ယေရှုက “သင်တို့သည်လည်း သင်တို့၏ ဓလေ့ထုံးတမ်းအတွက် ဘုရားသခင်၏ ပညတ်တော်ကို အဘယ်ကြောင့် ချိုးဖောက်ကြသနည်း။
မဿဲ 15:4 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ဘုရားသခင်က ‘မိဘကို ရိုသေလော့။ မိဘကို ကျိန်ဆဲသောသူသည် အမှန်သေရမည်’ ဟု မိန့်တော်မူ၏။ Common Language Bible ဘုရားသခင်က `သင်၏မိဘကိုရိုသေမြတ်နိုး လော့။ မိဘကိုကျိန်ဆဲသောသူသည်သေဒဏ်ခံစေ' ဟုပညတ်တော်မူခဲ့၏။- Garrad Bible ဘု ရား သ ခင် က မိ ဘ ကို ရို သေ သ မှု ပြု လော့။ မိ ဘ ကို ဆဲ ဆို သူ သည် သေ ဒဏ် ခံ စေ ဟု ပ ညတ် တော် မူ သော် လည်း Judson Bible ဘုရားသခင်၏ ပညတ်တော်ကား၊ မိဘကို ရိုသေစွာပြုလော့။ အကြင်သူသည် မိဘကို နှုတ်ဖြင့်ပြစ်မှား၏၊ ထိုသူသည် အသေသတ်ခြင်းကို ခံစေဟုလာသတည်း။- မြန်မာ့စံမီသမ္မာကျမ်း အကြောင်းမူကား ဘုရားသခင်က ‘မိခင်နှင့်ဖခင်တို့ကိုရိုသေလော့။ မိခင်၊ သို့မဟုတ် ဖခင်ကို ပုတ်ခတ်ပြောဆိုသောသူသည် သေဒဏ်ကျခံစေ’ဟု မိန့်တော်မူခဲ့၏။ မြန်မာ ဘုရားသခင်၏ ပညတ်တော်ကား၊ မိဘကို ရိုသေစွာပြုလော့။ အကြင်သူသည် မိဘကို နှုတ်ဖြင့်ပြစ်မှား၏၊ ထိုသူသည် အသေသတ်ခြင်းကို ခံစေဟုလာသတည်း။- |
ယေရှုက “သင်တို့သည်လည်း သင်တို့၏ ဓလေ့ထုံးတမ်းအတွက် ဘုရားသခင်၏ ပညတ်တော်ကို အဘယ်ကြောင့် ချိုးဖောက်ကြသနည်း။
သို့ရာတွင် သင်တို့ကမူ ‘မိဘအား ထောက်ပံ့ရန် ပစ္စည်းရှိသော်လည်း ထိုပစ္စည်းကို ဘုရားသခင်အား လှူဒါန်းပြီးဖြစ်ပါက သူတို့ကို ထောက်ပံ့ရန် မလိုတော့’ ဟု သွန်သင်ကြ၏။
သင်၏မိဘကို ရိုသေလော့။ ကိုယ်နှင့်သက်ဆိုင်သောသူကို ကိုယ်နှင့်အမျှ ချစ်လော့” ဟု မိန့်တော်မူ၏။
ယေရှုက “အို စာတန်မာရ်နတ်… ငါ့ထံမှ ထွက်သွားလော့။ ကျမ်းစာ၌ ရေးသားထားသည်မှာ ‘သင်၏ဘုရားသခင် ထာဝရဘုရားကိုသာ ကိုးကွယ်ရမည်။ ထိုအရှင်တစ်ပါးတည်းကိုသာ ဝတ်ပြုရမည်’ ဟူ၍ ဖြစ်သည်” ဟု မိန့်တော်မူ၏။
ထိုသို့ ယုံကြည်ခြင်းကို အလေးပေးလျှင် ပညတ်တရားကို ပယ်ဖျက်နိုင်သည်ဟု ဆိုလိုသလော။ မဆိုလိုပါ။ အမှန်တွင်မူ ကျွန်ုပ်တို့၌ ယုံကြည်ခြင်းရှိမှသာလျှင် ပညတ်တရားကို ပြည့်စုံစေနိုင်မည်ဖြစ်၏။
သားသမီးတို့… သခင်ဘုရား၏ အလိုတော်နှင့်အညီ မိဘစကားကို နားထောင်ကြလော့။ မိဘစကားကို နားထောင်ခြင်းသည် ပြုအပ်သောဝတ် ဖြစ်၏။