ကိုယ်တော်က “ဤအရာအားလုံးကို သင်တို့ နားလည်ကြသလော” ဟု မေးတော်မူရာ တပည့်တော်များက “နားလည်ပါသည်” ဟု လျှောက်ကြ၏။
မဿဲ 15:16 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုအခါ ယေရှုက “သင်တို့သည်လည်း နားမလည်ဘဲ ရှိနေကြသေးသလော။ Common Language Bible ကိုယ်တော်က ``သင်တို့ပင်လျှင်ယခုတိုင်အောင် အသိဉာဏ်ကင်းမဲ့လျက်ရှိနေကြသေးသလော။- Garrad Bible ယေ ရှု က သင် တို့ လည်း ဉာဏ် ကင်း လျက် ရှိ နေ ကြ သေး သ လော။ Judson Bible ယေရှုက၊ သင်တို့သည် ယခုတိုင်အောင် ပညာမဲ့လျက် နေသေးသလော။- မြန်မာ့စံမီသမ္မာကျမ်း ကိုယ်တော်က“သင်တို့သည်လည်း ယခုတိုင်အောင် အသိတရားကင်းမဲ့လျက်နေကြသလော။ မြန်မာ ယေရှုက၊ သင်တို့သည် ယခုတိုင်အောင် ပညာမဲ့လျက် နေသေးသလော။- |
ကိုယ်တော်က “ဤအရာအားလုံးကို သင်တို့ နားလည်ကြသလော” ဟု မေးတော်မူရာ တပည့်တော်များက “နားလည်ပါသည်” ဟု လျှောက်ကြ၏။
ထို့နောက် ယေရှုသည် လူထုပရိသတ်ကို ခေါ်၍ “ငါ့စကားကို သင်တို့နားထောင်၍ နားလည်ရန်ကြိုးစားကြလော့။
ထိုအခါ ပေတရုက “ခံတွင်းသို့ ဝင်သောအရာသည် လူကို ညစ်ညမ်းစေသည်မဟုတ်ပါဟူသည့် ပုံဥပမာစကားကို အကျွန်ုပ်တို့အား ရှင်းပြတော်မူပါ” ဟု လျှောက်လေ၏။
ခံတွင်းသို့ ဝင်သမျှသောအရာသည် ဝမ်းထဲသို့ရောက်၍ ရေအိမ်သို့စွန့်ရသည်ကို နားမလည်သလော။
ငါသည် စားစရာနှင့်ပတ်သက်၍ ပြောဆိုနေသည်မဟုတ်ကြောင်းကို အဘယ်ကြောင့် သင်တို့နားမလည်နိုင်ကြသနည်း။ ထပ်မံ၍ ငါပြောသည်မှာ ဖာရိရှဲနှင့် ဇဒ္ဒုကဲတို့၏ တဆေးကို သတိပြုကြလော့” ဟု မိန့်တော်မူ၏။
သင်တို့သည် ယခုတိုင်အောင် နားမလည်နိုင်ကြသေးသလော။ မုန့်ငါးလုံးကို ဖဲ့၍ လူငါးထောင်အား ငါကျွေးမွေးခဲ့စဉ် အကျိုးအပဲ့ဘယ်နှတောင်း ကောက်သိမ်းခဲ့ရသည်ကို သတိမရကြသလော။
အဘယ်ကြောင့်ဆိုသော် သူတို့သည် မုန့်နှင့်ပတ်သက်၍ ပြသောအံ့ဖွယ်တန်ခိုးကို နားမလည်ကြသောကြောင့် ဖြစ်၏။ ခံယူနိုင်ရန်လည်း သူတို့သည် ခေါင်းမာကြ၏။
ထိုအခါ ကိုယ်တော်က “သင်တို့သည်လည်း နားမလည်ဘဲ ရှိနေကြသေးသလော။ လူ့အတွင်းသို့ ဝင်သမျှသောအစာသည် လူကို မညစ်ညမ်းစေနိုင်ကြောင်းကို သင်တို့မသိကြသလော။
တပည့်တော်တို့သည် ကိုယ်တော်မိန့်တော်မူသောစကားကို နားမလည်သော်လည်း ထိုအဓိပ္ပာယ်ကို မမေးလျှောက်ဝံ့ကြ။
သို့ရာတွင် တပည့်တော်တို့သည် ထိုအကြောင်းအရာတစ်ခုကိုမျှ နားမလည်ကြပေ။ အဘယ်ကြောင့်ဆိုသော် ထိုအကြောင်းအရာများ၏အနက်အဓိပ္ပာယ်ကို သူတို့ထံမှ ဝှက်ထားလျက်ရှိသောကြောင့် နားမလည်နိုင်ကြခြင်းဖြစ်၏။
သို့သော် ထိုစကားတော်၏အနက်အဓိပ္ပာယ်ကို ဖုံးကွယ်ထားတော်မူသည်ဖြစ်၍ တပည့်တော်တို့သည် နားမလည်ကြပေ။ ဤစကားတော်၏ဆိုလိုရင်းကိုလည်း မမေးလျှောက်ဝံ့ကြ။
သင်တို့သည် လေ့လာဆည်းပူးခဲ့သောကာလအရ ဆရာများဖြစ်သင့်သော်လည်း ဘုရားသခင်၏နှုတ်ကပတ်တော်နှင့်ဆိုင်သောအခြေခံအကြောင်းအရာများကို အခြားသူထံမှ ထပ်မံသင်ယူရန် လိုအပ်နေသေး၏။ သင်တို့သည် မာသောအစာကို မစားနိုင်ဘဲ နို့ကိုသာ သောက်နိုင်ကြသေး၏။