ထိုအခါ သူတို့ရှေ့တွင် ယေရှု၏ အဆင်းသဏ္ဌာန်တော်ပြောင်းလဲလေ၏။ မျက်နှာတော်သည် နေကဲ့သို့ထွန်းလင်းပြီး အဝတ်တော်တို့သည် အလင်းကဲ့သို့ ဖြူလာ၏။
မဿဲ 17:1 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ခြောက်ရက် ကြာသော် ယေရှုသည် ပေတရု၊ ယာကုပ်နှင့် ယာကုပ်၏ညီ ယောဟန်တို့ကို မြင့်မားသောတောင် တစ်တောင်ပေါ်သို့ သီးခြားခေါ်ဆောင်သွားတော်မူ၏။ Common Language Bible ခြောက်ရက်မျှကြာသော်သခင်ယေရှုသည်ပေတရု၊ ယာကုပ်၊ ယာကုပ်၏ညီယောဟန်တို့ကိုမြင့်သော တောင်ပေါ်သို့ခေါ်ဆောင်သွားတော်မူ၏။ အခြား မည်သူတစ်စုံတစ်ယောက်မျှမပါချေ။- Garrad Bible ထို နောက် ခြောက် ရက် လွန် သော် ယေ ရှု သည် ပေ တ ရု မှ စ၍ ညီ အစ် ကို ဖြစ် သူ ယာ ကုပ်၊ ယော ဟန် တို့ ကို မြင့် စွာ တောင် ပေါ် သို့ အ သီး အ ခြား ခေါ် သွား ပြီး လျှင် သူ တို့ ရှေ့ တွင် အ ဆင်း ပြောင်း လျက်၊ Judson Bible ခြောက်ရက်လွန်သောအခါ ယေရှုသည် ပေတရု၊ ယာကုပ်၊ ယာကုပ်ညီ ယောဟန်တို့ကို ခေါ်၍၊ မြင့်လှစွာသော တောင်ပေါ်တွင် ဆိတ်ကွယ်ရာအရပ်သို့ ဆောင်ကြွတော်မူ၏။- မြန်မာ့စံမီသမ္မာကျမ်း ခြောက်ရက်လွန်သောအခါ ယေရှုသည် ပေတရု၊ ယာကုပ်နှင့် ယာကုပ်၏ညီယောဟန်တို့ကိုခေါ်၍ သူတို့ကို မြင့်မားသောတောင်ပေါ်သို့ သီးသန့်ခေါ်ဆောင်သွားတော်မူ၏။ မြန်မာ ခြောက်ရက်လွန်သောအခါ ယေရှုသည် ပေတရု၊ ယာကုပ်၊ ယာကုပ်ညီ ယောဟန်တို့ကို ခေါ်၍၊ မြင့်လှစွာသော တောင်ပေါ်တွင် ဆိတ်ကွယ်ရာအရပ်သို့ ဆောင်ကြွတော်မူ၏။- |
ထိုအခါ သူတို့ရှေ့တွင် ယေရှု၏ အဆင်းသဏ္ဌာန်တော်ပြောင်းလဲလေ၏။ မျက်နှာတော်သည် နေကဲ့သို့ထွန်းလင်းပြီး အဝတ်တော်တို့သည် အလင်းကဲ့သို့ ဖြူလာ၏။
ပေတရုနှင့် ဇေဗေဒဲ၏ သားနှစ်ယောက်ဖြစ်သော ယာကုပ်နှင့် ယောဟန်တို့ကို ခေါ်သွားတော်မူ၏။ ယေရှုသည် ဝမ်းနည်း၍ စိတ်ပူပန်သဖြင့်
ထို့နောက် ယေရှုသည် သံလွင်တောင်ပေါ်၌ ဗိမာန်တော်ဘက်သို့ မျက်နှာမူလျက် ထိုင်တော်မူစဉ် ပေတရု၊ ယာကုပ်၊ ယောဟန်နှင့် အန္ဒြေတို့သည် အခြားသူများမပါဘဲ ယေရှုထံတော်သို့ ချဉ်းကပ်၍
ကိုယ်တော်သည် ပေတရု၊ ယာကုပ်နှင့် ယာကုပ်၏ညီ ယောဟန်မှအပ မည်သူ့ကိုမျှ လိုက်ပါခွင့်ပေးတော်မမူ။
ဝတ်ပြုဆောင်မှူးအိမ်သို့ ရောက်သောအခါ ယေရှုသည် ပေတရု၊ ယောဟန်၊ ယာကုပ်နှင့် မိန်းကလေး၏မိဘများမှအပ မည်သူ့ကိုမျှအိမ်သို့ ဝင်ခွင့်ပေးတော်မမူ။
ယခု ကျွန်ုပ်သည် တတိယအကြိမ် သင်တို့ထံသို့ လာခဲ့မည်။ ကျမ်းစာ၌ “အမှုကိစ္စမှန်သမျှကို သက်သေနှစ်ဦး၊ သို့မဟုတ် သုံးဦးတို့၏ ထွက်ဆိုချက်အရ အတည်ပြုဆုံးဖြတ်ရမည်” ဟု ဖော်ပြထား၏။
ကျွန်ုပ်တို့၏သခင် ယေရှုခရစ်တော် တန်ခိုးနှင့် ကြွလာမည့်အကြောင်းကို သင်တို့အား ပြောပြရာတွင် လိမ္မာပါးနပ်စွာ ဖန်တီးထားသောဒဏ္ဍာရီပုံပြင် များကို ပြောပြခြင်းမဟုတ်။ ကျွန်ုပ်တို့သည် ထိုအရှင်၏ ကြီးမြတ်သောတန်ခိုးတော်ကို ကိုယ်တိုင်ဖူးမြင်ရသူများဖြစ်ကြ၏။
ကျွန်ုပ်တို့သည် သန့်ရှင်းသောတောင်ပေါ်၌ ကိုယ်တော်နှင့် အတူ ရှိနေစဉ် ကောင်းကင်ဘုံမှ ထွက်လာသော ထိုအသံတော်ကို ကိုယ်တိုင် ကြားခဲ့ရ၏။