မြွေဆိုးအမျိုးတို့… ဆိုးသွမ်းသောသင်တို့သည် ကောင်းမြတ်၍ မှန်ကန်သောစကားကို မည်သို့ ပြောဆိုနိုင်မည်နည်း။ အဘယ်ကြောင့်ဆိုသော် စိတ်နှလုံးထဲ၌ ပြည့်နေသောအရာများကို နှုတ်ဖြင့် ထုတ်ဖော်ပြောဆိုတတ်သောကြောင့်ဖြစ်၏။
မဿဲ 15:18 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သို့သော် ခံတွင်းမှ ထွက်သောစကားသည် စိတ်နှလုံးမှ ထွက်လာသဖြင့် လူကို ညစ်ညမ်းစေ၏။ Common Language Bible ခံတွင်းကထွက်သည့်အရာမူကားစိတ်နှလုံး ထဲမှထွက်လာသောအရာဖြစ်၏။ ထိုအရာမျိုး သည်လူကိုညစ်ညမ်းစေ၏။- Garrad Bible ခံ တွင်း မှ ထွက် သည့် အ ရာ များ မူ ကား စိတ် နှ လုံး က လာ သည် ဖြစ်၍ လူ ကို မ သန့် အောင် ပြု၏။ Judson Bible ခံတွင်းမှထွက်သော အရာမူကား၊ နှလုံးထဲက ထွက်လာ၍ လူကို ညစ်ညူးစေသောအရာ ဖြစ်၏။- မြန်မာ့စံမီသမ္မာကျမ်း ခံတွင်းမှထွက်လာသည့်အရာများမူကား စိတ်နှလုံးထဲမှထွက်လာပြီး လူကိုညစ်ညူးစေ၏။ မြန်မာ ခံတွင်းမှထွက်သော အရာမူကား၊ နှလုံးထဲက ထွက်လာ၍ လူကို ညစ်ညူးစေသောအရာ ဖြစ်၏။- |
မြွေဆိုးအမျိုးတို့… ဆိုးသွမ်းသောသင်တို့သည် ကောင်းမြတ်၍ မှန်ကန်သောစကားကို မည်သို့ ပြောဆိုနိုင်မည်နည်း။ အဘယ်ကြောင့်ဆိုသော် စိတ်နှလုံးထဲ၌ ပြည့်နေသောအရာများကို နှုတ်ဖြင့် ထုတ်ဖော်ပြောဆိုတတ်သောကြောင့်ဖြစ်၏။
ခံတွင်းသို့ ဝင်သောအရာသည် လူကို ညစ်ညမ်းစေသည်မဟုတ်ပါ။ သို့သော် ခံတွင်းမှ ထွက်လာသောအရာသည်သာ လူကို ညစ်ညမ်းစေ၏” ဟု မိန့်တော်မူ၏။
ခံတွင်းသို့ ဝင်သမျှသောအရာသည် ဝမ်းထဲသို့ရောက်၍ ရေအိမ်သို့စွန့်ရသည်ကို နားမလည်သလော။
သခင်က ‘မိုက်မဲသောအစေခံ ငါသည် ခက်ထန်သောသူဖြစ်၍ ကိုယ်ရင်းနှီးမြုပ်နှံမထားသောအရာကို သိမ်းယူတတ်ပြီး ကိုယ်မစိုက်သောအရာကို ရိတ်သိမ်းတတ်သူဖြစ်ကြောင်း သင်သိသည်မှန်လျှင်