နာဇရက်ဟု ခေါ်သော မြို့၌ နေထိုင်လေ၏။ သို့ဖြစ်၍ “ကိုယ်တော်ကို နာဇရက်မြို့သားဟု ခေါ်ကြလိမ့်မည်” ဟူသော ပရောဖက်တို့၏ ဟောပြောချက်သည် ဖြစ်လာ၏။
မဿဲ 13:54 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့နောက် မိမိနေရပ်မြို့ဖြစ်သည့် နာဇရက်မြို့သို့ရောက်သော် ဂျူးဝတ်ပြုဆောင်တွင် ဟောပြောတော်မူ၏။ ထို့ကြောင့် မြို့သူမြို့သားတို့က အံ့အားသင့်လျက် “သူသည် ဤပညာနှင့် အံ့ဖွယ်တန်ခိုးတို့ကို အဘယ်ကရသနည်း။ Common Language Bible မိမိနေရင်းမြို့သို့ရောက်ရှိတော်မူ၏။ တရားဇရပ် တွင်ဟောပြောသွန်သင်တော်မူသောအခါ လူတို့သည် လွန်စွာအံ့သြကြသဖြင့် ``ဤသူသည်ဤသို့သော အသိပညာများကိုအဘယ်ကရရှိပါသနည်း။ ဤသို့သောအံ့ဖွယ်နိမိတ်လက္ခဏာများကိုအဘယ် သို့ပြနိုင်ပါသနည်း။- Garrad Bible ဓ မ္မာ ရုံ တွင် ဒေ သ နာ ပေး တော် မူ သော် မြို့ သူ မြို့ သား တို့ အံ့ သြ ကြ လျက် ဤ သူ သည် ဤ မျှ သော ဉာဏ် ပ ညာ နှင့် အ မှု ကြီး များ ကို မည် သို့ ရ သ နည်း။ Judson Bible ထိုနောက်မှ မိမိမြို့သို့ရောက်တော်မူ၍ တရားဇရပ်၌ ဆုံးမဩဝါဒပေးလေ၏။ မြို့သားတို့သည် မိန်းမောတွေဝေခြင်း ရှိကြသဖြင့်၊ ဤသူသည် ဤပညာကိုလည်းကောင်း၊ ဤတန်ခိုးကိုလည်းကောင်း အဘယ်မှာရသနည်း။- မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် ကိုယ်တော်သည် မိမိ၏နေရင်းမြို့သို့ကြွ၍ ဝတ်ပြုစည်းဝေးကျောင်း၌ လူတို့ကိုသွန်သင်တော်မူ၏။ ထိုအခါ လူတို့သည် အံ့အားသင့်လျက် “ဤသူသည် ဤဉာဏ်ပညာနှင့်တန်ခိုးများကို အဘယ်ကရသနည်း။ မြန်မာ ထိုနောက်မှ မိမိမြို့သို့ရောက်တော်မူ၍ တရားဇရပ်၌ ဆုံးမဩဝါဒပေးလေ၏။ မြို့သားတို့သည် မိန်းမောတွေဝေခြင်း ရှိကြသဖြင့်၊ ဤသူသည် ဤပညာကိုလည်းကောင်း၊ ဤတန်ခိုးကိုလည်းကောင်း အဘယ်မှာရသနည်း။- |
နာဇရက်ဟု ခေါ်သော မြို့၌ နေထိုင်လေ၏။ သို့ဖြစ်၍ “ကိုယ်တော်ကို နာဇရက်မြို့သားဟု ခေါ်ကြလိမ့်မည်” ဟူသော ပရောဖက်တို့၏ ဟောပြောချက်သည် ဖြစ်လာ၏။
ကိုယ်တော်သည် ဂါလိလဲပြည်တစ်ခွင်လုံးသို့ လှည့်လည်၍ ဂျူးဝတ်ပြုဆောင်များတွင် သွန်သင်လျက် ကောင်းကင်နိုင်ငံတော်နှင့်ဆိုင်သော သတင်းကောင်းကို ဟောပြောတော်မူ၏။ ထို့ပြင် လူတို့၏ အနာရောဂါအမျိုးမျိုးနှင့် ဖျားနာခြင်းအမျိုးမျိုးတို့ကိုလည်း ပျောက်ကင်းစေတော်မူ၏။
ထိုတရားစကားများကို ဟောပြောသွန်သင်တော်မူပြီးသောအခါ ပရိသတ်တို့သည် ယေရှု၏သွန်သင်ချက်များအပေါ် အံ့သြကြ၏။
ယေရှု၏စကားကို ကြားသောသူအပေါင်းတို့သည် သူ၏ဉာဏ်ပညာနှင့် ဖြေကြားချက်များကို အံ့သြကြ၏။
ထိုအရှင်သည် မိမိလူမျိုးများထံသို့ ကြွလာသော်လည်း မိမိလူမျိုးများက ထိုအရှင်ကို လက်မခံကြပေ။
ထိုအခါ ပေါလုနှင့် ဗာနဗတို့သည် ရဲရင့်စွာ ဟောပြောကြသည်မှာ “ဘုရားသခင်၏နှုတ်ကပတ်တရားတော်ကို သင်တို့ထံဦးစွာ ဟောပြောရ၏။ သို့သော် ထိုအရာကိုသင်တို့သည် ငြင်းပယ်၍ ထာဝရအသက်သည် သင်တို့နှင့်မထိုက်တန်ကြောင်း မှတ်ယူဆုံးဖြတ်သောကြောင့် ယခုကျွန်ုပ်တို့သည် လူမျိုးခြားများဆီသို့ ဦးတည်ကြ၏။
ပေတရုနှင့် ယောဟန်တို့မှာ ပညာတတ်မဟုတ်၊ သာမန်လူသာဖြစ်လျက်နှင့် ထိုသို့ရဲစွမ်းသတ္တိရှိကြသည်ကို မြင်သောအခါ ထိုသူတို့သည် အံ့သြကြ၏။ ထို့ပြင် ယေရှု၏အပေါင်းအဖော်များဖြစ်ကြောင်းကိုလည်း မှတ်မိကြ၏။