ရုတ်တရက် အိုင်ထဲတွင် လေပြင်းမုန်တိုင်းကျလာသဖြင့် လှေသည် လှိုင်းတံပိုးများအောက်တွင် နစ်လုမတတ်ရှိ၏။ သို့သော် ထိုအချိန်တွင် ယေရှုသည် အိပ်စက်နေတော်မူ၏။
မဿဲ 14:24 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုအချိန်တွင် လေသည် ဆန့်ကျင်ဘက်တိုက်သောကြောင့် တပည့်တော်တို့၏ လှေမှာ လှိုင်းပုတ်ခြင်းခံရပြီး ကမ်းနှင့်အလွန်ဝေးကွာသွား၏။ Common Language Bible တပည့်တော်တို့၏လှေသည်ကားကမ်းနှင့်များစွာ ဝေးကွာသွားလေပြီ။ လေဆန်ဖြစ်သဖြင့်ထိုလှေ ကိုလှိုင်းတံပိုးများရိုက်ခတ်လျက်ရှိ၏။ Garrad Bible လှေ သည် လေ မ သင့်၍ လှိုင်း ပြင်း စွာ မိ လျက် ကမ်း နှင့် အ တော် ကွာ စဉ်၊ Judson Bible လှေမူကား အိုင်အလယ်၌ရှိ၍ လေမသင့်သောကြောင့် လှိုင်းတံပိုးလှုပ်ရှားခြင်းကို ပြင်းစွာခံရ၏။- မြန်မာ့စံမီသမ္မာကျမ်း ထိုစဉ် လှေသည် ကမ်းမှအတော်ဝေးကွာနေပြီး လေဆန်ဖြစ်သောကြောင့် လှိုင်းများ၏ရိုက်ခတ်ခြင်းကိုခံနေရ၏။ မြန်မာ လှေမူကား အိုင်အလယ်၌ရှိ၍ လေမသင့်သောကြောင့် လှိုင်းတံပိုးလှုပ်ရှားခြင်းကို ပြင်းစွာခံရ၏။- |
ရုတ်တရက် အိုင်ထဲတွင် လေပြင်းမုန်တိုင်းကျလာသဖြင့် လှေသည် လှိုင်းတံပိုးများအောက်တွင် နစ်လုမတတ်ရှိ၏။ သို့သော် ထိုအချိန်တွင် ယေရှုသည် အိပ်စက်နေတော်မူ၏။
လေသည် ဆန့်ကျင်ဘက်တိုက်သောကြောင့် တပည့်တော်တို့သည် ပင်ပန်းစွာ အားစိုက်လှော်ခတ်ကြရသည်ကို မြင်တော်မူ၏။ နံနက်သုံးနာရီခန့်တွင် ကိုယ်တော်သည် ရေပေါ်တွင် လမ်းလျှောက်တော်မူ၍ တပည့်တော်တို့ ရှိရာသို့ ကြွကာ သူတို့ကို ကျော်ဖြတ်ရန် ပြုတော်မူ၏။
ဗာနဗသည် သူတော်ကောင်းဖြစ်၍ သန့်ရှင်းသောဝိညာဉ်တော်နှင့် ယုံကြည်ခြင်းတို့ဖြင့် ပြည့်ဝသောသူဖြစ်၏။ ထို့ကြောင့် မြောက်မြားစွာသောလူတို့သည် သခင်ဘုရားထံသို့ ပြောင်းလဲလာကြ၏။
ထိုနေရာမှ ကျွန်ုပ်တို့ရွက်လွှင့်ကြသောအခါ လေသည်ဆန့်ကျင်ဘက်တိုက်သောကြောင့် ဆိုက်ပရပ်ကျွန်း၏လေကွယ်ရာကိုခိုလျက် ရွက်လွှင့်ကြ၏။