ယေရှုက ချက်ချင်းပင် လက်တော်ကိုဆန့်၍ ပေတရုအား ဖမ်းဆုပ်လျက် “ယုံကြည်ခြင်းအားနည်းသောသူ… အဘယ်ကြောင့် သံသယစိတ်ဝင်သနည်း” ဟု မိန့်တော်မူ၏။
မဿဲ 15:28 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုအခါ ယေရှုက “အို အမျိုးသမီး… သင်သည် ယုံကြည်ခြင်းအားကြီးလှ၏။ သင့်ဆန္ဒရှိသည့်အတိုင်း ဖြစ်စေ” ဟု မိန့်တော်မူ၏။ ထိုအချိန်တွင်ပင် ထိုအမျိုးသမီး၏ သမီးသည် ကျန်းမာလာလေ၏။ Common Language Bible ထိုအခါသခင်ယေရှုက ``အချင်းအမျိုးသမီး၊ သင်၏ယုံကြည်ခြင်းသည်အားကြီးစွတကား။ သင် ဆန္ဒရှိသည်အတိုင်းဖြစ်စေ'' ဟုမိန့်တော်မူ၏။ ထို အချိန်မှစ၍ထိုအမျိုးသမီး၏သမီးသည် ရောဂါပျောက်လေ၏။ Garrad Bible ထို အ ခါ ယေ ရှု က အ ချင်း မိန်း မ၊ သင်၏ ယုံ ကြည် ခြင်း သည် အား ကြီး စွ တ ကား သင် အ လို ရှိ သည့် အ တိုင်း ဖြစ် စေ ဟု မိန့် တော် မူ သ ဖြင့် ထို အ ချိန် နာ ရီ က စ၍ သ မီး ကျန်း မာ လေ၏။ Judson Bible အို မိန်းမ၊ သင်သည် ယုံကြည်အားကြီးလှပြီ။ သင့်အလိုရှိသည်အတိုင်း သင်၌ဖြစ်စေဟု မိန့်တော်မူ၏။ ထိုအချိန်မှစ၍ ထိုမိန်းမ၏သမီးသည် ကျန်းမာပကတိဖြစ်လေ၏။ မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ ယေရှုက“အို အမျိုးသမီး၊ သင်၏ယုံကြည်ခြင်းသည် ကြီးမားလှပေ၏။ သင်အလိုရှိသည့်အတိုင်း သင်၌ဖြစ်စေ”ဟု မိန့်တော်မူရာ သူ၏သမီးသည် ထိုအချိန်နာရီမှစ၍ ကျန်းမာလာလေ၏။ မြန်မာ အို မိန်းမ၊ သင်သည် ယုံကြည်အားကြီးလှပြီ။ သင့်အလိုရှိသည်အတိုင်း သင်၌ဖြစ်စေဟု မိန့်တော်မူ၏။ ထိုအချိန်မှစ၍ ထိုမိန်းမ၏သမီးသည် ကျန်းမာပကတိဖြစ်လေ၏။ |
ယေရှုက ချက်ချင်းပင် လက်တော်ကိုဆန့်၍ ပေတရုအား ဖမ်းဆုပ်လျက် “ယုံကြည်ခြင်းအားနည်းသောသူ… အဘယ်ကြောင့် သံသယစိတ်ဝင်သနည်း” ဟု မိန့်တော်မူ၏။
အမျိုးသမီးက “မှန်ပါသည် သခင်။ သို့သော်လည်း ခွေးများပင်လျှင် သူတို့သခင်၏စားပွဲမှ ကျသောစားကြွင်းစားကျန်ကို စားခွင့်ရပါသည်” ဟု လျှောက်လေ၏။
ယေရှုသည် ထိုတပ်မှူး၏ စကားကို ကြားသော် အံ့သြတော်မူလျက် နောက်တော်သို့ လိုက်သောသူများဘက်သို့ လှည့်၍ “သင်တို့အား ငါအမှန်ဆို၏။ ထိုကဲ့သို့ ယုံကြည်ခြင်းရှိသောသူတစ်ဦးကိုမျှ အစ္စရေးလူမျိုးထဲ၌ ငါမတွေ့ဖူးသေး။
ထို့နောက် ယေရှုက ထိုရောမတပ်မှူးအား “အိမ်သို့ ပြန်လော့။ သင်၏ယုံကြည်ခြင်းအတိုင်း ဖြစ်ပြီ” ဟု မိန့်တော်၏။ ထိုသို့ မိန့်တော်မူသည့်အချိန်၌ပင် တပ်မှူး၏ အစေခံသည် ပြန်လည်ကျန်းမာလေ၏။
ယေရှုသည် လှည့်၍ ထိုအမျိုးသမီးကို မြင်တော်မူလျှင် “သမီး… မစိုးရိမ်နှင့်။ သင်၏ယုံကြည်ခြင်းသည် သင့်ကို ကျန်းမာစေပြီ” ဟု မိန့်တော်မူ၏။ ထိုအခါ ချက်ချင်းပင် ထိုအမျိုးသမီးသည် ရောဂါပျောက်ကင်းလေ၏။
ယေရှုက “သမီး… သင်၏ ယုံကြည်ခြင်းသည် သင့်ကို ကျန်းမာစေပြီ။ ငြိမ်းချမ်းစွာ သွားလော့။ သင်၏ရောဂါ ပျောက်ကင်းပြီ” ဟု မိန့်တော်မူ၏။
တမန်တော်တို့က သခင်ဘုရားအား “အကျွန်ုပ်တို့၏ယုံကြည်ခြင်းကို တိုးပွားစေတော်မူပါ” ဟု တောင်းလျှောက်ကြ၏။
သို့ရာတွင် ယေရှုက ထိုအမျိုးသမီးအား “သင်၏ယုံကြည်ခြင်းသည် သင့်အားကယ်တင်ပြီ။ ငြိမ်းချမ်းစွာသွားလော့” ဟု မိန့်တော်မူ၏။
ယေရှုသည် ထိုတပ်မှူး၏စကားကို ကြားသော် အံ့သြတော်မူလျက် နောက်တော်သို့လိုက်သောသူများဘက်သို့ လှည့်၍ “သင်တို့အား ငါပြောဆိုသည်မှာ ဤကဲ့သို့သော ယုံကြည်ခြင်းကို အစ္စရေးလူမျိုးထဲ၌ပင် ငါမတွေ့ဖူးသေး” ဟူ၍ မိန့်တော်မူ၏။
ညီအစ်ကိုမောင်နှမတို့… ကျွန်ုပ်တို့သည် ပြုသင့်သည့်အတိုင်း သင်တို့အတွက် ဘုရားသခင်ကို အစဉ်ကျေးဇူးတင်ကြ၏။ အဘယ်ကြောင့်ဆိုသော် သင်တို့၏ယုံကြည်ခြင်းသည် အလွန်တိုးပွားကာ အချင်းချင်းအပေါ် ထားသော ချစ်ခြင်းမေတ္တာသည်လည်း ပွားများလာသောကြောင့် ဖြစ်၏။