေရှုခရစ်တော်ကို ရင်းနှီးကျွမ်းဝင်ရခြင်း၏ ကြီးမားသည့်တန်ဖိုးနှင့်ယှဉ်လျှင် အရာအားလုံးကို အရှုံးဟူ၍ မှတ်ယူ၏။ ခရစ်တော်အတွက်ကြောင့် အရာအားလုံးကို အရှုံးခံ၍ ၎င်းတို့ကို မစင်ကဲ့သို့ မှတ်ယူ၏။ ဤအရာမှာ ခရစ်တော်ကို ရရှိရန်နှင့်