လူအုပ်ကြီးသည် အနားတော်တွင် စုဝေးလာကြသဖြင့် ယေရှုသည် လှေပေါ်သို့တက်၍ ထိုင်တော်မူ၏။ လူအုပ်ကြီးသည်လည်း ကမ်းခြေတွင် ရပ်နေကြ၏။
မဿဲ 15:29 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ယေရှုသည် ထိုဒေသမှ ထွက်ခွာတော်မူပြီးလျှင် ဂါလိလဲအိုင်နားသို့ ရောက်သော် တောင်ပေါ်သို့တက်၍ ထိုင်တော်မူ၏။ Common Language Bible သခင်ယေရှုသည်ထိုအရပ်မှထွက်ခွာ၍ဂါလိ လဲအိုင်ကမ်းခြေတစ်လျှောက်ကြွတော်မူ၏။ ထို နောက်တောင်ကုန်းတစ်ခုပေါ်သို့တက်၍ထိုင်တော် မူ၏။- Garrad Bible ယေ ရှု သည် ထို အ ရပ် မှ ထွက်၍ ဂါ လိ လဲ အိုင် နား ကို လျှောက် ပြီး လျှင် တောင် ပေါ် သို့ တက် ကြွ ထိုင် နေ တော် မူ စဉ် Judson Bible ယေရှုသည် ထိုအရပ်မှကြွ၍ ဂါလိလဲအိုင်နားသို့ ရောက်တော်မူလျှင် တောင်ပေါ်သို့တက်၍ ထိုင်တော်မူ၏။- မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် ယေရှုသည် ထိုနေရာမှ ထွက်ခွာလျက် ဂါလိလဲပင်လယ်ကမ်းနားသို့ ကြွတော်မူပြီးလျှင် တောင်ပေါ်သို့တက်ကာ ထိုအရပ်၌ထိုင်တော်မူ၏။ မြန်မာ ယေရှုသည် ထိုအရပ်မှကြွ၍ ဂါလိလဲအိုင်နားသို့ ရောက်တော်မူလျှင် တောင်ပေါ်သို့တက်၍ ထိုင်တော်မူ၏။- |
လူအုပ်ကြီးသည် အနားတော်တွင် စုဝေးလာကြသဖြင့် ယေရှုသည် လှေပေါ်သို့တက်၍ ထိုင်တော်မူ၏။ လူအုပ်ကြီးသည်လည်း ကမ်းခြေတွင် ရပ်နေကြ၏။
တစ်နေ့၌ ယေရှုသည် ဂါလိလဲအိုင်နံဘေးတစ်လျှောက် ကြွတော်မူစဉ် အိုင်ထဲတွင် ကွန်ပစ်နေကြသည့် ပေတရုဟု ခေါ်သော ရှိမုန်နှင့် ညီဖြစ်သူအန္ဒြေတို့ကို တွေ့မြင်တော်မူ၏။ ထိုသူတို့သည် တံငါသည်များဖြစ်ကြ၏။
တစ်နေ့၌ ယေရှုသည် လူထုပရိသတ်များကို မြင်တော်မူလျှင် တောင်ပေါ်သို့တက်၍ ထိုင်တော်မူ၏။ တပည့်တော်တို့သည် ကိုယ်တော်ထံသို့ စုဝေးလာကြ၏။
တစ်နေ့၌ ယေရှုသည် ဂါလိလဲအိုင်နံဘေးတစ်လျှောက် ကြွတော်မူစဉ် အိုင်ထဲတွင် ကွန်ပစ်နေကြသော ရှိမုန်နှင့် ညီဖြစ်သူအန္ဒြေတို့ကို တွေ့မြင်တော်မူ၏။ ထိုသူတို့သည် တံငါသည်များဖြစ်ကြ၏။
တစ်နေ့၌ ယေရှုသည် ဂင်နေသရက်အိုင်နားတွင် ရပ်တော်မူစဉ် လူထုပရိသတ်သည် ဘုရားသခင်၏နှုတ်ကပတ်တရားတော်ကို ကြားနာရန် ကိုယ်တော်ထံသို့ တိုးဝှေ့လာကြ၏။
ထို့နောက် ယေရှုသည် ဂါလိလဲအိုင်အနီးတွင် တပည့်တော်တို့ရှေ့၌ ထပ်မံ၍ ကိုယ်ထင်ပြတော်မူ၏။ ကိုယ်ထင်ပြတော်မူပုံမှာ ဤသို့ဖြစ်၏။
ထို့နောက် ယေရှုသည် တိဗေရိအိုင်ဟုလည်း ခေါ်သော ဂါလိလဲအိုင် တစ်ဖက်ကမ်းသို့ ကူးတော်မူ၏။
ထိုစဉ် သခင်ဘုရားက ကျေးဇူးတော်ချီးမွမ်း၍ လူတို့မုန့်ကို စားခဲ့ကြသည့် နေရာအနီးသို့ တိဗေရိမြို့မှလာသော လှေများသည် ဆိုက်ကပ်လာကြ၏။