ဆူးပင်ကြားတွင် ကျသောမျိုးစေ့မှာ တရားစကားကိုကြားသော်လည်း လောကီရေးရာကိုစိုးရိမ်ခြင်းနှင့် စည်းစိမ်၏ဖြားယောင်းခြင်းတို့က ထိုတရားစကားကို လျင်မြန်စွာ ပိတ်ဆို့ထားသဖြင့် အသီးမသီးနိုင်သောသူကို ဆိုလို၏။
မဿဲ 19:23 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုအခါ ယေရှုက တပည့်တော်တို့အား “ငါအမှန်ဆိုရလျှင် ချမ်းသာသောသူသည် ကောင်းကင်နိုင်ငံတော်ထဲသို့ ဝင်ရန် ခဲယဉ်းလှ၏။ Common Language Bible သခင်ယေရှုကလည်း ``အမှန်အကန်ငါဆိုသည်ကား၊ ဥစ္စာကြွယ်ဝသူသည်ဘုရားသခင်၏နိုင်ငံတော်သို့ ဝင်နိုင်ရန်ခဲယဉ်းလှ၏။- Garrad Bible ထို အ ခါ တ ပည့် တော် တို့ အား ယေ ရှု က သူ ဌေး သူ ကြွယ် သည် ကောင်း ကင် နိုင် ငံ တော် သို့ ဝင် ခဲ လေ စွ။ ငါ အ မှန် ဆို၏။ Judson Bible ယေရှုကလည်း၊ ငါအမှန်ဆိုသည်ကား၊ ငွေရတတ်သောသူသည် ကောင်းကင်နိုင်ငံတော်သို့ ဝင်ခဲလှ၏။- မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ ယေရှုက“သင်တို့အား ငါအမှန်ဆိုသည်ကား ချမ်းသာသောသူသည် ကောင်းကင်နိုင်ငံတော်သို့ဝင်ရန် ခဲယဉ်းလှ၏။ မြန်မာ ယေရှုကလည်း၊ ငါအမှန်ဆိုသည်ကား၊ ငွေရတတ်သောသူသည် ကောင်းကင်နိုင်ငံတော်သို့ ဝင်ခဲလှ၏။- |
ဆူးပင်ကြားတွင် ကျသောမျိုးစေ့မှာ တရားစကားကိုကြားသော်လည်း လောကီရေးရာကိုစိုးရိမ်ခြင်းနှင့် စည်းစိမ်၏ဖြားယောင်းခြင်းတို့က ထိုတရားစကားကို လျင်မြန်စွာ ပိတ်ဆို့ထားသဖြင့် အသီးမသီးနိုင်သောသူကို ဆိုလို၏။
“ငါအမှန်ဆိုရလျှင် သင်တို့သည် ပြောင်းလဲ၍ ကလေးငယ်ကဲ့သို့ မဖြစ်လျှင် ကောင်းကင်နိုင်ငံတော်သို့ မည်သည့်အခါမျှ ဝင်ရလိမ့်မည်မဟုတ်။
သို့ရာတွင် ထိုလူငယ်သည် ဥစ္စာပစ္စည်းကြွယ်ဝသူဖြစ်သောကြောင့် ထိုစကားကို ကြားသော် စိတ်မသက်မသာဖြင့် ထွက်သွားလေ၏။
ထိုသားနှစ်ဦးတို့တွင် မည်သူသည် ဖခင်စကားကို နားထောင်သနည်း” ဟု မေးတော်မူ၏။ တပည့်တော်တို့က “သားကြီး ဖြစ်ပါသည်” ဟု ဖြေကြ၏။ ယေရှုက သူတို့အား “ငါအမှန်ဆိုရလျှင် အကျင့်ပျက်သောအခွန်ကောက်သူများနှင့် ပြည့်တန်ဆာများသည် ဘုရားသခင်၏ နိုင်ငံတော်သို့ သင်တို့ထက်အလျင် ဝင်ကြလိမ့်မည်။
သင်တို့၏ ဖြောင့်မတ်ခြင်းသည် ကျမ်းတတ်ဆရာများနှင့် ဖာရိရှဲတို့၏ ဖြောင့်မတ်ခြင်းထက် မသာလျှင် သင်တို့သည် ကောင်းကင်နိုင်ငံတော်ထဲသို့ မည်သည့်အခါမျှ ဝင်ရောက်နိုင်လိမ့်မည်မဟုတ်ဟု ငါသတိပေး၏။
ထိုအခါ ယေရှုသည် တပည့်တော်တို့ရှိရာပတ်ပတ်လည်လည် ကြည့်တော်မူပြီးလျှင် “ချမ်းသာသောသူသည် ဘုရားသခင်၏ နိုင်ငံတော်ထဲသို့ ဝင်ရန် ခဲယဉ်းလှ၏” ဟု မိန့်တော်မူ၏။
ထိုသို့ ဝမ်းနည်းသည်ကို ယေရှုမြင်တော်မူလျှင် “ချမ်းသာသောသူသည် ဘုရားသခင်၏နိုင်ငံတော်ထဲသို့ ဝင်ရန် ခဲယဉ်းလှ၏။
ယေရှုက “သင့်အား ငါအမှန်ဆို၏။ အသစ်တစ်ဖန်မွေးဖွားခြင်း မခံရသောသူသည် ဘုရားသခင်၏ နိုင်ငံတော်ကို မမြင်နိုင်” ဟု မိန့်တော်မူ၏။
ယေရှုက “သင့်အား ငါအမှန်ဆို၏။ ရေဖြင့်လည်းကောင်း၊ ဝိညာဉ်တော်ဖြင့်လည်းကောင်း အသစ်တစ်ဖန်မွေးဖွားခြင်း မခံရသောသူသည် ဘုရားသခင်၏ နိုင်ငံတော်သို့ မဝင်နိုင်။
သူတို့က “ကျွန်ုပ်တို့သည် ဆင်းရဲဒုက္ခများစွာခံရခြင်းအားဖြင့် ဘုရားသခင်၏နိုင်ငံတော်သို့ ဝင်ရောက်ကြရမည်” ဟု ဆိုလျက် ထိုမြို့များရှိ တပည့်တော်တို့၏ စိတ်ကို ကြံ့ခိုင်စေကြ၏။ ယုံကြည်ခြင်းတွင်လည်း ဆက်လက်ရပ်တည်ရန် ခွန်အားပေးကြ၏။
ချစ်သော ညီအစ်ကိုမောင်နှမတို့… သင်တို့ကို ဘုရားသခင်ရွေးချယ်တော်မူစဉ်က ရှိခဲ့သော သင်တို့၏ အခြေအနေကို ပြန်လည်ဆင်ခြင်ကြည့်လော့။ လူတို့အမြင်အရဆိုလျှင် သင်တို့ထဲတွင် ပညာရှင်များစွာ မပါခဲ့ကြ။ ဩဇာကြီးသူများစွာ မပါခဲ့ကြ။ မြင့်မြတ်သူဟူ၍ များစွာ မပါခဲ့ကြ။
သို့သော် သင်တို့သည် ဆင်းရဲသောသူတို့ကို ရှုတ်ချကြ၏။ သင်တို့ကို ဖိနှိပ်ချုပ်ချယ်၍ တရားရုံးသို့ ဆွဲခေါ်သွားသောသူတို့သည် ချမ်းသာသောသူများ မဟုတ်လော။